Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Patrick Fugit
Saved! (2004)
ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ ...
movie
Saved! (2004)
Horsemen (2009)
ဒီဇာတ်ကားကတော့ 2009 ခုနှစ်ထွက် သည်းထိတ်ရင်ဖို ၊ကိုယ်တိုင်လည်းစုံထောက်ဝင်လုပ်လို့ရမယ့်ကားပဲဖြစ်ပါတယ် ဒီကားမှာ စုံထောက်ဘရယ်စလင်းကိုင်ရမယ့်အမှုက လူတစ်စုရဲ့ဗျာဒိတ်ကျမ်းအပေါ်အခြေခံပြီးစတင်ခဲ့ကြတဲ့ နှိပ်စက်သတ်ဖြတ်မှုတွေပါ။ပထမဆုံးနစ်နာသူတစ်ယောက်ဖြစ်တဲ့ မစ္စစပစ်ဟာသူ့နေအိမ်အခန်းထဲမှာတင် ကိုယ်အနှံ့ချိတ်ကောက်တွေနဲ့ စင်တစ်ခုမှာ ချိတ်ထားခံရလျက် သေဆုံးနေတာဖြစ်ပါတယ်။ အခန်းထဲမှာလည်းသဲလွန်စတစ်ချို့တမင်ထားခဲ့ပါသေးတယ်၊ ဒုတိယမြောက်နစ်နာသူလည်းဒီလိုနည်းတူ သေဆုံးနေတာကိုတွေ့လိုက်ရတော့….သဲလွန်စတွေအတိုင်း အမှုကိုရုပ်လုံးဖော်ကြည့်ရမှာတရားခံက ဗျာဒိတ်ကျမ်းကိုပုံဖော်ဖို့ကြိုးစားနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဗျာဒိတ်ကျမ်း ထဲမှာ ကမ္ဘာပျက်ကိန်းကို ကိုယ်စားပြုထားတဲ့ မြင်းစီးသူရဲ လေးဦးရှိပြီး စစ်ပွဲ၊ ငတ်မွတ်ခြင်း၊ အောင်နိုင်ခြင်း နဲ့ သေဆုံးခြင်းတို့ဖြစ်ပါတယ်။ ဒီထဲကနှစ်ခုတော့သူတွေ့သွားပြီဆိုတော့ နောက်ကျန်တဲ့နှစ်ခုကရောဘယ်မှာဖြစ်နေမလဲ…..တရားခံကရော ဘယ်သူလဲ၊တစ်ယောက်တည်းလား၊ အဖွဲ့နဲ့လား။ တရားခံကဘာရည်ရွယ်ချက်နဲ့လုပ်ရတာလဲ။ နစ်နာသူကဒီလေးယောက်နဲ့တင်ပြီးပါ့မလား စတဲ့ပဟေဠိတွေနဲ့ စုံထောက်လုပ်ရင်းရှုစားကြည့်ကြည့်ပါ… File size…(1.7 GB)/(811 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Horsemen (2009)
7.6
Babylon (2022)
Babylon (2022)~ IMDb - 7.6/10, RT - 56%, Meta - 60% ~La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တို့လို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတို့အတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ ...
movie
Babylon (2022)
2022
7.9
Almost Famous(2000)
Almost Famous(2000)===================IMDb 7.9 / Rotten Tomatoes 89%"ဒီကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားမှုကို မလိုချင်တဲ့လူရှိရင် ငါ့ကိုပြစမ်းပါအဲ့ဒီလူဟာ အရူးပဲဖြစ်ရမယ်""အောင်မြင်ကျော်ကြားမှုက အရာရာပဲ""အောင်မြင်ကျော်ကြားတဲ့သူဟာ ဘာလုပ်လုပ်တင့်တယ်တယ်"ဒီရုပ်ရှင်ကတော့ ၁၉၇၃ခုနှစ်ဝန်းကျင်က ရော့ခ်ဂီတသတင်းစာဆရာလေးဝီလီယမ်မင့်လားနဲ့ စတေးဝါးတား လို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့တို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲနေခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့စာအရေးအသားပါရမီကြောင့် မဂ္ဂဇင်းတိုက်တစ်တိုက်ရဲ့ သတင်းစာဆရာအဖြစ်ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်ရေးရမယ့်ဆောင်းပါးအတွက် အင်တာဗျူးလုပ်ဖို့ စတေးဝါးတားလို့ခေါ်တဲ့ရော့ခ်ဂီတအဖွဲ့နောက်ကို လိုက်ခဲ့ပါတော့တယ်ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ စတေးဝါးတားအဖွဲ့နောက် လိုက်ရင်းရော့ခ်ဂီတလောကအကြောင်း လူ့လောကအကြောင်း အတွေ့အကြုံတွေရခဲ့တဲ့ဆယ်ကျော်သက်လူငယ်လေးရဲ့အခက်အခဲတွေ စိတ်အားထက်သန်မှုတွေကိုနှစ်သက်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်.... File size…2.62GB / 1.5GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 2m Genre ..... Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie
Almost Famous(2000)
5.9
Cirque du Freak: The Vampire’s Assistant (2009)
Cirque du Freak: The Vampire's Assistant (2009)========================================ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ဗန်ပိုင်းယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင်တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်းလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားကမိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီးကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးစတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစားသွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါနေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာတန်စေရမယ်လို့ အာမခံလိုက်ပါတယ်..) File size…1.19GB / ...
