Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Park Young-seo
5.9
Project Makeover (2007)
Project Makeover (2007)ဒီဇာတ်ကားလေးဟာ ၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ-ကင်ချန်လေးရဲ့ ကိုရီးယားအချိန်ခရီးသွားဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ငယ်ရွယ်စဉ်အချစ်မှာ နစ်မျောမိသူ နာဂျောင်ဂျူဟာ အသက် ၃၀ အရွယ်ကိုရောက်လာတဲ့အချိန်မှာ အဝတ်အစားဒီဇိုင်းနာလက်ထောက်အဖြစ်နဲ့ ဘဝကို ခက်ခဲစွာရုန်းကန်နေရသူဖြစ်ပါတယ်။ သူ့ကိုတစ်ကြိမ်သာ ဒိတ်ခဲ့ပြီး စွန့်ပစ်သွားတဲ့ အချစ်ဦး ဂျိုဟာနီ(နာမည်ကြီးအဆိုတော်)နဲ့ ဂျောင်ဂျူကို တစ်ဖက်သတ် ချစ်ခဲ့သူ အိုတေးဟွန်း(HiTECHကုမ္ပဏီရဲ့CEOသန်းကြွယ်သူဌေး)တို့နဲ့ တစ်နေ့မှာ မတော်တဆပြန်ဆုံမိခဲ့ကြပါတယ်။ ဂျောင်ဂျူဟာ သူ့လက်ရှိဘဝအပေါ် စိတ်ပျက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ အချစ်ဦးဂျိုဟာနီကြောင့် သူ့ဘဝဒီလိုမျိုး ခက်ခဲစွာရုန်းကန်နေတာလို့ သတ်မှတ်ထားသူလည်းဖြစ်ပါတယ်။ သူ့ဘဝကို ပြန်လည်ပြင်ဆင်ချင်တဲ့စိတ်တွေနဲ့ မိခင်ရဲ့အောက်မေ့ဖွယ်နေ့မှာ အရက်သောက်ပြီး အိပ်ပျော်သွားခဲ့မိပါတယ်။ နိုးလာတဲ့အချိန် ကွန်ပြူတာကို ဖွင့်လိုက်တဲ့အခါမှာ ကွန်ပြူတာဖန်သားပြင်မှာ အတိတ်ကို ပြန်သွားနိုင်တဲ့ ထူးဆန်းတဲ့ ခလုတ်ရှိတာကိုတွေ့ပြီး အချိန်ခရီးသွားလို့ရတာကို သိသွားပါတော့တယ်။ ဒါကြောင့် အတိတ်ကအချိန်ကို ပြန်သွားပြီး သူ့ဘဝကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဂျောင်ဂျူ ကြိုးစားပါတော့တယ်။ အသက် ၃၀ အရွယ် ဂျောင်ဂျူဟာ အသက် ၁၈နှစ်အရွယ် ဂျောင်ဂျူကို သူ့အချစ်ဦး ဂျိုဟာနီနဲ့ မတွဲမိစေဖို့ တကယ်ပဲ တားမြစ်နိုင်မှာလား.... ဒါမှမဟုတ် သူ့ကိုတစ်ဖက်သက်ချစ်နေသူ အိုတေးဟွန်းနဲ့ လက်တွဲသွားအောင် လုပ်ပေးနိုင်မလား... အတိတ်မှာသူဖြစ်ချင်တဲ့ ...
