Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Castro Jr.
5.7
An American Pickle (2020)
An American Pickle Genre - Comedy,Fantasy IMDb - 5.7/10Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့ စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။ အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေသေးမှန်းသိသွားပြီး Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့ လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။File size… 2.2 GB / 781 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jonny Miller
movie
An American Pickle (2020)
5.3
What We Found (2020)
What We Found (2020) =================သင်သာ ကျောင်းသားကား Teen Drama မျိုးကို ကြိုက်နှစ်သက်သူ ဖြစ်တယ်ဆိုရင် ဒီကားဟာ သင့်အတွက်ပါပဲ။ Mystery, Thriller အမျိုးအစားလည်းဖြစ်တာမို့ ပျင်းရိစရာမကောင်းပါဘူး။မားကပ်စ်ဟာ ဘယ်တီမိုး အထက်တန်းကျောင်းမှာ ပထမနှစ်တက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။သူ့မှာ အလယ်တန်းကျောင်းကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ဟော်လီနဲ့ ဂရန့်တ်တို့ ရှိပါတယ်။ ဂရန့်တ်ကတော့ အထက်တန်းမှာ တစ်ခြားကျောင်းကို ပြောင်း သွားခဲ့ပြီး ဘယ်တီမိုးမှာတော့ မားကပ်စ်နဲ့ ဟော်လီတို့သာ ကျန်ခဲ့ပါတယ်။ မားကပ်စ်ဟာ အလယ်တန်းမှာကတည်းက အနိုင်ကျင့်ခံခဲ့ရသလိုမျိုး အထက် တန်းကျောင်းမှာလည်း မဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲလိုမျိုး ဖြစ်မလာခဲ့ပါဘူး။အထက်တန်းမှာ တက်နေရင်း သူ့ကို ငယ်ငယ်က ကလေးထိန်းလုပ်ခဲ့တဲ့ ကက်စီ ဆိုတဲ့ ကောင်မလေးနဲ့ ပြန်တွေ့ခဲ့ပါတယ်။ ကက်စီဟာ မားကပ်စ် အနိုင်ကျင့် ခံနေရတုန်းမှာ ဝင်ပြီး ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ကျောင်းက အပြန် ကက်စီတစ်ယောက် ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ ရဲတွေလည်း လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ ဘယ်တီမိုးမြို့မှာလည်း အရင်က ဒါနယ်လ်ဆိုတဲ့ ဆယ်ကျော်သက် တစ်ယောက်ဟာလည်း ...
movie
What We Found (2020)
2020
5.7
The Garden Left Behind 2019
ဒီကားလေးဟာ LGBT အသိုင်းအဝိုင်းအတွက် သိပ်ကို အဓိပ္ပါယ်ရှိမယ့် ဇာတ်ကားလေးပါ။ အခုခေတ်မှာကိုပဲ LGBT ဖြစ်နေတဲ့အတွက်ကြောင့် အနှိမ်ခံရတာတွေ၊ ရှုံးချခံရတာတွေ ရှိနေပါသေးတယ်။ မိမိရဲ့ဖြစ်တည်မှုကို လွတ်လပ်စွာ ချပြခွင့်မရှိတာတွေ အခွင့်ရေးအပေးမခံရတာတွေဟာ LGBT လောကအတွက်တော့ ဆိုးရွားတဲ့ အဖြစ်အပျက်ကြီးတစ်ခုပါ။ ဒီဇာတ်လမ်းလေးက အမေရိကန် နယူးယောက်မြို့က လိင်ပြုပြင်ထားသူတွေရဲ့ ဘ၀အခြေအနေတွေ သူတို့ကြုံရတဲ့အခက်အခဲတွေကို ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် 2019 မှာ SXSW Audience Award ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး IMDb 6 ရရှိထားပါတယ် File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 28min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung Encoded by ...
movie
The Garden Left Behind 2019