Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Patrick Sabongui
6.9
Warm Bodies (2013)
IMDb (6.9) / Rotten Tomatoes (81%)Vampire တစ်ကောင်ကိုချစ်နိုင်ပေမယ့် Zombieဆိုရင်ရော ချစ်နိုင်ပါ့မလား? အခုက စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် အလှည့်ပါ။ လူ့ဦးနှောက်တွေစားတဲ့ Zombieတစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ Zombieတစ်ကောင်ဖြစ်တဲ့ Rဟာ သူရဲ့တစ်နေ့တာကို စွန့်ပစ်ခံမြို့က လေဆိပ်ပျက်ထဲမှာ ဟိုဟိုဒီဒီလျှောက်သွားရင် ကုန်ဆုံးလေ့ရှိပါတယ်။ သူ့မှာ Mဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။အဓိပ္ပါယ်မဲ့နေတဲ့ သူ့ဘဝထဲကို ဝင်လာတဲ့သူက Julie Julieနဲ့သူ့သူငယ်ချင်းတစ်စု Rတို့နေတဲ့ မြို့ပျက်ထဲမှာရှိတဲ့ ဆေးဝါးတွေကို ယူဖို့ အထက်ကအမိန့်ပေးခံရတယ်။ Julieတို့လည်း အဆောက်အအုံဟောင်းတစ်ခုက ဆေးဝါးတွေကို သယ်နေတုန်း Rတို့ Zombieအုပ်စုနဲ့တိုးတဲ့အခါ….... Zombieဖြစ်နေတဲ့ Rဟာ Julieရဲ့ချစ်သူကို သတ်ပစ်ပြီး သူ့ရဲ့ ဦးနှောက်ကို စားလိုက်တယ်။ ဒီနေရာမှာ လှည့်ကွက်တစ်ခုက သေသူရဲ့ ဦးနှောက်ကိုစားလိုက်တဲ့အခါ သေသူရဲ့မှတ်ဉာဏ်တွေကို zombieက ခံစားနိုင်တယ်ဆိုတာ။Julieချစ်သူ့ရဲ့ မှတ်ဉာဏ်တွေကတစ်ဆင့် Rဟာ Julieအပေါ် ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရတယ်။ ဒီလိုနဲ့ zombieတွေ လက်ထဲ ဒုက္ခရောက်နေတဲ့ Julieကို ...
movie
Warm Bodies (2013)
2013
4K HEVC
6.4
Godzilla (2014)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Godzilla (2014)
2014
4K HEVC
Whiteout (2009)
တောင်ဝင်ရိုစွန်းက လူသတ်သမားက ဘယ်သူလဲ❓Thriller, Crime အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် အန္တာတိကအခြေစိုက်စခန်းတစ်ခုမှာ setting ယူထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကယ်ရီဆက်ကိုဟာ အခြေစိုက်စခန်းရဲ့ မာရှယ်တစ်ယောက်ဖြစ်တယ်။ ဆောင်းတွင်းဆိုရင် ၆ လလောက် နေမမြင်ရတဲ့ဒေသမို့ အခြေစိုက်ခန်းတွင်းက ဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ ဆောင်းတွင်းမတိုင်ခင်မှာ နေရာပြောင်းရွှေ့ကြရတယ်။ နောက် ၃ ရက်နေမှ ကျရောက်လာမယ်လို့ တွက်ချက်ထားခဲ့တဲ့ မုန်တိုင်းဟာ ခန့်မှန်းထားချိန်ထက် ၁ ရက်နီးပါးထိ စောပြီးဝင်လာတဲ့အခါမှာတော့ အခြေစိုက်စခန်းတစ်ခုလုံး ဒရောသောပါးနဲ့ နယ်မြေရွှေ့ပြောင်းဖို့ ဖြစ်လာခဲ့တယ်။ အဲအချိန်မှာပဲ Haworth Mesa မှာ တောင့်ခဲနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်။ အလောင်းရဲ့ ဒဏ်ရာဟာ အသတ်ခံရတာဖြစ်ကြောင်း တွေ့လိုက်ရချိန်၊ ရေခဲပြင်အောက်က ရုရှားလေယာဉ်ပျက်၊ ကျည်ဖူးတွေပျောက်ဆုံးမှုနဲ့ ဆက်စပ်ပြီး ရောက်လာခဲ့တဲ့ UN က အလွတ်အေးဂျင့်။ဒီအလောင်းရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေက ထင်သလောက် ရိုးရှင်းမနေခဲ့တဲ့အကြောင်းကို သိလိုက်ရချိန်မှာ ဆက်ကိုဟာ လူသတ်သမားကို ...