movie
Project Makeover (2007)
2007
7.0
The City of Violence (2006)
The City of Violence(2006)IMDb Rating (6.6) / Rotten Tomatoes (100%)My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ဇာတ်လမ်းကတော့....ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ... ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ........။ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(5.2 GB )/(2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:33:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie
The City of Violence (2006)
6
Almost Che (2012)
Almost Che (2012)ဒီ Almost Che ဆိုတဲ့ ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းနဲ့ ဆင်တူပါတယ်။ဒီကားလေးမှာက ကိုးရီးယားကစစ်အာဏာသိမ်းအစိုးရကို အမေရိကန်တွေ ထောက်ပံ့ပေးမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြကြတာကို အခြေခံရိုက်ကူးထားတာပါ။ဂန်ဒယ်အို ဆိုတဲ့ဇာတ်လိုက်ဟာ တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း ပဲခေါက်ဆွဲလိုက်ပို့တဲ့သူပါ။ တစ်နေ့မှာတော့ သူဟာ ပဲခေါက်ဆွဲလိုက်ပို့ရင်းနဲ့ ဆောယယ်ရင်း ဆိုတဲ့ကောလိပ်ကျောင်းသူကိုချစ်မိသွားတဲ့အတွက် နီးစပ်ဖို့ကြိုးစားရင်း တော်လှန်ပုန်ကန်မှုထဲကို ဘုမသိဘမသိပါဝင်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ ဆောယယ်ရင်းကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ပဲ တလွဲလုပ်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ၊ ကောင်မလေးရဲ့အချစ်ကိုလည်း ရအောင် ကြိုးစားနိုင်မလားဆိုတာ..လက်ရှိအခြေအနေကိုလည်း ထင်ဟပ်ရင်း ရယ်ရွှင်စရာ ဇာတ်နှောလေးနဲ့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 954MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ...
movie
Almost Che (2012)
2012
5.4
[18+] A Tale of Legendary Libido (2008)
Penthouse ရဲ့ ရှေ့နေလီ တဖြစ်လဲ မင်းသားကြီး Bong Tae-gyu ဟာရုပ်မြင်တာနဲ့ ရယ်ရတဲ့ ဟာသသရုပ်ဆောင်ကောင်းတစ်ယောက်ပါ။အခုလဲ သူ့ရဲ့ 18+ ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့... ငယ်စဉ်ကတည်းက မိဘဖြစ်သူတွေ မရှိတော့လို့ အစ်ကိုဖြစ်သူနဲ့သာကြီးပြင်းနေထိုင်ခဲ့ရတဲ့ဗြောင် ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနဲ့မတူဘဲ အင်္ဂါသေးပြီး ဗုဒ္ဓဟူးကြီးနေရှာတာပါ။ ဒီလိုနဲ့ တနေ့မှာ ကံကြမ္မာအလှည့်ပြောင်းပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်စပ်ထားတဲ့ ဆေးတော်ကြီးနဲ့ တွေ့လိုက်တဲ့အခါမှာတော့ အဲ့ကောင်လေးရဲ့ မြုံနေတဲ့ပန်းကြီးပွင့်လန်းလာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ ရွာထဲမှာ ယောကျာ်းတွေအကုန်နီးပါး စစ်မှုထမ်းဖို့ တစ်အိမ်တစ်ယောက်နဲ့ စစ်ထဲပါသွားကြပြီး တစ်ရွာလုံး မာတုကာမတွေချည်းသာကျန်ပါတော့တယ်။ ကိုင်း...နတ်ဆေးတွေ့ထားတဲ့ ဗြောင်ဆိုတဲ့ကောင်လေးနဲ့ တရွာလုံးက မိန်းမတွေ တွေ့ကြတဲ့အခါမှာတော့....။ (BluRay Quality 1080p 5.1 CH နဲ့ စာတန်းထိုးအမှန်အကန်နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။)File size…(1.8 GB) / (1.1 GB) / (500 MB) Quality…BluRay 1080p /720p / Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JJ
