Channel Myanmar

Paul Borne

The Jungle Bunch Operation Meltdown (2023)
The Jungle Bunch Operation Meltdown (2023)  ဒီတစ်ခါမှာတော့ "Jungle Bunch" ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတို့နေထိုင်ရာတောအုပ်ကြီးကို အန္တရာယ်ထဲကနေကယ်တင်ပေးဖို့ စွန့်စားခန်းတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပုံတွေကိုရိုက်ကူးထားတဲ့ ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ်မောရစ်ဟာ သူ့ကိုယ်သူကျားတစ်ကောင်လို့ထင်မှတ်နေတဲ့ပင်ကွင်းတစ်ကောင်ပါ သူဟာတောအုပ်အကျိုးဆောင်အဖွဲ့ခေါင်း​ဆောင်တစ်ယောက်ပါ တစ်နေ့ သူတို့ရဲ့တောအုပ်ထဲက အပင်တွေမှာ အမည်မသိပန်းရောင်ဓာတ်ပစ္စည်းတစ်မျိုးပြန့်နှံ့လာပါတယ် အဲ့ဒီပစ္စည်းဟာ ရေနဲ့ထိတွေ့ရင်အပြင်းအထန်ပေါက်ကွဲတတ်တာမလို့ အဲ့ပစ္စည်းကိုချေဖျက်ဖို့ ဖြေဆေးလိုအပ်တယ်ဆိုတာသိရှိသွားပါတယ်ဒါပေမဲ့ အဲ့ဒီဖြေဆေးကို အဲလ်ဘတ်ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသာလျှင်ဖော်ထုတ်နိုင်မှာဖြစ်တာကြောင့် အဲလ်ဘတ်ကိုလိုက်လံရှာဖွေဖို့ မောရစ်နဲ့သူ့ရဲ့အဖွဲ့ဝင်တွေဟာ အဝေးကြီးကိုခရီးနှင်လာရပါတော့တယ် ဒါပေမဲ့ မိုးရာသီကလည်းဝင်တော့မှာဖြစ်တာကြောင့် ရေနဲ့ထိရင်ပေါက်ကွဲတတ်တဲ့အဲ့ဒီပန်းရောင်ပစ္စည်းကိုဖယ်ရှားဖို့အတွက် ဖြေဆေးကိုမိုးမကျခင်အမှီဖော်နိုင်မှဖြစ်မှာပါနောက်ပြီး အဲ့ဒီဓာတ်ပစ္စည်းကို တောအုပ်ထဲမှာ ပြန့်နှံနေအောင် ဘယ်သူကလုပ်ခဲ့တာလဲ ဘာကြောင့်လုပ်ခဲ့တာလဲ အဲ့ဒီတရားခံကပဲ မောရစ်တို့အုပ်စုကို ခရီးဖင့်အောင် လမ်းခရီးမှာ အဖျက်အမှောက်လုပ်သေးတာကြောင့် အန္တရာယ်မျိုးစုံနဲ့ရင်ဆိုင်ရပါတော့တယ် File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Animation, Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

The Jungle Bunch Operation Meltdown (2023)

Epic Tails (2023) 5.9
Epic Tails (2023) Epic Tails (2023)Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့လေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီး နောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။ အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့် သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူတို့မြို့လေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီး တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင် မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။ သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ Argonauts အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။ အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။IMDb ...
movie

Epic Tails (2023)

2023
Pil’s Adventures (2021) 6.2
Pil’s Adventures (2021) Pil's Adventures (2021)တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် ...
movie

Pil’s Adventures (2021)

2021