movie
Cirque du Freak: The Vampire’s Assistant (2009)
2009
8.1
Gone Girl (2014)
IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie
Gone Girl (2014)
4K HEVC
7.1
We Bought a Zoo ( 2011 )
Zawgyi*******IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေစွန့်စားရမယ့်ကိစ္စမျိုးတွေကိုမှ ခုံမင်နှစ်သက်သူ စာရေးဆရာBenjamin Mee ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့"We bought a zoo" ဆိုတဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ စွန့်စားခန်းတွေကိုမှကြိုက်နှစ်သက်တဲ့ ဖခင်ဖြစ်သူတစ်ယောက်၊ သူမမျှော်လင့်ထားဘဲဇနီးဖြစ်သူရုတ်တရက် ကွယ်လွန်သွားတဲ့အခါ ကလေး ၂ ယောက်နဲ့ဗျာများပြီး ကျန်ခဲ့ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။ဇနီးဖြစ်သူရှိစဉ်က အိမ်ကိစ္စအဝဝကို လှည့်ကြည့်စရာမလိုလောက်အောင်နေခဲ့ရတဲ့ Benjamin တစ်ယောက် ဇနီးဖြစ်သူဆုံးပါးသွားတဲ့အခါမှာတော့အဆင်မပြေမှုပေါင်းများစွာနဲ့ ကြုံလာရပါတော့တယ်။အဆိုးဆုံးကိစ္စကတော့ သားကြီးဖြစ်သူ Dylan ကကျောင်းစည်းကမ်းချိုးဖောက်မှုအပါအဝင် စိတ္တဇပုံတွေ ရေးဆွဲနေလို့ကျောင်းကနေ အထုတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။သားအဖနှစ်ယောက်ကြားမှာ ခါတိုင်းလို စေ့စပ်ညှိုနှိုင်းပေးနေကြမိခင်ဖြစ်သူ မရှိတော့တာကြောင့်လည်း Dylan တို့နှစ်ယောက်ကမကြာခဏဆိုသလို ကတောက်ကဆဖြစ်နေကြပါတယ်။သမီးအငယ်လေး Rosie ကတော့ ဒီလိုတကျက်ကျက်ဖြစ်နေတဲ့သားအဖနှစ်ယောက်ကြားမှာနေ နေရတဲ့သူလေး ဖြစ်ပါတယ်။သားဖြစ်သူကျောင်းကထုတ်ခဲ့လိုက်ရတဲ့ကိစ္စအပြင် ဘယ်နေရာကိုပဲရောက်ရောက် ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ဇနီးသည်ကိုပဲတသသဖြစ်နေတာကြောင့် စိတ်အပြောင်းအလဲဖြစ်သွားအောင်အိမ်ပြောင်းဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ကြရင်း သမီးဖြစ်သူRosie ရဲ့ ရွေးချယ်မှုနဲ့ တိရစ္ဆာန်ရုံပါ အဆစ်ပါလာတဲ့ ...
movie
We Bought a Zoo ( 2011 )
2011
7.3
First Man (2018)
First Man (2018) IMDb - 7.3/10_____Rotten - 86% Won 1 Oscar. Another 30 wins & 190 nominations အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ...
movie
First Man (2018)
2018
5.1
Alex & The List (2018)
အချစ်ဟာသ Romance ကိုမှ ကြည့်ချင်တဲ့သူတွေအတွက်ဒီ Alex and the list ဆိုတဲ့ အချစ်ဇာတ်််မြူးကား ကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီကားလေးကတော့ Burbank Film Festival မှာ Comedy Feature အနေနဲ့ winner ဆု ရရှိထားတာပြီးဒိီကားနဲ့ပဲ Best Actor Award ကို ရရှိထားတဲ့ Patrick Fugit က Alex အဖြစ် အဓိက ပါဝင်သရုပ်ထားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Alex ဟာ ခွေးချစ်တဲ့ လူရိုး လူအေး တစ်ယောက်၊သူက Katherine ဆိုတဲ့ အမျိုးသမီးနဲ့ ချစ်သူတွေဖြစ်နေကြပါတယ်။ Katherine က ချမ်းသာတဲ့ ဂျူးမိသားစုကဆင်းသက်လာတဲ့ သူတစ်ယောက်၊ အဲ့တော့ သူမက Alexကို သူမ လိုချင်တဲ့ယောက်ကျားလေးပုံစံ၊ပြောင်းလဲ စေချင်တဲ့အချက်တွေကို list ချရေးပြီး Alex ကို list ...
movie
Alex & The List (2018)
2018