Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Brightwell
6.3
The Voices (2014)
The Voice (2014) Horrer/Thriller Imdb 6.3/10ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo
movie
The Voices (2014)
7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version
Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie
Kingdom of Heaven (2005) Director’s Cut Roadshow Version
2005
4K HEVC
7.3
Sleepy Hollow (1999)
IMDb Rating (7.3) / Rotten Tomatoes (70%)Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ...
movie
Sleepy Hollow (1999)
4K HEVCHDR
6.7
Sliding Doors (1998)
ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်,ငါဒီလမ်းကြောင်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင်ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိစိတ်ကူးယဉ်မိကြသေးတာပဲ။ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ဟယ်လန်ဆိုတဲ့ ကောင်မလေး အလုပ်ပြုတ်ပြီးအိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်။ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီးရည်းစားကဖောက်ပြန်နေတာမိလိုက်ရင်ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီး ရည်းစားရဲ့မပိရိတဲ့အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ဒီအခြေအနေနှစ်ခုက ဟယ်လန့်အတွက်အဆုံးသတ်မှာဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး File size… 3.25GB / 1.12GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Romance , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie
Sliding Doors (1998)
1998
7.8
Titanic (1997)
Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations. ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie
Titanic (1997)
1997
4K HEVC
7.5
Last Night in Soho (2021)
ဒီရုပ်ရှင်ကတော့ rating အတော်မြင့်တဲ့ Horror ရုပ်ရှင်ပါပဲ။ ၁၉၆၀ အငွေ့အသက်တွေ အပြည့်ပါတယ်။ ရိုက်ချက်အလှအပတွေ အပြည့်ပါတယ်။ ခေါင်းဆောင်မင်းသမီး နှစ်ယောက်ကလည်း Anya Taylor-Joy နဲ့ Thomasin McKenzie ဆိုတဲ့ စတားလေး နှစ်ယောက်ဖြစ်နေတယ်။ အတော်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အယ်လီဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် နယ်မြို့လေးတစ်ခုကနေ လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။ သ လန်ဒန်မြို့ပေါ်က မြို့ကြီးသူတွေနဲ့ အံမဝင်တဲ့အခါ ကိုယ်ပိုင်အခန်းလေးတစ်ခု ငှားနေလိုက်မိတယ်။ သူက ၁၉၆၀ သီချင်းတွေ ဖက်ရှင်တွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အဲဒီအခန်းလေးမှာနေရင်းနဲ့ ၁၉၆၀ တုန်းက အဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို ဆက်တိုက် မျက်စိထဲမှာမြင်လာတယ်။ သူ့ဘဝကို ကိုယ်တိုင်ခံစားနေရသလိုကို တွေ့လာတယ်။ အဲဒီလိုနဲ့ သူ ဆက်တိုက်မြင်ယောင်နေတဲ့ ကောင်မလေးအတွက် တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြောက်စရာ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ... File Size : (1.7 GB) & (900 Mb) Quality : Webrip HEVE, 1080p & 720p 5.1 CH Running Time ...
movie
Last Night in Soho (2021)