movie
Whiteout (2009)
7.0
The Cabin in the Woods (2011)
၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက်အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။Thor မင်းသား Chris Hemsworth နဲ့ Grey's Anatomy ထဲကJesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာမြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကိုလာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား... File size… 5.5 GB / 1.4 GB ...
movie
The Cabin in the Woods (2011)
2011
4K HEVCHDR
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
6.7
Timeline(2003)
Timeline(2003)*************အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီးကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။တူးဖော်မှုတွေပြုလုပ်နေရင်း တစ်နေ့မှာတော့ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကိုဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်းဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက်သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ...
movie
Timeline(2003)
5.9
The Predator (2018)
အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie
The Predator (2018)
2018
4K HEVC
6.8
Warcraft: The Beginning (2016)
Warcraft: The Beginning (2016)အညွှန်း ******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီးWOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာOrc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီးမှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီးမျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ......Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီးမှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ....Orc ...
movie
Warcraft: The Beginning (2016)
2016
4K HEVC
6.2
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47% ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014
7.6
300 (2006)
300 (2006)IMDb - 7.6/10_____Rotten - 61%ဒီဇာတ်ကားက တကယ့်အဖြစ်အပျက်ရာဇဝင်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်ကားရဲ့ အသက်ကတော့ စကားအသုံးအနှုန်းနှင့် Graphic Effect တွေပါ။ စကားအသုံးအနှုန်းတွေ တကယ်အသက်ဝင်ပြီး မာန်ပါလှပါတယ်။ ဇာတ်ညွှန်းဆိုတာထက် သမိုင်းက တကယ့်အဖြစ်အပျက်ကိုတော့ အနည်းငယ်ပြောပြချင်ပါတယ်။***300 (သို့မဟုတ်) Battle of Thermopylae***ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောၤတထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့သည် (City state ) မြို့တမြို့ တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို့သော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို့ စစ် ချီလာပြီ ...
movie
300 (2006)
2006
5.9
Power Rangers (2017)
Power Rangers (2017)_____IMDb - 5.9/10 Mighty Morphin Power Rangers 2017 Reboot Movie နာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထရုံမကပဲ အသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာ ကောင်းကောင်းကြီးအာမခံပါတယ်…. တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေးပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး… ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့ ငယ်ဘဝဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့် အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်….. ဒါပေမယ့် တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင်တွေ Power Rangers တွေဖြစ်လာမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ Power Rangers တွေဖြစ်လာကြမယ့် အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့ Jason,Kimberley,Billy,Zack,Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်း လူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့ လူငယ်လေးတွေမဟုတ်ကြဘဲ ကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်…. ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့ တင်ဆက်ထားတဲ့အပြင်ကို ဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေအားလုံးကို ”ဟာ ဒါကဒီလိုပါလား” ဆိုပြီး အံ့အားသင့်ရေရွတ်ရလောက်အောင်ကို တင်ဆက်ထားတာကိုလည်း ကြည့်ရှု့ရဦးမှာဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာက ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ ဒေါင်းကြည့်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်… နောက်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့ နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေက ဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီး ကောင်းမွန်လှပစေခဲ့ပါတယ်… ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ Morpher တွေ Zord တွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင်ကိုတကယ်တမ်းကြည့်လိုက်ရတဲ့အခါမှာတော့ အကုန်ပျောက်သွားမယ်ဆိုတာ ...
