Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Butler
Reign Over Me (2007)
အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ...
movie
Reign Over Me (2007)
A Single Man (2009)
A Single Man (2009) က Drama/ Romance အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ Kingsman ထဲကမင်းသားကြီး Colin Firth ကို အရှုံးနဲ့ အထီးကျန်မှုကြားမှာ ရုန်းကန်နေရတဲ့ ကောလိပ်ပါမောက္ခ ဂျော့ဂ်ျအဖြစ်နဲ့ ပြောင်မြောက်စွာ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ ဂျော့ဂ်ျက ၁၆ နှစ်ကြာတွဲခဲ့တဲ့ လက်တွဲဖော် ကားမတော်တဆမှုကြောင့် သေဆုံးပြီးနောက်မှာ သူ့ကိုယ်သူ သတ်သေချင်နေတယ်။ သူရဲ့နောက်ဆုံးနေ့မှာ သူက ကျောင်းသား၊ လုပ်ဖော်ကိုင်ဖက်နှင့် သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း ချာလေ နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး နောက်မှာ သူ့စိတ်ထဲမှာ ဘာလုပ်ရမလဲ ဘာကြောင့်လဲဆိုတာ ရှင်းလင်းသွားတဲ့ ဇာတ်လမ်းမျိုးပေါ့။ Good Will Hunting လို တွေးစရာဆွေးစရာကားလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ရွေးစရာပါပဲ။ File size…(1.8 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
A Single Man (2009)
7.3
Before the Devil Knows You’re Dead (2007)
Imdb rating - 7.3/10ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်အင်ဒီရုပ်ရှင်ဖြစ်ပြီး Crime/Drama နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်ကားနာမည်က အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး ဒီရုပ်ရှင်ကို၂၀၀၇ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။အော်စကာဆုရှင်မင်းသားကြီး Philip Seymour Hoffmann နဲ့ Ethan Hawke တို့က အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Hank နဲ့ Andy Hanson ညီအစ်ကိုနှစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းမိတ်ဆက်ကတော့ ဟန်ခ့်ဟန်ဆန် (Ethan Hawke) က ဇနီးဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေးမပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီးဖြစ်သူအတွက် ကလေးစရိတ်ကိုတောင်ပေးဖို့ရုန်းကန်နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်ဒီက အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေးဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့် ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီက သူ့ညီဟန်ခ့်ကို ဓားပြတိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြတိုက်မှာက တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့ သူတို့စီစဥ်ထားသလိုမဖြစ်ဘဲ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်ဆက်တွဲဖြစ်ရပ်တွေ တသီတတန်းကြီးကို ...
movie
Before the Devil Knows You’re Dead (2007)
7.9
The Insider(1999)
The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie
The Insider(1999)
1999