movie
[18+] A Tale of Legendary Libido (2008)
2008
6.4
Public Enemy Returns (2008)
[Unicode]Public Enemy Return (2008)စုံထောက် မှုခင်းကားကြိုက်သူများအတွက် ဟာသ မှုခင်း အက်ရှင် ရသစုံတဲ့ ရှပ်ရှင်ကောင်းတစ်ခုပါဇာတ်လမ်းအကျဉ်းလေးတော့ စုံထောက်ဂန်ချောဂျွန်ဟာ အလုပ်မှာ ပြသနာအချို့ကြောင့် ဆိုင်းငံ့ခံထားရပြီး ငွေရေးကြေးရေးပါ အဆင်မပြေလာတဲ့ခါ ရဲအလုပ်ကနေ ထွက်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် ဂန်ချောဂျွန်ရဲ့ အထက်လူကြီး အဖွဲ့ခေါင်းဆောင်ဟာ ထွက်ခွင့်မပေးဘဲ အထက်တန်းကျောင်းသားလေး ဂျောင်ဟာယွန်း အသဆ်ခံရတဲ့ အမှုကို စုံစမ်းဖို့ ပါဝင်စေခဲ့ပါတယ်။အရာရာကို စိတ်ကုန်နေတဲ့ ဂန်ချောဂျွန်ဟာ တဖန်အမှုုပြန်လိုက်ရင်းက သဲလွန်စရခဲ့ပြီး ဟာယွန်းရဲ့ သူငယ်ချင်း၃ယောက်ကို စစ်ဆေးကြည့်လိုက်တော့....ကျောင်းသားတွေကို လေ့ကျင့်ပေးပြီး အလုပ်လုပ်ခိုင်းနေတဲ့ ကုမ္ပဏီတစ်ခုကို သိလိုက်ရတဲ့အခါရာဇဝတ်မှတ်တမ်းရှိတဲ့ ကုမ္ပဏီ ဥက္ကဌ လီဝမ်ဆုကို ထိပ်တိုက်ရင်ဆိုင်ရင်း အမှုဘယ်လိုဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Public Enemy Return (2008)စုံထောက် မှုခင်းကားကြိုက်သူများအတွက် ဟာသ မှုခင်း အက်ရှင် ရသစုံတဲ့ ရှပ်ရှင်ကောင်းတစ်ခုပါဇာတ်လမ်းအကျဉ်းလေးတော့ စုံထောက်ဂန်ချောဂျွန်ဟာ အလုပ်မှာ ပြသနာအချို့ကြောင့် ဆိုင်းငံ့ခံထားရပြီး ငွေရေးကြေးရေးပါ ...
movie
7.9
Sunny (2011)
ဟချွန်းဟွ နင်က ဘာလို့ဒီလောက်တော်တာလဲကြီးလာရင်ယောကျာ်းတွေကို အုပ်ချုပ်ပြီးအလုပ်လုပ်နိုင်မှာ.....ဂျန်းမီ နင်က လေမျက်နှာခွဲစိတ်ပြီးအလှဆုံးဖြစ်လာမှာ..ဂျင်ဟီးရေ နင်ကလေ...ဟာလာမရှုပ်နဲ့ နင်ကလေနောင်ကျရင် အဆဲအဘိဓာန်ထုတ်နိုင်မှာ...ဆောဂွန်အုတ် နင်ကလေ ကြီးလာရင်နာမည်ကြီးစာရေးဆရာမကြီးဖြစ်လာ.....ဘိုဟီး ရေ အခုကစပြီးနင်း မစ်ကိုရီးယားဖြစ်လာတော့မှာနောက်ပြီး ချစ်ရတဲ့ ယောကျာ်းနဲ့ချစ်စရာကလေးလေးမွေးမှာ...ဟဲ့ဆူဂျီမ ဒီကိုကြည့်လိုက်ပါဦး...အနာဂတ်ကနာမီရေ ငါလေ ကြီးလာရင်ပန်းချီဆရာမကြီးဖြစ်ချင်တယ် ပြီးတော့ကာတွန်းစာအုပ်ဆိုင်ဖွင့်ချင်တယ်............တယောသံလေးလေး ဆွဲဆွဲငင်ငင်ဇာတ်ဝင်တေးဖွင့်ထားတဲ့အချိန် ဟိုကလေးဘဝက ဆန္ဒလေးတွေကို ပြေားထားတဲ့ ဗီဒီယိုလေးကိုပြန် ကြည့်မိချိန်လေး.........--------------------------------------------------- xxxx ဒီရုပ်ရှင်ကို လူလတ်ပိုင်း/ကြီးပိုင်း တွေအတွက်ရည်ရွှယ်ပြီးဖော်ပြပေးလိုက်ပါ တယ်xxxxx -----------------------------------------------------ကားနာမည်က Sunny ကိုရီးယားလို(써니 Sseoni) ဖြစ်ပါတယ်။၂၀၁၁ မှာထွက်ရှိထားပြီး ဒီရုပ်ရှင်က IMDb Rating 7.9ရရှိထားပြီး အဲ့ဒီနှစ်ရဲ့ ဒုတိယအမြတ်အကြမ်းဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၁ ခုနှစ်မေလမှာစတင် ပြသခဲ့ပြီးတော့ ကိုရီးယားရဲ့ 20 Fox Century လိုဆိုရမယ့် CJ Entertainment က ဖြန့်ချီထားပါတယ်။ တစ်ကားလုံးကြာချိန် ၁၂၄မိနစ် ရှိပြီး ကိုရီးယား စကားပြော တောင်ကိုးရီးယား ရုပ်ရှင်ဖြစ်ပါတယ်။Budget ကန်ဒေါ်လာ ၅.၅မီလီယံ နဲ့ ...
