Channel Myanmar

Paul Bradley

Pretty Woman (1990) 7.1
Pretty Woman (1990)  Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်းပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး ...
movie

Pretty Woman (1990)

1990
4K HEVC
Gilda (1946) 7.6
Gilda (1946) Gilda (1946)~ IMDb - 7.6/10, Rotten Tomatoes - 90% ~အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ...
movie

Gilda (1946)

1946
The Pianist (2002) 8.5
The Pianist (2002) The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie

The Pianist (2002)

2002
1080p HEVC
Days of the Bagnold Summer (2019) 6.5
Days of the Bagnold Summer (2019) Days of the Bagnold Summer (2019)==========================IMDb Rating - 6.5/10အခုအချိန် ကျွန်တော်တို့ လူငယ်တွေနဲ့ အိမ်က လူကြီးတွေကြားမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို  ပြပေးနေတဲ့ ဇာတ်ကားတစ်ကားကို မီးမောင်းထိုးပြပါ ဆို ဒီကားကို ညွှန်ရမှာပါပဲ။Broken family က ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက် နွေရာသီမှာ အဖေရှိရာ လိုက်သွားဖို့ စီစဉ်ထားပေမယ့် အစီအစဉ်တွေပျက်သွားခဲ့တယ်။ အတူနေရတဲ့ အမေကလည်း ကိုယ်သိပ်ကြိုက်တဲ့ heavy metal သီချင်းတွေကို အလကား နားဆူတဲ့ဟာတွေ ဆိုပြီး တော်ကီတွေပွားတယ်။ ဒီအချိန်မှာ ရွယ်တူသူငယ်ချင်းနှစ်ယောက် ဆီကလည်း သူတို့ရည်းစားတွေအကြောင်း လာကြွားတာခံရတယ်။ ဒါ့အပြင် အမေ့ရဲ့ နောင်ရည်းစားဖြစ်လာမယ့်သူက ကိုယ့်ကျောင်းက ဆရာ လာဖြစ်နေတဲ့ အခါ၊ အလုပ်တွေလိုက်လျှောက်ပေမယ့် ဘယ်အလုပ်ကမှ လက်မခံတဲ့အခါ။ဒါတွေကို ဒန်နီရယ် ဘက်နိုးလ်တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲ၊ သူကတကယ်ပဲ အများထင်သလို ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်နေပြီလား အမေဖြစ်သူ ဆူး ကရော သားဖြစ်သူအတွက် ဘယ်ချိန်ထိ နားလည်မှုပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ ကျွန်တော်တို့ရဲ့ ...
movie

Days of the Bagnold Summer (2019)

Black Mirror: Bandersnatch (2018) 7.2
Black Mirror: Bandersnatch (2018) Black Mirror: Bandersnatch (2018)_____IMDb - 7.2/10     ဒီဇာတ်လမ်းပုံစံဟာလုံးဝအသစ်ပါ Netflixကတော့အဓိကဇာတ်သိမ်းငါးခုရှိတယ်လို့ပြောထားပါတယ် တကယ်တော့အဲ့ထက်များပါတယ် ကျွန်တော်တို့ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ကိုယ့်ဇာတ်လမ်းကိုယ်ရွေးရတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်အသက်သွင်းပေးထားတဲ့Netflixရဲ့ပထမဆုံးကားပါ ဇာတ်ကောင်ကရွေးချယ်မှုတစ်ခုလုပ်တာနဲ့အဲ့တာကပါကြည့်ရှု့သူအပေါ်သက်ရောက်အောင်စွမ်းဆောင်နိုင်ပါတယ် Basic storylineက1984ခုနှစ်ကလူငယ်ပရိုဂရမ်မာတစ်ယောက်ကိုအခြေခံထားတာဖြစ်ပြီး Bamdersnatchလို့ခေါ်တဲ့ရွေးချယ်မှုတွေနဲ့ဖတ်ရတဲ့စာအုပ်ပုံစံမျိုးကို ဂိမ်းအဖြစ်လုပ်ချင်တဲ့အိပ်မက်လေးတစ်ခုပဲသူ့တစ်ဘဝလုံးမှာရှိပါတယ် ဒါပေမယ့်အဲ့လောက်မရိုးစင်းခဲ့ပါဘူး ကျွန်တော်တို့ကိုယ်တိုင်ခံစားပြီးဇာတ်လမ်းကိုရွေးပေးရမှာပါ Spoilerမပါမှအရသာအပြည့်ကိုခံစားနိုင်မှာမို့ဒီလောက်ပဲပြောပြပါရစေ တစ်ခေါက်ထဲကြည့်ပြီးရိုးသွားမယ့်ကားမဟုတ်တဲ့အပြင် တစ်ခေါက်နဲ့တစ်ခေါက်ရတဲ့ခံစားချက်ကလည်းမတူစေရပါဘူး Bird boxလိုပုံမှန်sci-fiကားကြည့်ပြီးအချိန်ကုန်တာထက်တော့ဒီကားကအများကြီးပေးစွမ်းနိုင်ပါလိမ့်မယ်ဘာသာပြန်ပေးထားတာတော့ Aye Chansu ဖြစ်ပြီး   Encodeပေးတာကတော့ကျွန်တော် sithu ပဲဖြစ်ပါတယ်
movie

Black Mirror: Bandersnatch (2018)

2018