Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Agusta
Ali Topan (2023)
အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာအဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားကအကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေးအဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေမိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီကသူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေးတစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်းကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီးအန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုကသူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲမွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွားကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေအကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်းအိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေကပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH ...
movie
Ali Topan (2023)
6.9
Onde Mande / The Prize (2023)
Onde Mande / The Prize (2023)Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊ အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။ အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။ မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။ တစ်ယောက်တည်း ပီတိဖြာရင်း ...
movie
Onde Mande / The Prize (2023)
2023
8.1
Menunggu Bunda (2021)
Menunggu Bunda (2021)ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက် သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ် လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို "မသွားပါနဲ့ဦး အမေ" လို့ အဓိပ္ပါယ်ရပါတယ်။ Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာ Alma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊ လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့် သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။ အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက် အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Family, Drama Quality…. 1080p | ...
movie
Menunggu Bunda (2021)
2021
7.2
Gundala (2019)
ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie
Gundala (2019)
2019
6.4
Preman (2022)
Preman (2022)ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ ...
movie
Preman (2022)
2022