Channel Myanmar

Parvin Dabas

Sharmajee Ki Beti (2024) 6.5
Sharmajee Ki Beti (2024) Sharmajee Ki Beti (2024) "ရှာမာဟူသော အမျိုးသမီးများ"IMDb 6.5 ရထားတဲ့ ဟင်ဒီ ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တင်ဆက်လို့မကုန်နိုင်တဲ့ အမျိုးသမီးတို့ ဗဟိုပြု female empowerment ရုပ်ရှင်လေးပါဒီရုပ်ရှင်လေးမှာ မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊ အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ် ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊ တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာ စီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက် ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ …အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ~ ToMo ~ Alex ~ KKKZ တို့ ...
movie

Sharmajee Ki Beti (2024)

2024
State of Siege: Temple Attack(2021) 9.3
State of Siege: Temple Attack(2021) State of Siege: Temple Attack (2021) မြန်မာစာတန်းထိုးအိန္ဒိယရုပ်ရှင်အထွက်ကြဲနေချိန်မှာ Akshaye Khanna ရဲ့ ဖြစ်ရပ်မှန်အခြေခံအကြမ်းဖက်နှိမ်နင်းရေးရုပ်ရှင်လေးတွေ့တာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။မေဂျာဟာနွတ်ဆင်းဟ်ဦးဆောင်ပြီး ကက်ရှ်မီးယားတနေရာကို စစ်ဆင်ရေးသွားကြတဲ့ NSG (National Security Guard) ကွန်မန်ဒိုတပ်ဖွဲ့ဟာ စစ်ဆင်ရေးမှာ တလွဲတချော်ဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းမိခဲ့ပေမယ့် ဟာနွတ်နဲ့ညီအကိုလိုနေတဲ့ ကပ္ပတိန်ဘီဘာ့ခ်တစ်ယောက် ကျသွားပါတယ်။ဒီဖြစ်ရပ်နောက်ပိုင်း နောင်တတွေရပြီး တစ်ချိန်လုံး သူ့ကိုယ်သူ အပြစ်တင်နေတဲ့ မေဂျာဟာနွတ်တစ်ယောက် ပြည်နယ်ဝန်ကြီးရဲ့ အစည်းအဝေးတစ်ခုကို လုံခြုံရေးယူပေးဖို့ အထက်ကတာဝန်နဲ့ သွားရင်း ကပ္ပတိန်ဘီဘာ့ခ်ရဲ့အသက်ကို နှုတ်ယူခဲ့တဲ့ အကြမ်းဖက်သမားအဖွဲ့နဲ့ တဖန်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပြီး အပစ်အခတ် အသတ်အပုတ်တွေများများပါတဲ့ အက်ရှင်ကားမို့ ဇာတ်လမ်းအကြောင်းအရာကို ဒီလောက်ပဲ ပြောပြလို့ ရပါတယ်။သူတို့နိုင်ငံပရိတ်သတ်တွေကိုယ်တိုင်က ကြည့်ရတာတန်တယ်လို့ ရီဗျူးပေးကြတာမို့ အချိန်ပေးရကျိုး နပ်မှာ သေချာပါတယ်။ Translated and Reviewed by : Myint ThuEncoded by : YKQuality : 1080p WEBDL and 720pFile Size : 1.83GB and 1GBDuration :1h 50mins
movie

State of Siege: Temple Attack(2021)

2021