Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Parkman Wong
7.8
The Killer (1989)
The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie
The Killer (1989)
1989
5.9
Dr. Lamb (1992)
Dr.Lamb (1992)ဟောင်ကောင် Noir ကားကိုမှ Horror theme နဲ့ ကြည့်ချင်သူများအတွက် ဟောင်ကောင်ရုပ်ရှင်မင်းသား Danny Lee ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စုံထောက်လီအနေနဲ့ပါ သရုပ်ဆောင်ထားတဲ့ ၁၉၉၂ ခုနှစ်ထွက် ဟောင်ကောင်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ တကယ့်ကွင်းဆက်လူသ-တ်မှုကြီးကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ တက္ကစီကားသမားအသွင်နဲ့ မိန်းကလေးတွေကို ကားပေါ်တင်၊ ရက်ရက်စက်စက် သ-တ်ဖြတ်၊ မုဒိ-မ်းကျင့်၊ အပိုင်းပိုင်း ခု-တ်ထ-စ်ပြီး ဓာတ်ပုံတွေရိုက်ယူထားကာ ဆန်အိတ်ထဲထည့်ပြီး လွှတ်ပစ်တဲ့ လင်းကော်ယွီဆိုတဲ့ ကွင်းဆက်လူသ-တ်သမားအကြောင်းကို ဟောင်ကောင်ရုပ်ရှင်တွေရဲ့ အငွေ့အသက်တွေနဲ့အတူ ဖန်တီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။လင်းကော်ယွီရဲ့ စိတ်အခြေအနေနဲ့ ယုံကြည်မှုတွေ၊ သူဘာလို့ သ-တ်ရတယ်၊ ဘယ်လိုမျိုး သ-တ်ပါတယ်ဆိုတဲ့အကြောင်း ဖြောင့်ချက်ပေးတာကို မင်းသား Simon Yam သရုပ်ဆောင်ပြထားပုံက တော်တော်ပီပြင်လွန်းလှပါတယ်။ ဘယ်လိုပီပြင်လဲဆိုတာ သိချင်ရင်တော့ လင်းကော်ယွီရဲ့ဘဝဇာတ်ကြောင်းကို စုံထောက်လီနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတော့တယ်။ဟောင်ကောင် Horror ရုပ်ရှင်လောကမှာတောင် Category 3 သတ်မှတ်ထားရတဲ့အထိ ဆိုးဝါးလှတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် အဖော်အချွတ်ခန်းတွေလည်း တော်တော့် တော်တော်ကို ...
movie
Dr. Lamb (1992)
1992
7
City on Fire (1987)
City on Fire (1987)~ IMDb - 7/10, Rotten Tomatoes - 85% ~Directed by "Ringo Lam"John Woo ဟာ ၁၉၈၆မှာ A Better Tomorrow နဲ့ Heroic Bloodshed Genre ကို ရုပ်လုံးပေါ်စေခဲ့ပြီးနောက် ချောင်ယွန်ဖတ်လည်း နာမည်ပြန်တက်လာခဲ့တယ်။ ဒီတက်လာတဲ့ သူ့နာမည်ကို ဆက်ထိန်းနိုင်ခဲ့တဲ့ကားတွေလည်း သူဆက်တိုက်ဆက်ရိုက်ခဲ့တယ်။ City on Fire (1987) ဟာ A Better Tomorrow ပြီးတဲ့နောက် အာရှတစ်ခွင်ရော မြောက်အမေရိကမှာပါ လူသိများလာတဲ့ ချောင်ယွန်ဖတ်ကို ဆထက်တိုးလူသိများအောင် လုပ်ပေးခဲ့တယ်။ ရင်ဂိုလန်းကတော့ City on fire နဲ့ စအောင်မြင်လာခဲ့သလို City on Fire နဲ့ပဲ ဟောင်ကောင်အကယ်ဒမီမှာ ဒါရိုက်တာဆုခဲ့ရတယ်။ ...
movie
City on Fire (1987)
1987
7.0
The Eight Immortals Restaurant: The Untold Story (1993)
လူသားပေါက်စီလို့ဆိုလိုက်တာနဲ့ ဟိုတုန်းကကားတွေတော်တော်များများကို ပြန်အမှတ်ရမိမှာပါ ဒီကားကတော့ မကာအိုပြည်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Eight Immortal စားသောက်ဆိုင်က ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ ၁၉၈၅ မကာအိုပြည်က Eight Immortal ဆိုတဲ့ စားသောက်ဆိုင်လေးမှာ လူနှစ်ယောက် မာကျောက်ကစားရင်း အငြင်းအခုံထဖြစ်တယ် ၀မ်ချီးဟန်ဆိုတဲ့ သိပ်ကိုဖျံကျပြီး ကလိမ်ညာဏ်များတဲ့သူက မာကျောက်ကစားတိုင်း တစ်ကွက်ခိုးခိုးပြီးဆော့တာ ဆိုင်ရှင် ချန်လမ်ကကောင်းကောင်းသိတယ် ဒါကြောင့်လဲ ၀မ်ချီးဟန်နိုင်တိုင်း ပိုက်ဆံမပေးပဲ အကြွေးနဲ့လျှော်လျှော်ထားခဲ့တာ တကယ်တော့ ဆိုင်ရှင် ချန်လမ်ကပိုက်ဆံ တစ်ပြားတောင် ပေးချင်စိတ်ရှိတာမဟုတ်ပါဘူး ဒါပေမယ့် ဒီငွေလေး အနည်းကျဥ်းလောက်အတွက်နဲ့ မကာအိုမှာဟိုးလေးတကျော်ဟော်လေးတစ်ကျိုးဖြစ်သွားစေ တဲ့ ထိပ်တန်းလူသတ်မှု တစ်နည်းအားဖြင့် လူသားပေါက်စီဆိုပြီးနာမည်ကြီးတဲ့ case တစ်ခုပေါ်လာခဲ့ပါတယ် ဒီကားဟာ 1993 လောက်ကရိုက်တဲ့ကားပေမယ့်လို့ တကယ့်အဖြစ်ပျက်နဲ့အတော်လေးတူအောင် ရိုက် ယူထားနိုင်တာတွေ့တယ် နောက်ပြီး R-Rated အဆင့်ရှိ scene တော်တော်များများပါတဲ့အတွက် ကလေးသူငယ်တွေ နှလုံးရောဂါရှိသူတွေမကြည့်ကြဖို့ ပြောချင်ပါတယ်အဲ့ဖက်ခေတ်ကရိုက်တဲ့ကားပေမယ့် အသတ်အဖြတ်တွေ 21+ scene တွေ အော်ဂလီဆန်လောက်အောင်အများအပြားပါ၀င်တာမို့ ကျွန်တော်ကတော့ ဒီလိုကားမျိုး reboot တောင်ပြန်မလုပ်ပါစေနဲ့လို့ဆုတောင်းမိပါတယ် ဒီဖက်ခေတ်နည်းပညာတွေ မိတ်ကပ်အလန်းစားတွေ နဲ့ ရိုက်ရင်ဘယ်လောက်တောင်အော်ဂလီဆန်ရမလဲလို့ ကဲ အော်ဂလီလဲဆန်ရမယ် ရွံဖို့လဲကောင်းရမယ် တကယ့်ဖြစ်ရပ်မှန်လဲဖြစ်တဲ့ကားကိုကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ် တချို့တော်တော်များလဲ ကြည့်ပြီးလောက်ပြီထင်ပါတယ် Translated By : Hein Thet Naing Encoded By : XCode
movie
The Eight Immortals Restaurant: The Untold Story (1993)
1993