Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Park Ji-hoon
The Sin (2024)
The Sin (2024)**************ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ Exhuma ထက်ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ Kim Yoon Hye, Song Yi-jae,Park Ji-hoon, Lee Sang-ah တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအညွှန်း-သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က audition တစ်ခုမှာ အောင်သွားပြီးအကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက်ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။ကျောင်းကို ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီးစိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲမတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့....အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ဒီကားလေးက ရိုးရိုး horror ပုံစံမျိုးမဟုတ်ဘဲ ရိုးရာကျိန်စာတွေ ဖုတ်ကောင်တွေလူဆိုးဂိုဏ်းတွေ ...
movie
The Sin (2024)
Badland Hunters (2024)
Badland Hunters (2024)အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံတွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ ...
movie
Badland Hunters (2024)
2024
8.5
A Birth aka Birth (2022)
A Birth aka Birth (2022)*************************** ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာ စာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့် ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေ ဘာသာတရားအဖြစ် လက်ခံလာကြတယ်.တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ ကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလို ကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာ ပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်...ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့ တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်...ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန် ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့... ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်...နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါသလို ဘက်ဂျက်လည်း တော်တော်သုံးထားတာကိုတွေ့ရတာမို့ ကြည့်သင့်ပါကြောင်း...Size - 2.10GB, 898MB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 31Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Hnin ...
movie
A Birth aka Birth (2022)
6.6
City of the Rising Sun (1998)
City Of The Rising Sun (1998)ဒီကားလေးကတော့ 1999ထွက် ကိုရီးယားကားလေးဖြစ်ပြီးတော့ ဘ၀အပေါ်မှာမြင်တဲ့အမြင်ချင်း ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးပြထားပါတယ်။ မင်းသားကြီးJung Woo Sungနဲ့ Lee Jung Jaeကပါ၀င် သရုပ်ဆောင်ထားပါတယ်။အမြဲလူတစ်ကာအပေါ်မှာ လှည့်ပတ်လိမ်လည်နေရင်း ကြီးပွားချမ်းသာဖို့အရေးကိုပဲ ကြံစည်နေတဲ့ ဟုန်ဂီ၊ ပြိုင်ပွဲတွေမှာ အရူံးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အားမလျှော့ဘဲ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ ဒိုချော၊ အဲဒီလိုသူတို့နှစ်ယောက်က အလုပ်တစ်ခုတည်းမှာ အတူတူလုပ်ရဖို့ ဖြစ်လာခဲ့ပါတယ်၊သူများအပေါ်မှာ ဖျံကျတတ်တဲ့ဟုန်ဂီရဲ့အကျင့်တွေကို ဒိုချောကလည်း သဘောမကျသလို ဟုန်ဂီကလည်း ချန်ပီယံဖြစ်ဖို့အရေးကိုပဲ အာရုံစိုက်နေတဲ့ ဒိုချောက သူ့အမြင်မှာ လှောင်စရာဖြစ်နေတာပါ။ ဒီလိုမျိုးမတူညီကြပေမယ့် တစ်ယောက်ကိုတစ်ယောက်ကူညီရင်းနဲ့ပဲ သူငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်၊ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ဘ၀အပေါ်ခံယူချက်တွေ သူတို့ရဲ့ဘ၀ကို ကိုယ့်ရဲ့နည်းလမ်းအတိုင်း အကောင်းဆုံးကြိုးစားဖြတ်သန်းနေပုံတွေကို ရိုးရိုးရှင်းရှင်းနဲ့ပဲရင်ထဲရောက်အောင် ရိုက်ကူးပြထားတာမို့ အေးအေးဆေးဆေး အနားယူရင်းကြည့်ရှူခံစားဖို့အတွက် အချိန်ပေးရကျိုးနပ်မယ့် ကားလေးဖြစ်မှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Aye Phyo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 2.1GB ...
movie
City of the Rising Sun (1998)
1998