Channel Myanmar

Paul Blackwell

Spooks: The Greater Good (2015) MI 5 6.2
Spooks: The Greater Good (2015) MI 5 Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာ နာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့ လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကို ယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကို အမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကို Suspense အပြည့်နဲ့ရှုစားကြရမှာပါ။File size_(1.9GB)/(980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Spooks: The Greater Good (2015) MI 5

I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013
Redemption (Hummingbird) (2013) 6.2
Redemption (Hummingbird) (2013) Redemption (Hummingbird) (2013)===========================IMDb Rating - 6.2/10ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာက ခင်ဗျားတို့ အသဲစွဲကြိုက်ကြတဲ့ Peaky blindersရဲ့ creatorနဲ့ ဇာတ်ညွှန်းဆရာ ဖြစ်တဲ့ Steven Knight ။ ဒီကားက သူ့ရဲ့ ပွဲဦးထွက် ဒါရိုက်တာလုပ်တဲ့ကား။မင်းသားက ဂျေဆန်စတက်တန်။ 2000ပြည့်နှစ်နဲ့ အနီးတစ်ဝိုက်ကာလတွေမှာ ကြီးပျင်းလာတဲ့ သူတွေအတွက် အနောက်တိုင်းအက်ရှင်ဆို သူ့ကားတွေပဲ ပြေးကြည့်ကြတာများတယ်။ The Transporterတို့ ဘာတို့ဆို ငယ်ဘ၀က အသည်းစွဲတွေဖြစ်ခဲ့ကြတယ်။ဇာတ်လမ်းကတော့ ဂျေဆန့်ထုံးစံအတိုင်း သူက အထူးတပ်ဖွဲ့က စစ်သားဟောင်း ခပ်ကြမ်းကြမ်းကောင်။ နောက် စစ်ရာဇ၀တ် ‌ကျူးလွန်မိပြီး အဲဒီစိတ်နဲ့ အရက်သမား ဖြစ်သွားတယ်။စစ်ထွက် အရက်သမားဟာ အကြောင်းတစ်ခုနဲ့ လန်ဒန်မြေအောက် လောကနဲ့ သွားရှုပ်မိတဲ့အကြောင်း‌ပေါ့။Peaky Blindersရဲ့ Creatorက ရိုက်ကူး ရေးသားထားတာဆိုတော့ အက်ရှင်ကားပေမဲ့ အက်ရှင်ခန်းတွေကို တော်သင့်ရုံပဲထည့်ပြီး ဇာတ်ကို တဖြည်းဖြည်းနဲ့ရင်ဖိုရအောင်တော့ ရေးသွားတာကိုလည်းတွေ့ရတယ်။ PBဖန်တွေလည်းကိုယ့်ကားCreatorရဲ့ ပွဲဦးထွက်ကားအနေနဲ့ မြည်းစမ်းကြည့်သင့်ပြီး ဂျေဆန်စတက်တန် ဖန်တွေအတွက်လည်း သူ့ရွှေခေတ်နှောင်းကို ပြန်ခံစားရစေမယ့် ကားဆိုလည်းမမှားပါဘူး။ Quality – 1080p, 720p, 360p BluRayDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Redemption (Hummingbird) (2013)

2013