Channel Myanmar

Patrick Tse Yin

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Temptress Moon (1996) 6.7
Temptress Moon (1996) Temptress Moon (1996)~ IMDb - 6.7/10, Rotten Tomatoes - 62% ~Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d'Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ ...
movie

Temptress Moon (1996)

1996
Time (2021) 6.4
Time (2021) Time (2021) __________ IMDb Rating - 6.4/10ဟောင်ကောင်ကား ကောင်းကောင်းကြည့်ချင်တဲ့လူတွေအတွက် Ricky Koဆိုတဲ့ ဟောင်ကောင် ‌ဒါရိုက်တာအသစ်ရဲ့ Debutရုပ်ရှင်ပါ။ သရုပ်ဆောင်တွေကတော့ Patrick Tse Yinနဲ့ Fung Bo-Boလို 1960ဟောင်ကောင်ရဲ့ နာမည်ကျော်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အက်ရှင်လည်းဟုတ်သလို တော်‌တော်လည်းရယ်ရတယ် ဒရာမာလည်း အသေချိုးတယ်။ ဒါရိုက်တာရဲ့ Debutအနေနဲ့ဆိုကောင်းတဲ့ အနေအထားရှိပါတယ်။ အရင်ဟောင်ကောင် ရုပ်ရှင်တွေရဲ့ အငွေ့အသက်ကိုပြန်ရတယ်။ လက်ရှိဟောင်ကောင်ရုပ်ရှင်အများစုနဲ့ ယှဉ်ရင်တော့ ရွှေပါပဲ။ဘာမှမဆိုင်အောင်ကို ကောင်းတယ်။ ဇာတ်အိမ်ပေါ့ပေါ့ပါးပါးနဲ့ တော်တော် ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ဇာတ်‌ကြောင်းကတော့ ကြေးစားလူသတ်သမား လူမိုက်၃ယောက်ရှိတယ်။ ငယ်စဉ်ကတော့ တော်တော် နာမည်ကြီးပြီး သူတို့ကို နိုင်တဲ့လူမရှိဘူး။ Timeဆိုတဲ့အတိုင်း ကာလတွေရွေလျောပြီး အိုမင်းလာကြတော့ ကိုယ်ပိုင်ဒုက္ခတွေ တစ်ပုံတပင်နေရတာကို ဟာ‌သလေးနှောပြသွားတယ်။ ‌နောက်တော့ ဘ၀မှာ လွတ်လွတ်လပ်လပ်ရှင်သန်ဖို့ ကိုယ့်အတွက်ကိုယ်ရှင်သန်ဖို့ ဘာညာပေါ့။ ဝါရင့် သရုပ်ဆောင်တွေချည်းမို့ သရုပ်ဆောင်လည်း ...
movie

Time (2021)