Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Parry Shen
First Daughter (2004)
ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie
First Daughter (2004)
5.4
Hatchet II (2010)
Genre – Action, Horror, Thriller IMDB – 5.4/10ရှေ့က ထွက်ထားတဲ့ Hatchet ပထမကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ။ပထမကားမှာ မင်းသမီးဖြစ်တဲ့ မယ်ရီဘတ်က လွတ်မြောက်ရာကနေပြန်အစပျိုးထားတာ ဖြစ်ပါတယ်။ဒါပေမဲ့ မင်းသမီးနေရာတော့ သရုပ်ဆောင်ပြောင်းသွားပါတယ်။ကဲ ဆက်ပြောရမယ်ဆို မယ်ရီဘတ်တစ်ယောက်သေဘေးကနေ လွတ်လာတယ်။ဒါပေမဲ့ အမှတ်မရှိဘူး ဒီကောင်ကြီးကို ပြန်သွားသတ်ချင်တယ်သူ့ အစ်ကိုနဲ့ အဖေအတွက် သွေးကြွေးဆပ်ချင်တယ်ပေါ့။အဲဒါနဲ့ ဒီလို ခရီးစဉ်တွေ လုပ်ခဲ့ဖူးတဲ့ ဇွန်ဘီးဆိုတဲ့လူဆီအကူအညီသွားတောင်းတော့ ဒီ ရဲတင်းသရဲကြီး ဗစ်တာခရောင်လီနဲ့သူတို့မိသားစုက ဆက်နွယ်နေတာကို သိသွားခဲ့တယ်။နောက်ပြီး ဒီ ဇွန်ဘီးဆိုတဲ့လူကြီးက မယ်ရီဘတ်ကိုကူညီပေးမယ်ဆိုပြီး သူတို့ ပတ်ဝန်းကျင်က အမဲလိုက်မုဆိုးတွေငါးဖမ်းသမားတွေ ဆရာကြီးတွေကို စည်းရုံးပြီးလက်နက်အပြည့်အစုံနဲ့ စိမ့်တောထဲ ပြန်သွားပြီးလိုက်ရှာသတ်ကြတဲ့အခါမှာတော့…..။မယ်ရီဘတ်တစ်ယောက် အဖေနဲ့ အစ်ကိုရဲ့အလောင်းကိုပြန်ယူနိုင်မလား ဒါမှမဟုတ် လက်စားပြန်ချေနိုင်မလား…ဘုန်းတော်ကြီးဇွန်ဘီးဆီမှာရော ဘယ်လိုလျှို့ဝှက်ချက်ရှိလို့ဒီလိုပြန်သွားရတာလဲ…ကျန်တဲ့ပါလာတဲ့ကြေးစားတွေရော ဒီကောင်ကြီးကိုသတ်နိုင်ကြမှာလားဆိုပြီး ကြည့်ရှုရမှာပါ။R-Rated ဖြစ်တဲ့အတွက် အသတ်အဖြတ်တွေကြမ်းတမ်းပြီး မမြင်သင့်တာတွေ လူနှစ်ယောက်ပလူးတာတွေပါဝင်တဲ့အတွက် ကြည့်ရှုခါနီး သတိပြုစေလိုပါတယ်ဗျ။ File size… 1.82 ...
movie
Hatchet II (2010)
2010
5.6
Hatchet (2006)
Genre – Horror, Thriller, Comedy IMDB – 5.6/10 အမေရိကန် လူဝီဆီယားနာပြည်နယ်မှာ ချောက်ခြားဖွယ်ရာစိမ့်တောပုံပြင်လေး တစ်ပုဒ်ရှိပါတယ်။ဗစ်တာခရောင်လီဆိုတာ ရုပ်ဆိုးပန်းဆိုးနဲ့မွေးဖွားလာတဲ့ကလေးတစ်ယောက်ပါ။သားအဖနှစ်ယောက်တည်း လူသူကင်းဝေးတဲ့တောထဲနေကြတာပေါ့၊ အဲဒီလိုနဲ့ တစ်ညကြတော့ ဖခင်ဖြစ်သူဟာစိတ်ဖောက်သွားပြီး သားဖြစ်သူကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ဆိုပြီးရဲတင်းကြီးနဲ့ ခုတ်သတ်လိုက်ပါတယ်။အဲဒါကြောင့် ခုထိ စိမ့်တောထဲမှာ သူတို့အိမ်နားဖြတ်ရင် “ဖေဖေရေ” လို့ ငိုယိုပြီး ခေါ်နေသံ ကြားရတယ်လို့ ဆိုကြပါတယ်။ဘန်တစ်ယောက် ၈ နှစ်ကြာတွဲခဲ့တဲ့ ကောင်မလေးနဲ့ပြတ်ပြီး ဘော်ဒါတွေနဲ့ ခရီးထွက်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေ မရပဲလင်းတမှိုင်မှိုင်ပြီး ရည်းစားပူမိနေတာပေါ့။ ဒီလိုနဲ့ သူ့ ဘော်ဒါတွေနဲ့ မလိုက်ပဲ ကောလိပ်တုန်းကလူတွေအကြံပေးလိုက်တဲ့ စိမ့်တောထဲက သရဲခြောက်တဲ့လှေစီးခရီးစဉ် သွားဖို့ ကြံစည်ပါတော့တယ်။အဲဒီမှာ မနေနိုင်တဲ့ သူငယ်ချင်း မားကပ်စ်ကလည်း ပါလာခဲ့တာပေါ့။သူတို့ရဲ့ စိမ့်တောခရီးစဉ်မှာတော့ အသက်ကြီးကြီး စုံတွဲတစ်တွဲရယ်အပျော့စားအပြာကားရိုက်ဖို့ ကောင်မလေးနှစ်ယောက်နဲ့ဒါရိုက်တာလိုဘဲကြီးရယ် စကားနည်းပြီး ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ရယ်ခရီးစဉ်ခေါင်းဆောင် လူလိမ်လိုလိုကောင်ရယ် ဘန်တို့ရယ်စိမ့်တောထဲ ထွက်လာကြတဲ့အချိန်မှာတော့…..။Friday the 13th တို့ Texas ...
movie
Hatchet (2006)
2006
7.6
Starship Troopers (1997)
Genre – Action, Adventure, Sci-fi IMDB – 7.3/10ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်းပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီးလူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကိုရိုက်ကူးထားတဲ့လူပါ။နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effectစကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic ...
movie
Starship Troopers (1997)
1997
7.1
Snowpiercer (2013)
ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ခုနှစ်မှာ CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။File size…(1.7 GB) and ...
movie
Snowpiercer (2013)