Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Freeman
7.9
Hot Fuzz (2007)
သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie
Hot Fuzz (2007)
2007
4K HEVC
Getaway (2013)
Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ.ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်.အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ ...
movie
Getaway (2013)
5.6
George and the Dragon (2004)
ဒါရိုက်တာ Tom Reeve ကိုယ်တိုင်ရေးသားရိုက်ကူးထားပြီးမင်းသား James Purefoy နဲ့မင်းသမီး Piper Perabo ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသစွန့်စားခန်းဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************ပထမခရူးဆိတ်စစ်ပွဲပြီးဆုံးချိန်မှာ ပင်ပန်းနွမ်းနယ်နေတဲ့သူရဲကောင်းတွေ၊ စစ်သားတွေနဲ့ ဘုန်းတော်ကြီးတွေဟာဥရောပတစ်လွှားက မိမိတို့နေရပ်ကို အသီးသီးပြန်လာကြပါတယ်။ရုပ်ရည်ချောမောတဲ့အင်္ဂလိပ်သူရဲကောင်းဂျော့ဂျ်ဟာပါလက်စတိုင်းမှာတွေ့ကြုံခဲ့ရတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေကြောင့် အေးချမ်းတဲ့ဘဝမှာပဲနေထိုင်သွားဖို့ဆုံးဖြတ်ပြီးအင်္ဂလန်ကိုပြန်လာခဲ့ပါတယ်။ ဂျော့ဂျ်ဟာ အခြေချနေထိုင်ဖို့မြေကွက်ရှာဖွေရင်း စိတ်ပူပန်သောကရောက်နေရရှာတဲ့ဘုရင်အက်ဒ်ဂါနဲ့တွေ့ပြီး ပျောက်ဆုံးနေတဲ့မင်းသမီးလေးလူနာကိုရှာဖွေပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီးလေးကိုဖမ်းဆီးသွားတာဟာ နဂါးတစ်ကောင်ဖြစ်နေပြီး နဂါးမကြီးဟာသေဆုံးသွားတဲ့အတွက် မင်းသမီးလေးလူနာက အကောင်ပေါက်တော့မယ့်နဂါးဥလေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတဲ့အခါမှာတော့ ဂျော့ဂျ်ရဲ့စွန့်စားခန်းတွေက တစ်ဖန်ပြန်လည်စတင်လာပါတော့တယ်။ File size…1.93GB / 1.09B Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 33m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
George and the Dragon (2004)
8.4
Indiana Jones and Raiders of the Lost Ark (1981)
Indiana Jones and Raiders of the Lost Ark (1981)IMDb Rating (8.4) / Rotten Tomatoes (93%)++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ ...
movie
Indiana Jones and Raiders of the Lost Ark (1981)
1981
4K HEVC
5.1
The Man from Rome (2022)
The Man from Rome(2022)IMDb - 5.1/10ဥရောပအနောက်တောင်ဘက်ခြမ်း စပိန်နိုင်ငံ ဆဗီးလ်မြို့လေးက ဘုရားကျောင်းတစ်ခုမှာ ထူးထူးဆန်းဆန်း လူသေမှုတွေဟာ နှစ်ခုတောင် ဆက်နေခဲ့ပါပြီ။ ရဲဘက်ဆိုင်ရာတွေက စုံစမ်းပေမဲ့လည်း ဘယ်သူ့ပယောဂမှ မပါတဲ့ သမားရိုးကျလူသေမှုလို့သာ မှတ်ယူလိုက်ရတယ်။ ဒါပေမဲ့ လူသတ်တဲ့ဘုရားကျောင်းကြီး ဆိုပြီး ကောလဟာလတွေကတော့ ထွက်စပြုလာပါပြီ။အဲဒီဘုရားကျောင်းကတော့ Our lady of tearsလို့လည်း သိကြတဲ့ မယ်တော်မာရီတစ်ဖြစ်လဲ အပျိုစင်မာကာရေနာ ရုပ်တုရှိရာ ဘုရားကျောင်းလေးပါ။ တိုက်ဆိုင်ချင်တော့ အဲဒီဘုရားကျောင်းမြေကို ဝယ်ယူပြီး စီမံကိန်းချကာ အဆောက်အဦးတွေ ဆောက်ဖို့ ကြံစည်နေတဲ့ ကုမ္ပဏီတစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းကို ပိုင်ဆိုင်သူ ဘရူနာမိသားစုကတော့ မိသားစုအမွေအနှစ်မို့ မရောင်းချင်ပါဘူး။ အဲဒီကြားထဲမှာပဲ လူသေမှုနှစ်ခုက ဖြစ်သွားတော့ ဘုရားကျောင်းအိုကြီးကို ဖြိုချဖို့ ရာခိုင်နှုန်းက ပိုများလာပါတယ်။တစ်ဖက်မှာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကွန်ပျူတာ hackခံလိုက်ရပြီး လက်သည် hackerက မာကာရေနာဘုရားကျောင်းကို ဖြိုချခံရမဲ့အရေးကနေ ကယ်တင်ဖို့တောင်းပန်လွှာတစ်စောင်ကို ချန်ရစ်ခဲ့တော့ သက်ဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေအနေနဲ့ ထောက်လှမ်းရေးပိုင်းက ဖာသာတစ်ယောက်ကို စုံစမ်းဖို့အတွက် လွှတ်လိုက်ရပါတယ်။အဲဒီလိုစုံစမ်းရာကနေ ...
