Channel Myanmar

Park Hyeong-su

Confidential Assignment (2017) 6.7
Confidential Assignment (2017) Confidental Assignment (2017) ****************************** ကလေးအဖေဖြစ်သွားပြီဖြစ်တဲ့ နာမည်ကြီးမင်းသား ဟျွန်ဘင်း၊ သူ့ဇနီးဖြစ်သူ ဆုန်းရယ်ဂျင်းနဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲကို အများစုက မြောက်ကိုရီးယားဗိုလ်ကြီးကားဆိုပြီး လူသိများကြပါတယ်... မင်းသားက မြောက်ကိုရီးယားဗိုလ်ကြီးကားကနေတစ်ဆင့် လက်တွေ့ဘဝမှာ ဖူးစာစုံခဲ့သလို မြောက်ကိုရီးယားလူမျိုး Character ကလည်း မင်းသားနဲ့အတော်လေး လိုက်ဖက်ပြီး အကျိုးပေးတယ်ပြောရပါမယ်...အခုတင်ဆက်ပေးတဲ့ Confidential Assignment ဇာတ်ကားကလည်းမြောက်ကိုရီးယားက ဗိုလ်မှူး Character ဖြစ်တဲ့အပြင်Girl Generation အဖွဲ့က Idol ယွန်းနာနဲ့ဟာသနာမည်ကြီးမင်းသားကြီး ယူဟယ်ဂျင်းတို့ ပါဝင်ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်လို့ မသိတဲ့သူ ရှိမယ်မထင်ပါဘူး...ဇာတ်လမ်းအကျဉ်းကတော့....မြောက်ကိုရီးယားသမ္မတက စက်ရုံထောင်ပြီးတော့အထိဘယ်လိုနောက်ဆုံးပေါ်စက်တွေနဲ့စစ်စစ်အတုဆိုတာမပေါ်နိုင်တဲ့ အမေရိကန်ဒေါ်လာငွေ ငွေစက္ကူရိုက်ပလိတ်ပြားကိုလျှို့ဝှက်ပြီး ဖန်တီးနေခဲ့ပါတယ်...အဲဒါကို လာခိုးမဲ့သူတွေရှိတယ်လို့ သတင်းရထားတဲ့ဗိုလ်မှူး အင်မ်ချောလျောင်းကတော့ အထက်အမိန့်အရသူ့ရဲ့နောက်လိုက်အဖွဲ့နဲ့အတူ အသင့်အနေအထားနဲ့ စစ်ဆင်ရေးစတင်ဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်...အဲဒီအချိန်မှာ ကင်းပုန်းစောင့်နေတဲ့နေရာဆီထမင်းမစားရမှာစိုးလို့ဆိုပြီး ချောလျောင်းရဲ့မိန်းမဖြစ်သူကလည်းထမင်းဘူးလေးကိုင်ပြီး ယောကျ်ားဖြစ်သူကို ထမင်းဝင်အောင်ကျွေးဖို့ရောက်လာခဲ့ပါတယ်...ဒီလိုကနေ အထက်လူကြီးက အသင့်အနေအထားပဲနေခိုင်းနေပေမဲ့အခြေအနေမဟန်ဘူးထင်တဲ့ ချောလျောင်းကစက်ရုံထဲကိုအဖွဲ့နဲ့ဝင်သွားပြီး စစ်ဆင်ရေးစတင်ခဲ့ပါတယ်...ဒါပေမဲ့ ပလိတ်ပြားကို ခိုးယူမဲ့သူတွေက သူထင်ထားသလို ပြင်ပကလူမဟုတ်ဘဲသူ့ရဲ့အထက်လူကြီးကိုယ်တိုင်ဖြစ်နေတဲ့အခါ ..ဝင်ရှုပ်တာပဲဆိုတဲ့သဘောနဲ့ ချောလျောင်းရဲ့မိန်းမအပါအဝင်သူ့လက်အောက်က တပ်ဖွဲ့တစ်ခုလုံးကိုပါခေါင်းဆောင်ဖြစ်သူ ချာဂီဆောင်းက သူ့ရှေ့မှာ ပစ်သတ်ပြခဲ့ပါတယ်...ပြီးတာနဲ့ ချာဂီဆောင်းက ...
movie

Confidential Assignment (2017)