Channel Myanmar

Patrick Thomas O'Brien

UHF (1989) 6.9
UHF (1989)  Old but Goldထဲက IMDb 6.9ရရှိထားတဲ့ Comedy ကားကောင်းတစ်ကားပါပဲ။ အဓိကကတော့ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ဌာနတစ်ခုအကြောင်းရိုက်ထားတာဆိုပေမယ့် နာမည်ကြီးဇာတ်ကားတွေရဲ့ parodyတွေလဲပါသလို ဟာသတွေကလဲ ရှုပ်ရှက်ခက်နေပြီး အဲဒီလိုရှုပ်ရှက်ခက်နေတာကမှပိုပြီးရယ်နေရတာပါ။ဇာတ်လမ်းအညွှန်းကတော့ ဂျော့ဟာ အမြဲတမ်းလိုလိုနေ့ခင်းကြောင်တောင်စိတ်ကူးတွေယဉ်တတ်ပြီး ဘယ်အလုပ်ကိုမှမယ်မယ်ရရမလုပ်တတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကံကောင်းထောက်မစွာနဲ့ ရုပ်မြင်သံကြားဌာနသေးသေးလေးတစ်ခုမှာ မန်နေဂျာအဖြစ်အလုပ်ရသွားပါတယ်။ ပိုပြီးကံကောင်းတာတစ်ခုက အဲဒီဌာနလေးဟာ ပိတ်သိမ်းတော့မှာမို့လို့ ပိုင်ရှင်ကိုယ်တိုင်က သူ့ကိုကြိုက်သလိုလုပ်ဆိုပြီးထားပေးလိုက်တဲ့အခါမှာ အရင်ကလုံးလုံးအသုံးမဝင်ခဲ့တဲ့သူ့စိတ်ကူးတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ တစ်မျိုးပြီးတစ်မျိုးအကောင်အထည်ဖော်ပြီး အောင်မြင်လာပါတော့တယ်။ဒါပေမဲ့ တစ်ယောက်အောင်မြင်ရင်တစ်ယောက်ကမနာလိုဖြစ်တဲ့အတိုင်းပဲ သူ့ကိုမနာလိုတဲ့အဖွဲ့တစ်ဖွဲ့ရှိလာတဲ့အခါမှာတော့ ဘာတွေဖြစ်မလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရမှာပါ။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

UHF (1989)

Intolerable Cruelty (2003)
Intolerable Cruelty (2003) IMDb rating - 6.3/10, RY -76% (Award - ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်‌နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အမှုသည် ရက်စ်ရက်စ်​ရောသ့်​ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။File size…(1.9 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar
movie

Intolerable Cruelty (2003)

The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie

The Curious Case of Benjamin Button (2008)

Rescuing Christmas (2023) 6.4
Rescuing Christmas (2023) Rescuing Christmas (2023) ==================== IMDb Rating - 6.4/10ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန် အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက် မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ် နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ် ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စ ရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာ ပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့ ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်း နိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကို စိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန် နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆု ကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာ မရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။ အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေး‌တွေအပါအ၀င် လူတွေအားလုံးချစ်တဲ့ ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊ ခရစ္စမတ်ပြန်လာအောင် ...
movie

Rescuing Christmas (2023)

2023
Kiss the Girls (1997) 6.6
Kiss the Girls (1997) ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder ...
movie

Kiss the Girls (1997)

Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
Stuart Little (1999) 5.9
Stuart Little (1999) Stuart Little (1999)Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ်လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော...အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော်ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော်ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ ...
movie

Stuart Little (1999)

The Curious Case of Benjamin Button (2008) 7.8
The Curious Case of Benjamin Button (2008) အော်စကာဆု သုံးဆု ရရှိထားပြီး နာမည်ကျော်လူကြိုက်များတဲ့ ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကလည်း ဘရက်ပစ် တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘန်ဂျမင် ဘော့တွန်ဆိုတဲ့ ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကိုဖော်ပြထားတာပါ။ လူသာမန်တွေဟာ မွေးလာတယ် တဖြည်းဖြည်း အိုမင်းလာပြီး ကွယ်လွန်ရတာက ဓမ္မတာပါပဲ။ ဒါပေမယ့် ဘန်ဂျမင်ကတော့ ဒီလိုမဟုတ်ဘူး ထူးဆန်းတဲ့ ရောဂါကြောင့် မွေးလာကတည်းက လူအိုလေးတစ်ယောက် အနေနဲ့ မွေးလာပါတယ်။ သူအသက်ကြီးလာ လေလေ ပိုနုပျိုလာလေလေပါပဲ။ဒီအခါမှာ မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့တွေကို ခံစားလာရပါတယ်။မွေးကတည်းက အမေဖြစ်သူကွယ်လွန်ပြီး အဖေဖြစ်သူရဲ့ စွန့်လွှတ်ခြင်းကို ခံရတဲ့ ဘန်ဂျမင်တစ်ယောက် ဒေစီ ဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူတို့ရဲ့ အချစ်ရေးဟာ ထူးဆန်းနေမယ်ဆိုတာ သိပေမဲ့လည်း သူတို့ချစ်မိခဲ့ကျပါတယ်။ သူ့ရဲ့ ရောဂါက သူတို့ရဲ့ အချစ်ရေးအတွက် အနှောက်အယှက်ဖြစ်စေမလား …. ဒါမှမဟုတ် သူတို့ ချစ်ခရီးလမ်း အဆင်ပြေမှာလား… ဘန်ဂျမင်ရဲ့ ဘဝမှာ ဘာတွေ ကြုံခဲ့ရလို့ ဘာတွေ ...
movie

The Curious Case of Benjamin Button (2008)

2008