Channel Myanmar

Pat Morita

Mulan II : The Final War (2004) 5.6
Mulan II : The Final War (2004) Mulan II (2004) Genre – Animation, Comedy, Adventureဒီ ဒုတိယကားလေးမှာတော့ ချစ်သူ နှစ်ဦး ဖြစ်ကြတဲ့ Mulan နဲ့ ဗိုလ်ချုပ် Shang တို့ ပျော်ပျော်ပါးပါး လက်ထပ်မင်္ဂလာပွဲလေး ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ဒါပေမဲ့ နှစ်ယောက်သား ပျော်ပွဲလေး မဆင်နွဲရသေးခင်မှာတင် အင်ပါယာကြီးက သူတို့ကို မင်းသမီး ၃ ပါးကို ကိုယ်ရံတော်လုပ်ရမယ့် လျှို့ဝှက်တာဝန်တစ်ခု ဆောင်ရွက်ခိုင်းလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ Mushu တစ်ကောင်လည်း အကယ်၍သာ Mulan က Li မျိုးနွယ်နဲ့ လက်ထပ်လိုက်မယ်ဆို သူ့ရဲ့အစောင့်အရှောက် မိသားစုတာဝန်လေး ပျောက်ပျက်သွားမှာစိုးတဲ့အတွက် အတွဲကြားကို ခလောက်ဆန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာ မင်းသမီးလေးတွေက မချစ်မနှစ်သက်တဲ့လူတွေနဲ့ လက်ဆက်ရမှာကို Mulan အနေနဲ့လည်း ကိုယ်တွေ့ကြုံဖူးတဲ့အတွက် သဘောမတူရာကနေ အင်ပါယာအမိန့် ဖီဆန်ရမလားဆိုပြီး Shang နဲ့လည်း မေးခွန်းထုတ်စရာတွေ ဖြစ် ပြဿနာတက်တဲ့အချိန်မှာပဲ ...
movie

Mulan II : The Final War (2004)

2004
Mulan (1998) 7.7
Mulan (1998) Mulan 1998 IMDb: 7.7/10ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီးဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများကစစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသားတစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်…ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကိုမြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန်အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် ...
movie

Mulan (1998)

1998
The Karate Kid Part III(1989) 5.3
The Karate Kid Part III(1989)  ဒီကားလေးကတော့ Karate Kid Trilogy ရဲ့ နောက်ဆုံးကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီကားမှာထူးခြားတာက တချို့ကားတွေလို မင်းသားက သိုင်းကောင်းကောင်း မတတ်ပေမဲ့ စိတ်ဓာတ်ခိုင်မာတဲ့ပုံစံမျိုးမဟုတ်ပါဘူး အပြင်မှာဖြစ်နိုင်တာတွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင်ရိုက်ပြထားတဲ့ကားလေးပါပဲ တချို့ သိုင်းကားတွေလို ဂျွမ်းထိုးမှောက်ခုံပျံတက်ပတ်ချ မပါပေမဲ့ ရပ်ကွက်တွေတို့ လမ်းတွေတို့မှာ ဖြစ်ရင်ချမဲ့အကွက်တွေကို ပီပြင်အောင်ရိုက်ပြသွားတာပါ ကရာတေးကို တီးမိခေါက်မိရှိတဲ့သူတွေအတွက်ကတော့ တကယ့်ကိုရွှေပါပဲဗျာ အဲဒါအပြင် လူတစ်ယောက်ရဲ့ အမှန်တကယ်စွမ်းအားက အဲဒီလူတစ်ယောက်ရဲ့ကိုယ်တွင်းမှာပဲဖြစ်တာကို သေချာလေးထုတ်ဖော်ပြသသွားတာပါ တကယ်ဖြစ်ချင်တဲ့စိတ်ရှိရင် လူစွမ်းနိုင်တဲ့ဘယ်အလုပ်မဆို လုပ်နိုင်တယ်ဆိုတာလေးပါပြသခဲ့တာပါ ကျွန်တော်တို့သာ ရချင်တဲ့စိတ် တကယ်ပြင်းပြရင် ကျွန်တော်တို့လိုချင်နေတဲ့အရာကြီးဟာ တစ်နေ့မှာတော့ မလွဲဧကန်ရနိုင်မှာပါခင်ဗျာ ဇာတ်လမ်းအကျဉ်း ပထမဆုံးကားမှာ ဂျွန်ခရိစ်ရဲ့ ကော်ဘရာကိုင်က ဗိုလ်လုပွဲမှာရှုံးနိမ့်သွားပြီး ဂျွန်ခရိစ်ကလည်း သူ့သင်တန်းသား ဂျွန်နီလောရန့်ကို အကြမ်းဖက်လိုက်တဲ့အတွက် သူ့သင်တန်းမှာ ၉လလုံးလုံး သင်တန်းသားတစ်ယောက်မှလာမတက်တာနဲ့ သူလည်း စီးပွားပျက်ပြီး‌တော့ စစ်ပွဲတုန်းက သူအသက်ကယ်ပေးလိုက်လို့ သူ့ကို စပွန်ဆာပေးထားတဲ့ ဆေးဗားဆီကိုရောက်သွားပါတော့တယ် ဆေးဗားကလည်း သူ့သူငယ်ချင်းကိုထိတော့ လက်စားချေချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာတာနဲ့ပဲ ...
movie

