Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Park Sang-myeon
6
Kidnapping Granny K (2007)
Kidnapping Granny K (2007)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၂၀၀၇ တုန်းကထွက်ရှိထားတဲ့ Kidnapping Granny Kဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရတဲ့ သူငယ်ချင်း ၃ ယောက်ဟာ ကံအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ငွေကြေးပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဒါကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ သိပ်နာမည်ကြီးတဲ့ ထမင်းစွပ်ပြုတ်ဆိုင်က အဘွားကို ပြန်ပေးဆွဲဖို့လုပ်ကြပါတော့တယ် ပြန်ပေးဆွဲလာတဲ့သူတို့ကို အဘွားက နွေးထွေးကြင်နာပေးသလို သားသမီးတွေကို ခက်ခက်ခဲခဲပျိုးထောင်လာခဲ့တဲ့ အဘွားဟာလည်း သူ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သားသမီးတွေကို ဆက်သွယ်ပေမယ့် တစ်ဦးမှ သူ့အနားကိုရောက်မလာကြတဲ့အတွက် ပြန်ပေးဆွဲသူ သူငယ်ချင်းတစ်သိုက်ပါ လက်မှိုင်ချရတဲ့အထိ ဖြစ်လာပါတော့တယ် နုံအအ သူငယ်ချင်း ၃ ဦးမှာ ငွေလို၍သာ လုပ်ခဲ့ရသော်လည်း လူမိုက်များမဟုတ်သလို ကြင်နာတတ်သည့် ဓာတ်ခံရှိကြသည့်အခါ ပြန်ပေးဆွဲသမား ၃ ယောက် နဲ့ အဘွားတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာက ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့တကယ်ကောင်းတဲ့ကားမို့ ကြည့်လို့ နောင်တရရမှာမဟုတ်ပါဘူးအညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin, CharOu, Su Myat တို့ပဲ ...
movie
Kidnapping Granny K (2007)
6.9
The Foul King (2000)
The Foul King ( 2000 ) IMDb: 6.9/10 Genre: Comedy/SportI Saw the Devil, A Bittersweet Life , The Good, the Bad, the Weird တို့ရဲ့ ဒါရိုက်တာKim Jee-woonကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ကိုရီးယားရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ပွဲဦးထွက်ကတည်းက ကိုရီးယားရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့ ချွဲမင်ဆစ် , ဆောင်းကန်ဟို, လီဗြောင်ဟွန်းတို့လို လူတွေနဲ့ပဲ ဆက်တိုက်ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ချွဲမင်ဆစ် ,ဆောင်းကန်ဟိုတို့နဲ့ The Quiet Familyကို ပွဲဦးထွက်အနေနဲ့ ရိုက်ခဲ့ပြီး ဒုတိယကားအနေနဲ့ The Foul Kingကို ဆောင်းကန်ဟိုနဲ့ ရိုက်ခဲ့တယ်။နောက် A Tale of Two Sisters, A Bittersweet Life, The Good, the Bad, the Weird , ...
movie
The Foul King (2000)
6.5
My Wife Is a Gangster (2001) My Wife Is a Gangster 1
My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is a Gangster (2001) My Wife Is a Gangster 1 ဒီဇာတ်လမ်းကတော့.....ကိုရီးယားက ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်သလို အဖွဲ့သားတွေက ချစ်ကြောက်ရိုသေရပြီး "အစ်ကိုကြီး" လို့ တလေးတစားခေါ်ကြရတဲ့ ဖိုက်တာကောင်မလေးတစ်ယောက်နာမည်ကတော့ ...
movie
My Wife Is a Gangster (2001) My Wife Is a Gangster 1
2001
6.9
Rebound (2023)
Rebound (2023)၂၀၁၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ အားကစားရုပ်ရှင် Rebound ထွက်ရှိလာပါပြီဇာတ်လမ်းအကျဉ်းကတော့ အလားအလာမရှိဘူးလို့ သတ်မှတ်ခံထားရတဲ့ ဘူဆန်ဂျွန်အန်းအထက်ကျောင်းကိုယ်စားပြု ဘတ်စကတ်ဘောအသင်းဟာ နည်းပြအသစ် Kang Yang-Hyeon ရဲ့ ဦးဆောင်မှုအောက်မှာ ပြောင်းလဲလာခဲ့တဲ့အကြောင်းပါတစ်ချိန်က ထိပ်တန်းကစားဖြစ်ခဲ့ဖူးသူ Kang Yang-Hyeon ဟာ နည်းပြဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝအတွေ့အကြုံကို အသုံးချပြီး ဘယ်လိုဗျူဟာတွေနဲ့ အသင်းကိုကိုင်တွယ်သွားမလဲအောက်ဆုံးမှာရောက်နေတဲ့အသင်းကို National Championship ပွဲစဉ်အထိ ဘယ်လိုများဆွဲခေါ်သွားမလဲဆိုတာအပြင် ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ်ထားတဲ့ ခံယူချက်တွေ အိပ်မက်တွေကို သေချာကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Sports Drama နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့ သဘောကျနှစ်ခြိုက်ကြမှာပါCasts တွေအနေနဲ့လည်း Fight for My Way ထဲက Ahn Jae-Hong နဲ့ Doctor Romantic S3 ထဲက အဆိုးလေး Lee Shin-Young နဲ့ Secret Romantic Guesthouse ထဲကအချောလေး Jung Gun Joo တို့အပြင် သရုပ်ဆောင်အားလုံးက Basketball ကိုပါ ...
