Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pat Starr
6.8
Florence Foster Jenkins (2016)
ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie
Florence Foster Jenkins (2016)
2016
7.1
Mission: Impossible (1996)
Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie
Mission: Impossible (1996)
1996
4K HEVC
5.2
Superman III (1983)
Superman III (1983) ================စူပါမန်း ရုပ်ရှင်တွေမှာ အဓိကကျတာကတော့ သူနဲ့ရင်ဆိုင်ရတဲ့ Villain တွေပါပဲ။ ဒီ၁၉၈၃ ခုနှစ်ကထွက်ခဲ့တဲ့ အပိုင်း ၃ မှာလည်း စူပါမန်းရဲ့ villain က တစ်ခြားကမ္ဘာက စွမ်းအားမြင့် ဂြိုလ်သား တွေ နတ်ဘုရားတွေမဟုတ်ဘဲ သာမန် လူတွေပါပဲ။၁၉၈၀ နောက်ပိုင်း ကွန်ပြူတာတွေ စခေတ်စားလာတဲ့အခါမှာ ကွန်ပြူတာကို အထူးကျွမ်းကျင်တဲ့ ဂက်စ်ဂေါ်မန်ဆိုတဲ့ လူတစ် ယောက်က သူ့ရဲ့ မဟာအကြံစည်ကြီးမှာ စူပါမန်းက အနှောင့် ယှက်အတားဆီးဖြစ်နေမှာသိတဲ့အတွက် စူပါမန်းရဲ့အားနည်း ချက်ဖြစ်တဲ့ ခရစ်ပတွန်ကျောက်ကို ပုံတူပွားပြီး Evil Superman ဖြစ်အောင် လှည့်ကွက်နဲ့အသုံးချလိုက်ပြီး လူတွေရဲ့ ယုံကြည်အား ကိုးမှုကိုပျက်ပြားအောင်လုပ်ပြီးသွေးခွဲလိုက်ပါတယ်။ ဒီဒုစရိုက် သမား ဉာဏ်ကြီးရှင်ကိုလည်း စူပါမန်းဘယ်လိုအနိုင်ယူသွားမလဲ ဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.0 GB) / (1.0 GB) / (500 MB) Quality............BLU-RAY 1080p / 720p / ...
movie
Superman III (1983)
1983
Judge Dredd (1995)
မင်းသားကြီးစတားလုံးပါဝင်ထားပြီး 1995 ခုနှစ်ထွက် Judge Dredd ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2012 မှာလည်း Dredd ဆိုတဲ့နာမည်နဲ့ ထပ်မံထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခုနှစ် 2100 ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့မရတော့တဲ့ ကျိန်စာသင့်ကမ္ဘာကြီး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကလည်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မီဂါမြို့တော်ဆိုတဲ့ မြို့တွေကိုတည်ထောင်ခဲ့ကြပြီး နေရာကျဉ်းကျဉ်းလေးမှာ လူဦးရေအများကြီးနဲ့ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ လူဦးရေများလာတာနဲ့အမျှရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းမြင့်မားပြီး သာမာန်တရားရေးစနစ်နဲ့တင် နှိမ်နင်းဖို့မဖြစ်နိုင်တာကြောင့် တရားရေးစနစ်အသစ်တစ်မျိုးကိုအသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်မှာကတော့ စီရင်သူ ဆိုတဲ့လူတွေက ရဲတွေအဖြစ်၊ ဂျူရီလူကြီးတွေအဖြစ်၊ ကွပ်မျက်သူတွေအဖြစ် တာဝန်ယူရင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းရင်း ငြိမ်ဝတ်ပိပြားလာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ မီဂါမြို့တော်တစ်လို့ခေါ်တဲ့ မြို့ကြီးမှာတော့ ဥပဒေကို ကိုးကွယ်တဲ့ စီရင်သူ ဒရက်ဒ် (စတားလုံး) ကဦးဆောင်ပြီး ရာဇဝတ်မှုတွေကိုဖြေရှင်းပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းထောက်လင်မယားမိသားစုကို သ-တ်တဲ့အမှုနဲ့ ဒရက်ဒ်ကိုဖမ်းပြီး စွဲချက်အတင်ခံလိုက်ရပြီး အပြစ်ရှိကြောင်းသက်သေ တွေ့ရှိရတဲ့အတွက် အက်စပန်ထောင်မှာ ထောင်ဒဏ်တစ်သက်ကျခံဖို့အမိန့်ချမှတ်ခံလိုက်ရပပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မီဂါမြို့တော်ကြီးထဲမှာလည်း ...