The Karate Kid Part III(1989)

The Karate Kid Part II (1986) 6.1
The Karate Kid Part II (1986)  ဒီတစ်ခါ တောင်းဆိုထားတဲ့ ပရိသတ်ကြီးအတွက် Karate Kid Part 2 လေးတင်ဆက်ပေးလိုက်ပါတယ် အရင်ကားကို ကြည့်ပြီးတဲ့သူတိုင်း မစ္စတာမီရာဂီရဲ့ ခုခံဖို့သာအဓိကဆိုတဲ့ ကရာတေးကို ဒီကားထဲမှာလည်းဆက်လက်တင်ဆက်ပြခဲ့တာပါ ဒါပေမဲ့ နည်းနည်းလေးတော့ ပြောင်းလဲခဲ့တာပေါ့လေ ဇာတ်လမ်းအကျဉ်း ဒန်နီရယ်က ဗယ်လီဒေသပေါင်းစုံပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်သွားပြီး ဂျွန်နီကတော့ ဒုတိယနဲ့မကျေမနပ်ဖြစ်ခဲ့ရတာပေါ့ ဒန်နီရယ်နဲ့ ဂျွန်နီတို့လုနေတဲ့ အယ်လီဆိုတဲ့ကောင်မလေးကလည်း ဘောလုံးသမားတစ်ယောက်နဲ့ ကြိုက်သွားတော့ ဒန်နီရယ်ကလည်းကျန်ရစ်ဖြစ်နေခဲ့တာပေါ့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိုကီနာဝါကနေ မစ္စတာမီရာဂီ နာမည်နဲ့စာတစ်စောင်ရောက်လာပါလေရော အဲဒီစာထဲမှာ မစ္စတာမီရာဂီ ရဲ့အဖေအသည်းအသန်ဖြစ်နေတဲ့အကြောင်းရေးထားတော့ မစ္စတာမီရာဂီလည်း အိုကီနာဝါပြန်ဖို့စီစဉ်ရတော့တာပေါ့ ဒန်နီရယ်ကလည်း သူ့အမေနဲ့ ဖရန်ဆိုကိုမလိုက်ချင်တာနဲ့ပဲ ငွေစုအကောင့်ထဲက ပိုက်ဆံတွေအကုန်ထုတ်ပြီး မစ္စတာမီရာဂီနဲ့ အိုကီနာဝါအထိကိုလိုက်ခဲ့ရတော့တာပေါ့ အဲဒီတော့ ဒီဇာတ်ကားလေးက ဂျပန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးရိုက်ထားတဲ့ကားလေးပါပဲ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဒန်နီရယ်တို့ကို ချိုဇန်ကလာကြိုတော့ပါတယ် ဇာတ်လမ်းလေးကတော့ အဲဒီမှာပဲစခဲ့တာပါ ဒန်နီရယ်တို့ရောက်မှာကို ချိုဇန်ကဘယ်လိုသိပြီး ဘာလို့လာကြိုတာလဲ မစ္စတာ မီရာဂီကရောဘာလို့ အိုကီနာဝါကနေထွက်လာခဲ့တာလဲ သူထွက်သွားပြီး ၄၅နှစ်အကြာမှာ ...
movie

The Karate Kid Part II (1986)