movie
Rebound (2023)
2023
6.3
She’s on Duty (2005)
အခုတလော နာမည်ကြီးနေတဲ့ Squid Game ဇာတ်ကားမှာ ပါးတွေချည်း လှိမ့်ရိုက်ခဲ့တဲ့ မှင်စာဦးလေးကြီး Gong Yoo ငယ်ငယ်တုန်းက ကားဟောင်းလေးပါရဲစုံထောက်တစ်ဦးဖြစ်တဲ့ ချွန်းဂျယ်အင်း(Kim Sun Ah)ဟာ ကျောင်းကိုမုန်းတီးပြီး စာညံ့ခဲ့သူ ဖြစ်ပေမယ့် စစ်ဆင်ရေးတစ်ခုကြောင့် အထက်တန်းကျောင်းသူယောင်ဆောင်ခဲ့ရပါတယ် ပစ်မှတ်ဖြစ်သူနဲ့ ရင်းနှီးဖို့လုပ်ရာက ပစ်မှတ်အစားအထက်တန်းကျောင်းသား ဂန်နိုယောင်း(Gong Yoo) နဲ့ သိကျွမ်းခဲ့ပါတယ် ပြောင်းသွားတဲ့အိမ်အသစ်ကလည်း ဂန်နိုယောင်း အိမ်ဘေးမှာဖြစ်နေပြန်ရော ဒါနဲ့ပဲ စုံထောက်အစ်မကြီးက ကျောင်းသားမောင်လေးကို ချစ်မိသွားတယ်ပေါ့ စစ်ဆင်ရေးထက်ကို ကျောင်းက ကလေးဆိုးတွေနဲ့ပဲရန်ဖြစ်ရင်း အတော်ဆုံးဖိုက်တာတောင်ဖြစ်လိုက်ပါသေးတယ် စစ်ဆင်ရေးကတော့ တကယ့်ကိုအကြမ်းစားပါ ကျောင်းထဲမှာ ဂျယ်အင်းလိုပဲ အသွင်ယူထားတဲ့ နောက်ထပ် ၂ယောက်ရှိနေသေးတယ် ကျောင်းသားတစ်ယောက်နဲ့ ဆရာတစ်ယောက်... သူတို့တွေထဲမှာမှ လူသတ်သမား လူဆိုးရဲ့ သူလျှိုက ရှိနေတဲ့အခါ...ဖိုက်တင်ခန်းတွေလည်းပါပြီး drama လည်းခင်းတဲ့အပြင် ဟာသပါနှောပြီး ရိုက်ထားတာဖြစ်လို့ ရသစုံစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထား Oleander ပါ )File Size__2 GB, ...
movie
She’s on Duty (2005)
8.2
Miracle in Cell No. 7 (2013)
Miracle in Cell No. 7 (2013)___________IMDb - 8.2/10မေတ္တာတရားတွေကို သေချာ ကြည့်မယ်ဆိုရင် ..... ၁၅၀၀ မေတ္တာ က ၅၂၈ မေတ္တာ ထက် သင်္ချာ အတိုင်းအတာ ပမာဏ အားဖြင့် များပြားတယ်လို့ထင်ရပေမဲ့ ... တကယ်တမ်းတော့လေ အဖြူစင်ဆုံးသော တိုင်းတာ မရသော အနန္တမေတ္တာဆိုတာလေ ၅၂၈ ဆိုသော မိသားစု လေးကပေးတဲ့ ဖြူစင် သောမေတ္တာ လေးကသာ တန်ဖိုး အရှိဆုံးပါ... အခု ဇာတ်ကားလေးမှာ ... ဖခင်ကို ချစ်မြတ်နိုးသော သမီးတိုင်း အတွက် သမီး ကို ချစ်သော ဖခင်တိုင်း အတွက် အရမ်းကို ခံစား မှု့တွေပေးတဲ့ မေတ္တာရေး ကိုဖေါ်ကျူးထားတဲ့ဇာတ်လမ်း လေးတစ်ခု ဆိုတာကို မပြောဘဲနဲ့သိမြင်နိုင်ပါတယ်... လောကမှာ ဘယ်လို မိဘမျိုးဘဲ ...
movie
Miracle in Cell No. 7 (2013)