Channel Myanmar

Pascale Arbillot

My Dog Stupid (2019) 6.2
My Dog Stupid (2019)  IMDB - 6.2 Rotten tomatoes - 80%မော်ရီမိုဟန်ဟာ လွန်ခဲ့တဲ့ 25 နှစ်တုန်း bestsellerစာအုပ်ကိုရေးသားခဲ့ပြီးနောက်ပိုင်းမှာတော့ ပေါက်ကရဖွတ်ကျားစာပေတွေပဲရေးနေမိတယ်။ စာရေးဖို့ဆိုပြီးဆုရတုန်းကငွေကြေးတွေနဲ့ ပင်လယ်ကမ်းခြေနဲ့နီးတဲ့နေရာမှာ မြေငါးဧကကျယ်တဲ့အိမ်တစ်လုံးဝယ်ထားခဲ့ပေမယ့်ထင်သလိုဖြစ်မလာခဲ့ပါဘူး။စာပေစိတ်ဝင်စားတဲ့ စီဆီလ်နဲ့အတူအိမ်ထောင်ကျပြီးသားသုံးယောက် သမီးတစ်ယောက်ထွန်းကားခဲ့တယ်။လူရိုသေရှင်ရိုသေစာပေတွေမရေးနိုင်ခဲ့တာကဒီကလေးတွေကြောင့်ဆိုပြီး စိတ်ထဲမှာအမြဲတမ်းပြစ်တင်နေခဲ့တယ်။ သူ့အိပ်မက်ဖြစ်တဲ့ ရောမမြို့ကိုသွား ၊အနုပညာတွေကိုခံစား ၊တစ်ကိုယ်တည်းလေလွှင့်ရင်းစာပေရေးဖို့ဆိုပေမယ့် တစ်နေ့တစ်နေ့ အိမ်မှုကိစ္စတွေကိုပဲဖြေရှင်းနေရတယ်။ မိသားစုဆိုတာ သူ့အတွက်ပြဿနာတွေပဲပေးတယ်ဆိုတဲ့ခံယူချက်ကြောင့် တစ်မိသားစုလုံးနဲ့အမြဲတမ်းရန်ဖြစ်ရတယ်။ဒီလိုအတ္တဆန်တဲ့အတွေးတွေဟာ သူ့ကိုပြန်လည်ဒုက္ခပေးလာတဲ့အခါ...... File size…1.71GB / 705MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

My Dog Stupid (2019)

Angry Annie (2022) 6.8
Angry Annie (2022) Angry Annie (2022) =============== IMDb Rating - 6.8/10ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.31 GB) / (937 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 59Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Angry Annie (2022)

2022
Employee of the Month (2021)
Employee of the Month (2021) ***ဒီကားကြည့်ပြီး လစာတိုးမပေးတဲ့ သူဌေးကို အပြတ်ရှင်းပြီး အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့ အကြံတွေဘာတွေ ရသွားမယ်ဆိုရင်တော့ CM က တာဝန်မယူပါဘူးနော်။***ဒီတစ်ခေါက်မှာတော့ IMDB 5.8/10, Rt 77% ရရှိထားတဲ့ Emplyoee of the month ဆိုတဲ့ Crime/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သန့်ရှင်းရေးသုံးပစ္စည်းတွေ ရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အင်းနစ်က ဘက်စုံတော်ပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့ ရုံးမှာတော့ နေရာတကာ သူပဲလုပ်နေရရှာပြီး အစုံသုပ်ဖြစ်လို့နေရှာတာပါ။ အလုပ်ဝင်လာတာ ၁၇ နှစ်တောင် ရှိပြီဖြစ်ပေမဲ့ တခြားအမျိုးသားဝန်ထမ်းတွေသာ တစ်နှစ်ပြီး တစ်နှစ်လစာတိုးသွားတယ်၊ သူမမှာတော့ နဂိုအတိုင်း လစာမတိုးလို့ အလုပ်ရှင်ပတ်ထရစ်ကို သူ့ကိုလစာတိုးပေးဖို့ ဝင်ပြောရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။အဲဒါကတော့ အင်းနစ်နဲ့ အလုပ်သင်အသစ်ကလေး မယ်လိုဒီရဲ့လက်ချက်နဲ့ သူတို့ရဲ့အလုပ်ရှင်ပတ်ထရစ် သေဆုံးသွားတာပါပဲ။ တမင်လုပ်တာမဟုတ်ပေမဲ့ သေတဲ့လူက သေသွားပြီမို့ အလောင်းဖျောက်ဖို့ ကြိုးစားကြရတာပေါ့လေ။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ...
movie

Employee of the Month (2021)

What If…? (2008) 5.8
What If…? (2008) What If...? (2008) ============== IMDb Rating - 5.8/10ဗစ်တာနဲ့ မာဂေါ့တို့ချစ်သူနှစ်ဦးဟာ ရှေ့နေရုံးမှာအလုပ် တူတူလုပ်နေကြတဲ့ ရှေ့နေတွေဖြစ်ကြပါတယ်။ ပျော်ရွှင်စွာ အတူတူနေထိုင်ရင်း အိမ်ထောင်ပြုဖို့ကြိုးစားနေကြတဲ့ သူတို့နှစ်ဦးအတွက် အပြောင်းအလဲကြီးဖြစ်လာစေတာ ကတော့ သူတို့ရုံးကရာထူးအကြီးဆုံးသူ ရုတ်တရတ်ဆုံးပါး သွားရာကနေ လစ်လပ်ရာထူးအတွက်ယှဉ်ပြိုင်ကြရာမှာ နောက်ဆုံးယှဉ်ပြိုင်ရမယ်သူအဖြစ် ချစ်သူနှစ်ဦးထိပ်တိုက် တွေ့ဆုံကြပါတော့တယ်။What if ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ဗစ်တာအရွေးချယ် ခံလိုက်ရပြီး အတွင်းရေးမှုးနဲ့ဖောက်ပြန်တဲ့ဘဝ၊ မာဂေါ့ အရွေး ချယ်ခံရပြီး ဘော့စ်နဲ့ ဖောက်ပြန်ကြတဲ့ဘဝ တွေကို ပြိုင်တူရှု စားရင်း သူတို့နှစ်ဦး အဆုံးသတ်မှာ ဘာကိုရွေးချယ်ပြီး ဘယ်လို ဇာတ်သိမ်းကြမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.72 GB) / (652 MB) / (369 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Chit Min Thu Encoder..........SWM
movie

What If…? (2008)

2008