Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Park Overall
7.2
Talk Radio (1988)
1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ...
movie
Talk Radio (1988)
6.0
Undercover Blues (1993)
Genre – Comedy, Crime IMDB – 6.10၉၀ ကာလတွေတုန်းက ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် အက်ရှင်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။မင်းသားကြီး Dennis Quaid နဲ့ မင်းသမီးကြီး Kathleen Turner တို့ဦးဆောင်ထားပြီး ခုချိန်ထိ ဇာတ်ကားကောင်းတွေမှာရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသမီးကြီး Fiona Shaw ဟာဆိုဗီလိန်နေရာက ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစိုးရလျှို့ဝှက်အေဂျင်စီလက်အောက်က အေးဂျင့်တွေ တစ်ဖြစ်လဲဘလူးလင်မယားဟာ သမီးလေးမွေးထားလို့အစိုးရဆီကနေ ခွင့်ယူပြီး နယူးအော်လင်းမှာသာသာယာယာ အားလပ်ရက်ကို လူမသိသူမသိ ဖြတ်သန်းနေပါတယ်။ အဲဒီမှာ တစ်ရက်ကျတော့ မွေတေဆိုတဲ့ ခါးပိုက်နှိုက် ဓားပြတစ်ယောက်ကမစ္စတာဘလူးကို လာလုလို့ ပြန်တိုက်ခိုက်လိုက်ရာကနေရဲတွေအနေနဲ့လည်း မျက်စိဆံပင်မွှေးစူးပြီးသာမန်လူမဟုတ်လောက်ဘူးထင်ကာ လိုက်ပြီးအနံ့ခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း လူဆိုးမကြီး နိုဗာချက်ဆိုတာကအစိုးရဆီကနေ စီ၂၂ ဆိုတဲ့ နူကလီးယားဒုံးကျည်တွေကိုခိုးယူဖို့ ကြိုးစားတဲ့အခါမှာတော့ဘလူးမိသားစု တိုင်းပြည်အတွက် တစ်ဖန်ပြန်စွန့်စားခန်းထွက်ဖို့အချိန်ကျလာပါတော့တယ်။ PG အဆင့်ဇာတ်ကားဆိုတော့ မိသားစုနဲ့အတူတူ၉၀ ခေတ်ကာလတွေကို အပန်းဖြေ ကြည့်ရှုနိုင်မယ့်ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size… 1.3 GB ...
movie
Undercover Blues (1993)