Channel Myanmar

Paul Farrell

Shake Hands with the Devil (2007) 7.0
Shake Hands with the Devil (2007)  ကနေဒီယန်ဗိုလ်ချုပ်ဖြစ်တဲ့ ရိုမီယိုဒလဲရ်ဟာ အာဖရိကန်နိုင်ငံ ရဝမ်ဒါပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ ပြည်တွင်းစစ်ကို ကုလသမ္မဂအဖွဲ့ရဲ့စေလွှတ်မှုအရ ဘက်မလိုက်ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးအတွက် ရောက်ရှိသွားခဲ့ပါတယ်......ရဝမ်ဒါမှာ ဖြစ်ပွားလာတော့မဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးရင်း အပြစ်မဲ့တဲ့ပြည်သူတွေကို ကိုယ်စွမ်းရှိသမျှ ဖြောင့်မတ်မှန်ကန်စွာ အဆုံးထိ ကာကွယ်ခုခံပေးတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် သေချာပေါက် ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Action, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Shake Hands with the Devil (2007)

A Clockwork Orange (1971) 8.3
A Clockwork Orange (1971)  [Unicode]A Clockwork Orange =============== IMdb Rating - 8.3/10 Directed by Stanley Kubrick"ရူးနေတ‌ဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူးတဲ့။ ဒါဆိုခင်ဗျားက ခင်ဗျားကိုခင်ဗျားရူးနေတယ်လို့ တွေးကြည့်လိုက်။ ခင်ဗျားရူးတာ ခင်ဗျားသိတယ်ထားလိုက်။ ဒီတော့ ခင်ဗျားရူးတာ ခင်ဗျားသိတော့ ခင်ဗျားမရူးတော့ဘူး။ ဒီမှာ ခင်ဗျားမရူးဘူးလို့ ခင်ဗျားအတည်ပြုလို့ရပြီမလား။ ခင်ဗျားမရူးဘူး။ ခင်ဗျား ဒါကိုလက်ခံသွားပြီ။ ဒါပေမဲ့ မမေ့နဲ့ဦး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ် ရူးတယ်ဆိုတာမသိဘူး။ ခင်ဗျားမရူးဘူးလို့ အတည်ပြုလို့ရတာ ခင်ဗျားရူးနေလို့ပဲ။ ဒီတော့ခင်ဗျားရူးနေတာ သိသွားပြီမလား။ ‌သိသွားရင် ခင်ဗျားမရူးတော့ဘူး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူး။"ကျွန်တော် ဒီမှာမေးချင်တဲ့ မေးခွန်းက ခင်ဗျားရူးနေလား မရူးနေဘူးလား။ ခင်ဗျားအဖြေကို ကျွန‌်တော်လိုချင်တာမဟုတ်ပါဘူး။ ခင်‌ဗျားကိုယ် ခင်ဗျားပြန်မေးစေချင်တာ။ အပေါ်ကပြောထားတဲ့ မေးခွန်းက Paradoxလိုပါပဲ။ ခင်ဗျားကို ဒီသံသရာထဲပဲ တဝဲလည်လည်ဖြစ်စေလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဒီလိုမေးခွန်းမျိုးပါတယ်။ အကျဉ်းဖျဉ်းပြောရရင် အနာဂတ်ကာလမှာ လူတွေကို ထောင်မချတော့ဘဲ ‌မကောင်းမှုလုပ်မရအောင် ဆေးကုလွှတ်ဖို့ စပြီးစီစဉ်လာကြတယ်။ သူတို့ယူဆတာ မကောင်းမှုလုပ်တဲ့လူတွေဟာ ရူးသွပ်နေတဲ့လူတွေပေါ့။ သူတို့ကိုမကောင်းမှုမလုပ်အောင်လုပ်နိုင်ရင် ကုသပျောက်ကင်းပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဒါကဟုတ်ရောဟုတ်လား။ အဲလက်စ်ဆိုတဲ့ လူမဆန်တဲ့လူသတ်မှုနဲ့ ထောင်ဆယ့်လေးနှစ်ကျတဲ့ကောင်လေးကို သူတို့ဒီကုထုံးကို ပထမဆုံးစမ်းသုံးခဲ့ကြတယ်။နက်မှောင်ရှည်လျားလှတဲ့သံသရာခရီးမှာ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကိုယ့်ကျောပေါ်ခွနင်း လိုက်ပါလာမယ့်အရာနှစ်ခုရှိတယ်။ လူသားမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်သာ ကူးပြောင်းသွားကြပေမယ့် ဒီအရာနှစ်ခုက မပြောင်းလဲပါဘူး။ ကမ္ဘာဦးရဲ့ပထမနေ့မှာ ...
movie

A Clockwork Orange (1971)