Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Benjamin
8.0
Do the Right Thing (1989)
IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာတွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie
Do the Right Thing (1989)
7.6
Escape From Alcatraz (1979)
Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie
Escape From Alcatraz (1979)
1979