The Karate Kid (1984) 7.3
The Karate Kid (1984)   '' တပည့်ဆိုးဆိုတာ မရှိဘူး၊ ဆရာဆိုးပဲ ရှိတယ်'' '' တိုက်ခိုက်တာကိုဘာလို့လေ့ကျင့်ရတာလဲ၊ တိုက်ခိုက်ဖို့မလိုအောင်ပေါ့''ဂျက်ကီချန်းရဲ့ Karate Kid ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အဲဒီရုပ်ရှင်ရဲ့ မူရင်းဗားရှင်း ဂန္ဓဝင်ရုပ်ရှင်ကားကြီးကို ပြန်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာ ကရာတေးဆရာကြီး မီယာဂီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Pat Morita ဟာ အကောင်းဆုံးဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ fight scene တွေထက် မှတ်သားစရာ စကားတွေ သင်ခန်းစာယူစရာ အကြောင်းအရာတွေက ပိုပြီး စိတ်ဝင်စားဖို့တောင်ကောင်းပါသေးတယ်။ Action,Drama,Family ရုပ်ရှင်တွေထဲမှာတော့ ကြည့်ကိုကြည့်သင့်တဲ့ ကားပါပဲ။ File size…(2.2 GB)/(1.1 GB)/(500 Mb) Quality….Bluray rip 1080p / 720p / 480p Format…mp4 Duration….02:06:00 Genre...Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

The Karate Kid (1984)

Spy Hard (1996) 5.4
Spy Hard (1996) Spy Hard (1996)ဒါလေးက Naked Gun မင်းသားကြီး Leslie Nielsen ပါဝင်ထားတဲ့စပိုင်ဇာတ်လမ်း အက်ရှင်ဟာသဇာတ်ကားလေးပါ ..007 ဟာသဗားရှင်းဆိုလည်း မမှားပါဘူး ..နာမည်ပေးထားတဲ့ Spy Hard ဆိုတာကလဲ ဘရုစ်ဝီလီရဲ့ နာမည်ကြီး Die Hard ကို အခွက်ပြောင်ထားတာပါ။အထဲမှာလဲ နာမည်ကြီးအက်ရှင်ဇာတ်ကားတချို့ကို အခွက်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကတော့...ကမ္ဘာကြီးကိုဖျက်ဆီးမယ့်ဂြိုလ်တုလွှတ်တင်ဖို့ကြံရွယ်နေတဲ့ လူဆိုးဗိုလ်ချုပ်ကြီးကိုတားဆီးဖို့အတွက်အထူးအေးဂျင့် Dick Steele (နာမည်ကအဆန်း) တစ်ယောက် အစွမ်းကုန်ကြိုးစားရင်းအလွဲလွဲအချော်ချော်ဖြစ်ပေါ်တာတွေကို ခွီရအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။  File size…(1.4 GB) / (800 MB) / (400 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

Spy Hard (1996)

Midway (1976) 6.8
Midway (1976) unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold ဆိုတဲ့အတိုင်း1976 က စစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်နဲ့ ဂျပန် ရဲ့ပစိဖိတ်တိုက်ပွဲတွေထဲက တစ်ခုဖြစ်တဲ့Midway တိုက်ပွဲအကြောင်းရိုက်ကူးထားတာပါ။ဒီတိုက်ပွဲကတော့ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအပြီးခြောက်လအကြာမှာ Midway ကျွန်းကိုဂျပန်တွေတိုက်ခိုက်ဖို့ စီစဉ်ရာကနေ စတင်တာပါ။ဒီတိုက်ပွဲမှာ ဂျပန်ရေတပ်က အင်အားသာနေပေမယ့်အမေရိကန်စစ်တပ်ဘက်က တိုက်ခိုက်မယ့်နေရာအချိန်တွေကို ကြားဖြတ်နားထောင်ရင်း သိရှိလိုက်ရပါတယ်။ဒါပေမယ့် ဂျပန်တွေက အာရုံပြောင်းချင်လို့ တမင်သတင်းပေးတာလား?တကယ်ပဲ သူတို့ရဲ့ရည်ရွယ်ရင်း အမှန်လား?ဆိုတာသေသေချာချာမသိရတဲ့ အခြေအနေတစ်ခုမှာအမေရိကန်က ဘယ်လိုဆက်လက်စီစဉ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ဒီတိုက်ပွဲဟာ အမေရိကန်နဲ့ ဂျပန်တို့အကြား အဆုံးအဖြတ်ပေးလိုက်တဲ့တိုက်ပွဲလို့တောင်ဆိုကြပါတယ်။လတ်တလော 2019 version ဇာတ်လမ်းလဲထွက်နေပြီမလို့အခု1976က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းကို အရင်တင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 6.8/10 Rotten Tomatoes 47% ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့ Midway(1976)ပါ။File Size : ( 1 GB , 442 MB )Quality :  BluRay ...
movie

Midway (1976)

1976