movie
Sunny (2011)
2011
8.1
Castaway on the Moon (2009)
ဒီတစ်ခေါက် တင်ပေးမှာကတော့ Castaway on the moon ဇာတ်ကားလေးပါ။ ဒီကားလေးက Tom Hank သရုပ်ဆောင်ခဲ့ပြီး oscar ရခဲ့တယ့် Castaway လိုဇာတ်လမ်းမျိုးလေးပါ။ ဒါပေမယ့်ဒီကားက ဟာသနဲ့ ပေါင်းထားပါတယ်။ ဒီဇာတ်ကားက IMDb Rating 8.1 ၊Rotten Tommatoes 93%၊ AsiaWiki Rating 93% တို့ နဲ့ Rating အမြင့်ကြီးတွေရရှိထားပါတယ်။ Tom Hant ကားထက် IMDb Rating ပိုမြင့်ပါတယ်။ ဒီကားကို ၂၀၀၉ ခုနှစ်ကပြသခဲ့ပြီး အဓိကမင်းသားဂျောင်ဂျေရောင်း နဲ့  အဓီကမင်းသမီး ဂျောင်းယိုဝန်း တို့ ကသရုပ်ဆောင်ထားပါတယ်။ Budget 5မီလီယံ နဲ့ ရိုက်ကူးခဲ့ပြီး Box Officeမှာ ၃၇ မီလီယံ ပြန် လည်ရရှိခဲ့ပါတယ်။ တစ်ကားလုံးကု ၁၁၆ မိနစ်ကြာ ပြီး တစ်မှုထူးခြားတယ့် ဇာတ်ကောင်စရိုက်တွေနဲ့  ဖွဲ့  စည်းထားပါတယ်။ နိုင်ငံတကာနာမည်ကြီးတယ့်ရုပ်ရှင်ပွဲတော်တွေအပါဝင် ရုပ်ရှင်ဆုပေးပွဲ ၈ခုမှာ ဇကာတင်ဆုအတွက် ဆု ၁၁ ...
movie
2009
7.4
The Front Line (2011)
ဒီဇာတ်ကားအညွှန်းမရေးခင် ပြောချင်တာတခုရှိသေးတယ် ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကိုကိုယ်ချင်းစာမိသွားတယ် အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ၀န်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတယ် ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင် တွေအငြင်းပွါးကြတယ် ဒီတောင်ကုန်းကို၂ဖက်တပ်တွေအလုအယက် သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ... တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီး နောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ....အသက်ရောရှင်ရဲ့လား.... တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ် နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ...အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားက စစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော် ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်း တကားဖြစ်ပါတယ် တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားပါတယ် IMD rating အနေနဲ့(7.4) အထိရရှိထားပါတယ်(ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ "မြန်မာကြီး" ပဲဖြစ်ပါတယ်)(Thit San Khant)IMDb - 7.4/10 File size - (1.02 GB) Quality - 1080p Format - MP4 Duration 02:13:66 Subtitle - Myanmar Translator - Myanmar Gyi Encoder - Thit San Khant
movie
The Front Line (2011)