movie
Judge Dredd (1995)
7.1
Four Weddings and a Funeral (1994)
"ပထမမင်္ဂလာဆောင်" ကိုယ်က အနှောင်အဖွဲ့ကိုကြောက်တတ်တဲ့ လွတ်လပ်သူပေါ့။ မင်္ဂလာဆောင်အခမ်းအနားတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး မင်္ဂလာဆောင်ခြင်းဆိုတာနဲ့ ရန်သူဖြစ်ခဲ့တာပေါ့။ ဒီမင်္ဂလာပွဲမှာ ကိုယ်မင်းကို ပထမဆုံးစတွေ့ခဲ့တယ်။ ချစ်တယ်ဆိုတာ အိပ်နေရတာလောက် မကောင်းဘူးလို့ထင်ထားတဲ့ ကိုယ်...အဲဒီနေ့မှာအချစ်ဆိုတာကို ပါးပါးလေး စတွေ့မိခဲ့တယ်။ မင်းအရမ်းလှနေတယ်။ ကိုယ်တို့ အတူ ကြည်နူးစရာညတစ်ညကိုဖြတ်သန်းခဲ့ပြီး ရိုးရိုးလေးပဲ နှစ်ဦးသဘောတူ ခွဲခွာခဲ့ကြတယ်။ ကိုယ်တို့ဘဝရဲ့ အရေးအကြီးဆုံးအရာတစ်ခု ဆုံးရှုံးသွားမှာကို သိရက်နဲ့တောင်မှပေါ့။ "ဒုတိယမင်္ဂလာဆောင်" ဒီမင်္ဂလာဆောင်ကိုလည်း ကိုယ်နောက်ကျပြန်ပြီ။ ပြီးတော့မင်းရဲ့ သတို့သားဖြစ်မယ့် အခွင့်အရေးမှာလည်း နောက်ကျခဲ့ရပြီ။ ပြီးတော့ ဒီမင်္ဂလာဆောင်တွေကို မုန်းတတ်လာပြီ။ စိတ်ဓာတ်အကျဆုံးအချိန်မှာ မင်းနဲ့တွေ့ခဲ့ပြီး နောက်ထပ် ကြည်နူးစရာညတစ်ညရခဲ့တယ်။ ဒီလိုညမျိုး ဘယ်တော့မှမရနိုင်တော့ဘူးဆိုတဲ့ ခံစားချက်နဲ့အတူ ကိုယ်နှလုံးသားထဲမှာ ကျိတ်ငိုခဲ့ရတယ်။ "တတိယမင်္ဂလာဆောင်" ကိုယ်အမုန်းဆုံးမင်္ဂလာဆောင်ပေါ့။ ကိုယ် မင်းကို ကိုယ့်ရဲ့ခံစားချက်တွေကို ပွင့်လင်းပြခဲ့ပေမဲ့ ဒီဖြစ်စဉ်ကြီးဖြစ်လာတာကို မတားဆီးနိုင်ခဲ့ဘူး။ ကိုယ်ချစ်တဲ့သူက တခြားသူရဲ့ရင်ခွင်ထဲမှာရှိနေတာကို ကြည့်ရတာ အချစ်အပေါ်ထားတဲ့ကိုယ့်ရဲ့ ယုံကြည်မှု ကိုယ့်နှလုံးသားလို တစ်စစီ ကြေမွသွားခဲ့တယ်။ "သေဆုံးခြင်း" ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာ နှလုံးသားတစ်စိတ်တစ်ပိုင်း ...
movie
1994