Channel Myanmar

Patrick Kennedy

Atonement (2007) 7.8
Atonement (2007) AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie

Atonement (2007)

2007
A Good Year (2006) 7.0
A Good Year (2006) A Good Year (2006)IMDb Rating (6.9)ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့.....။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။ File size…(2.3 GB) / (1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:31 Subtitle….Myanmar Subtitle ...
movie

A Good Year (2006)

Star Wars: Episode IX – The Rise of Skywalker (2019) 6.8
Star Wars: Episode IX – The Rise of Skywalker (2019) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode IX – The Rise of Skywalker (2019)

2019
4K HEVC
The Last Station (2009) 6.9
The Last Station (2009)  ၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ...ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်. File size…(1.8 GB)/(1 ...
movie

The Last Station (2009)

War Horse(2011) 7.2
War Horse(2011) War Horse(2011) IMDb....7.2,,,Rotten...76% အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ.. .စစ်မြင်းတစ်ကောင်အကြောင်းပေါ့... Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊  စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်... စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်...ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်.... ဇာတ်လမ်းအညွှန်း ပထမကမ္ဘာစစ်မစမီ ...
movie

War Horse(2011)

2011
Mr. Holmes(2015) 6.9
Mr. Holmes(2015) Mr. Holmes(2015)IMDb....6.9ရာစုနှစ်တစ်စုနီးပါး အချိန်ကာလကိုဖြတ်သန်းလာခဲ့ရ၍ အသက်အရွယ်ကြီးရင့်လာသော ကျွနု်ပ်တို့မိတ်ဆွေကြီး မစ္စတာဟုမ်းစ်သည်လည်း ဇရာ၏နှိပ်စက်မှုဒဏ်ကိုကောင်းကောင်းကြီးခံစား နေရပြီဖြစ်သည်။ သို့သော်လည်း သူ့၏ ထက်မြက်မှုကိုကား ဇရာက အနိုင်မတိုက်နိုင်သေးသည်မှာထင်ရှားသည်။သို့သော် မစ္စတာ ဟုမ်းစ် စုံထောက်အလုပ်မှအနားယူလိုက်ရသည် အထိ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေရသော အကြောင်းမှာ မည်သို့မည်ပုံဖြစ်သည်ကိုIMDB Rating 6.9 ရရှိထားသော Mr.Holmes(2015) တွင် ဖော်ပြထားလေသည်။ အကျဉ်းမှာ ကျွနု်ပ်တို့မိတ်ဆွေကြီး မစ္စတာ ဟုမ်းစ်တစ်ယောက်သတိမေ့ရောဂါစွဲကပ်လာ၍ မိမိ၏နောက်ဆုံးအမှုမှ အဘယ်ကြောင့်အနားယူခဲ့သည်ကို မမှတ်မိသည်ကို ပြန်လည် အမှတ်ရအောင် ကြိုးစားရင်းနောက်ဆုံးမှာ မစ္စတာဟုမ်းစ်၏ အမှန်စင်စစ် နောက်ဆုံးအမှုကို မည်သို့မည်ပုံဖြေရှင်းခဲ့သည်ကို မိတ်ဆွေတို့ စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko D3monပဲဖြစ်ပါတယ်...File Size : (900 MB) and (325 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre :  Drama , Mystery Subtitle : Myanmar ...
movie

Mr. Holmes(2015)

2015
London Has Fallen (2016) 5.9
London Has Fallen (2016) London Has Fallen (2016)________IMDb - 5.9/10  ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့...... လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (5.9/10) ရရှိထားတဲ့ Action, Thriller ဇာတ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားကို Carey Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။) Olympus Has Fallen (2013) ကြည့်ရှုရန် နှိပ်ပါ Angel Has Fallen (2019) ကြည့်ရှုရန် နှိပ်ပါ File size…(905 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung  နမူနာကြည့်ရန်
movie

London Has Fallen (2016)