movie
The Man from Rome (2022)
2022
6.4
Centurion(2010)
Centurion(2010)((Zawgyi))အက်ရှင်အလန်းစားများနဲ့ နင်းကန်သတ်ဖြတ်နေတဲ့ ဇာတ်လမ်းကောင်းကားမို့ 1080P5.1CHတို့နှင့်တင်ဆက်ပေးထားပါသည်....ဇာတ်ကားဆို သတ်မှ ဖြတ်မှ ကြမ်းတမ်းနေမှ ဆိုတဲ့လူတွေအတွက် အလွန်ကြမ်းသော ဇာတ်ကြမ်းကားကြမ်းကြမ်းကြီးကို ခပ်ကြမ်းကြမ်း တင်ပေးလိုက်ပါပြီစစ်ပွဲသမိုင်းတွေမှာ နာမည်ကြီးပေ့ဆိုတဲ့ ရောမစစ်သားတွေနဲ့ တိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ လူမျိုးစုတစ်စုအကြား ပဋိပက္ခစစ်ပွဲတွေအကြောင်း ရိုက်ကူးထားတာပါဇာတ်လမ်းကတော့ ရောမစစ်သမိုင်းမှာ နာမည်ကြီးကြမ်းတမ်းတဲ့ Ninth Legion ဆိုတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်...အားရင် လူသတ်မယ်...အရက်သောက်ရင်း ပျင်းလာရင် လူရိုက်မယ်ဆိုတဲ့ အကြမ်းစားတပ်ဖွဲ့ကြီးတစ်ဖွဲ့ပေါ့...ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း စစ်တပ်ကိုမုန်းတဲ့ ပြည်သူတွေဆိုတာ ရှိတာကိုး...အဲ့ဒီထဲကမှ Picts လူမျိုးစုတစ်စုဟာ စစ်တပ်ကို သေလောက်အောင် မုန်းတီးနေသူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်တာကြောင့် ရောမအကြီးအကဲတွေတောင် အကျပ်ရိုက် ကြောက်လန့်လာရပါတယ်...အဲ့ဒီအချိန်မှာ ကြမ်းပေ့ဆိုတဲ့ Ninth Legion တပ်ဖွဲ့ကြီးကို ဖိတ်ခေါ်ပြီး အဆိုပါလူမျိုးစုတွေကို သွားရောက်နှိမ်နင်းခိုင်းတဲ့အခါမှာတော့ ရောမစစ်တပ်နဲ့ Picts လူမျိုးစုတွေ တွေ့ကြပါတော့တယ်...ဒီဇာတ်လမ်းရဲ့ 90% လောက်က သတ်နေဖြတ်နေတာပါ...တိုက်ပွဲထဲမှာ ခေါင်းမှီရင် ခေါင်းကိုခုတ် လက်မှီရင် လက်ကိုခုတ် ...