movie
Power Rangers (2017)
2017
5.4
Scorched Earth (2018)
အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Scorched earth ဆိုတဲ့ ၂၀၁၈ ထွက် အက်ရှင်ကားလေးပါ ဒီကားလေးကိုတော့ တခြားအက်ရှင်ကားတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ ဇာတ်အိမ်လေးနဲ့ တည်ဆောက်ထားပါတယ် တိမ်ပြိုမှုလို့ခေါ်တဲ့ သဘာဝဒဏ်ကြောင့် ဂေဟစနစ်တစ်ခုလုံး ပျက်စီးနေချိန်ပါ အဲအချိန်မှာ အသက်ရှင်ဖို့အတွက် လူတွေက လေနဲ့ ရေကို အပူတပြင်းလိုအပ်နေကြပါတယ် ပတ်ဝန်းကျင်လေထုကလည်း အဆိပ်သင့်နေတဲ့အတွက် ရှူလို့မရပါဘူး ငွေသတ္ထုနဲ့သန့်စင်လိုက်မှ ရှူလို့ရပါတယ် ဒီအခါ လေရေ ရှားပါးမှုကြောင့် ခိုးဆိုးလုယက်မှုတွေ များပြားတဲ့ကာလပါ အဲ လို အပြစ်သားတွေကို ဖမ်းဖို့ အစိုးရအာဏာပိုင်တွေက ဆုကြေးကြေငြာပြီး ဖမ်းကြပါတယ် ဒီလိုဆုကြေးကို ရဖို့ အပြစ်သားဖမ်းမုဆိုးတွေ အလုအယက်ကြိုးစားကြတဲ့အထဲမှာမှ ဂေ့ဆိုတဲ့ အမျိုးသမီးဟာ ထူးချွန်တဲ့ မုဆိုးတစ်ယောက်ပါ တစ်နေ့တော့ တစ်နယ်ထူထောင်ပြီး မင်းမူသောင်းကျန်းနေတဲ့ လူဆိုးတစ်ယောက်ကိုဖမ်းဖို့ ဂေ့ကကြိုးစားပါတော့တယ် သူဘယ်လိုကြိုးစားလဲဆိုတဲ့ လှည့်ကွက်လေးတွေနဲ့ အက်ရှင်အလန်းစား ပစ်ခန်းခတ်ခန်းတွေကိုတော့ ပရိသတ်ကြီး အားပေးကြည့်ရှုကြပါဦးဗျာ Quality - ...
movie
Scorched Earth (2018)
2018
5.7
Skin Trade (2014)
ဗစ်တာ ဒရာဂိုဗစ် ဆိုတဲ့ ဆာ့ဗ် လူမျိုး တစ်ယောက်ရှိတယ် ။ အရင်တုန်းက သူက ဆားဗီးယားနိုင်ငံသား အခုတော့ သူက ရုရှားနိုင်ငံသား ဖြစ်နေပြီ ။ သူ့ကိုယ်ပိုင် စီးပွားရေးက အရှေ့ဥပရောပနဲ့ အာရှမှာ လောင်းကစားရုံနဲ့ ဟိုတယ်တွေ ပိုင်ဆိုင်တယ် ။ဒါပေမယ့် နောက်ကွယ်က သူ့အဓိက စီးပွားရေးက လူကုန်ကူးတာပဲဖြစ်တယ် ။ ဒရာဂိုဗစ်က အရှေ့တောင် အာရှက ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပြန်ပေးဆွဲတယ် ။ ပြီးတော့ သူက အဲဒိမိန်းကလေးတွေကို ဥရောပကို သယ်လာပြီး ကမ္ဘ္ဘာအနှံ့ကို ရောင်းချတယ် ။ ဒရာဂိုဗစ်ဟာ အဲဒိလုပ်ငန်းကနေ တစ်နှစ်ကို ဒေါ်လာသန်းချီ ဝင်နေတယ် ။ဒီလို လူကုန်ကူးမှုကို အမေရီကန်ကလည်း တားဆီးချင်တယ် ။ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယားတို့ကလည်း တားဆီးချင်ကြတယ် ။ ထိုင်းရဲ အမေရီကန် FBI ...
movie
Skin Trade (2014)
2014