Channel Myanmar

Pascal Lamothe-Kipnes

Everything Puppies (2024) 6.0
Everything Puppies (2024)  ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppiesရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိသဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင်ဖန်တီးလေ့ရှိပါတယ်။တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်းတာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေကလက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက်အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့်အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကိုချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစလုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုကလိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်းအထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Everything Puppies (2024)

Never Been Chris’d (2023) 5.4
Never Been Chris’d (2023) Never Been Chris'd (2023) =====================နှစ်အကြာကြီးနေမှ ကျောင်းတုန်းက crush ကြီးကို အရှင်လတ်လတ်ပြန်တွေ့ရရင် ဘယ်လိုခံစားရမယ် ထင်ပါသလဲ။ နှစ်ဖက်လုံးက လူပျိုလူလွတ်အခြေအနေနဲ့ဆိုရင် ပေါ့။ ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်ပိတ်ရက် မွေးရပ်မြေကိုပြန်လာတဲ့ အချစ် ဆုံးသူငယ်ချင်းမနှစ်ယောက် ၁၇ နှစ်ကြာမှ ကျောင်းတုန်းက crush နဲ့ ပြန်ဆုံရပုံ၊ သူတို့တွေရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေကို ခရစ္စမတ်အငွေ့အသက်လေးနဲ့ ခပ်မြူး မြူး‌လေးပုံဖော်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - နေအိုမီနဲ့လစ်ဇ်ဟာ အထက်တန်းကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ၃၅ နှစ်အရွယ်တန်းကို ရောက်လာတဲ့အထိ အတူအလုပ်လုပ်ရင်း single ဘ၀နဲ့ နေလာ ကြသူတွေပေါ့။ ခရစ္စမတ်ပိတ်ရက်ရှည်မှာတော့ သူတို‌ဇာတိမြေကိုပြန်လာခဲ့ကြပါတယ်။ အဲဒီမြေကို စရောက်ပါပြီဆိုကတည်းက အရင်ဆုံးကြုံတွေ့ရသူဟာ သူတိုနှစ်ယောက် လုံးရဲ့ အထက်တန်းကျောင်းက crush ကြီး ခရစ်ဆေးလ်ဗားပါပဲ။ ခရစ်ကောင်းမှုနဲ့ တခြား အတန်းဖော်ဟောင်းတွေနဲ့ပါ ပြန်ဆုံရပြီး ခရစ်နဲ့လည်း အရင်ထက်ပိုရင်းနှီးလာကြပါတယ်။ နေအိုမီနဲ့လစ်ဇ်ဟာ အိမ်ကမိသားစုပြဿနာတွေ အလုပ်ကိစ္စတွေဖြေရှင်းရင်းကပဲ ခရစ်နဲ့ သုံးပွင့်ဆိုင်ဆန်ဆန် အချစ်ဇာတ်‌လမ်းလေးစတင်ပါတော့တယ်။ဒီလိုနဲ့ ဘယ်သူက ခရစ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရမလဲ၊ အချင်းချင်းအမြဲအနစ်နာခံလေ့ရှိတဲ့ နေအိုမီနဲ့လစ်ဇ်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လိုတွေအစမ်းသပ်ခံရမလဲ၊ နောက်ဆုံး မှာ ...
movie

Never Been Chris’d (2023)

2023