movie
Centurion(2010)
2010
6.4
High Strung (2016)
High Strung (2016) IMDb - 6.4/10_____Rotten - 75% High Strung ဇာတ်ကားသည် IMDb(6.4) ရရှိထားပြီး ပရိတ်သတ်များ မထင်မှတ်ထားလောက်သော အမြင်မှ ရိုက်ကူးပြထားသည်။ ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပုံများ ၊ ဘဲလေး အကတင်သာမက ခေတ်ပေါ်အကများပါ ကျွမ်းကျင်အောင်လေ့ကျင့်ရသော အနောက်နိုင်ငံများမှ ဘဲလေး အကပညာရှင်များ လေ့ကျင့်ပုံများကို အသေးစိတ်ရိုက်ကူးပြထားသည်။ Street Dance သမားများ၏ ဘဝ အခက်အခဲများ ကြိုးစားကြပုံများ ၊ Street Dance ဟုခေါ်ဆိုရလောက်အောင် အကပြိုင်ပွဲများ လေ့ကျင့်ပုံများကို ရိုက်ကွက်လှလှများနှင့် အသေအချာ အကျအန ရိုက်ပြသွားသည်။ တယောပညာကို ပြန်လည်ဖော်ဆောင်ထားသည်။တယော ပညာရှင်နှစ်ဦး၏ ပြိုင်ပွဲကိုလည်း သံစဉ်များနှင့် ယှဉ်ပြိုင်ကာ ရိုက်ကူးပြထားသည်။ တယောသံနှင့် ခေတ်ပေါ်ဂီတပေါင်းစပ်လို့ရကြောင်းကိုလည်း idea အသစ်တစ်မျိုးနှင့်ဖော်ပြထားသည်။ ထိုသို့မထင်ထားသောအရာများကို ပေါင်းစပ်ပြီး ရိုက်ကူးပြထားသော High Strung ဇာတ်ကားသည် အရင်က Street Dance ဇာတ်ကားများနှင့်မတူပဲ ...
movie
High Strung (2016)
2016
4.8
Double Team (1997)
Double Team (1997)_____IMDb - 4.8/10 ဒီနေ့အတွက် ကျွန်တော်(စိုးထွေး)ရဲ့(၁၆)ကားမြောက်ဇာတ်ကားလေးကိုပရိတ်သတ်တွေဆီမိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားအညွန်းကိုမပြောခင် ကျွန်တော် ပရိတ်သတ်တွေအကြောင်းကိုအရင်ပြောချင်ပါတယ် ။ ကျွန်တော်တို့တင်တဲ့ဇာတ်ကားတွေရဲ့အောက်မှာရေးတဲ့ ပရိတ်သတ်တွေရဲ့Commentတွေကို ကျွန်တော်တို့အမြဲတန်း လေးလေးစားစားဖတ်ပါတယ်။ ပရိတ်သတ်တွေတောင်းဆိုသမျှဇာတ်ကားတွေကိုလည်း အတတ်နိင်ဆုံးလုပ်ပေးနိင်အောင် ကျွန်တော်တို့ညီအစ်ကိုမောင်နမတွေအမြဲတစေကြိုးစားနေကြပါတယ်။ အခုတော့မင်းသားကြီးဗန်ဒိန်းဇာတ်ကားကို တောင်းဆိုသူတွေလည်းအများကြီးတွေ့ခဲ့လို့ ကျွန်တော်ဘာသာပြန်ဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားလေးကတော့ကြာပါပြီတော်တော်လေးကိုကြာနေပါပြီ။ ဇာတ်လမ်းအစမှာဦးနှောက် အရမ်းကောင်းမွန်တဲ့ထိပ်သီးလူဆိုးခေါင်းဆောင်စတားဘရို့ကို ဖမ်းဆီးဖို့တာဝန်ယူရသည့် အေဂျင့်ဂျက်ကွင်း . . . သူ့ရဲ့မတော်တဆမှုတခုကြောင့်စတားဘရို့ရဲ့ရင်သွေးငယ်သေဆုံးသွားပြီးနောက် ဂျက်ကွင်း ကိုအညို းထားပုံ၊ ဂျက်ကွင်းရဲ့ကိုယ်ဝန်သည်ဇနီးကို ပြန်ပေးဆွဲထားပြီးဂျက်ကွင်းကိုလက်စားချေဖို့ကြို းပန်းပုံ၊ စတားဘရို့ရဲ့လက်ထဲကသားနဲ့ဇနီးကိုဂျက်ကွင်း ဘယ်လိုကယ်တင်မလဲစသဖြင့်မင်းသားကြီးဗန်ဒိန်းရဲ့ အက်ရှင်အလန်းများနဲ့စတားဘရို့ရဲ့သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်ကားကောင်းတစ်ကားအဖြစ်ညွန်းဆိုလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။) File Size : 850 MB Quality ...
movie
Double Team (1997)
1997