Channel Myanmar

Paris Warner

Trim Season (2023) 5.0
Trim Season (2023)  ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြားဆန်းဆန်းပြား‌ပြား Horror Movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကိုရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါသေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကိုTrim Season လို့ပေးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်ကဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင်ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်းတန်းစီနေတာပါပဲ။အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီးအိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့စတင်ထွက်ခွာလာခဲ့ပါတော့တယ်။စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီးလူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကိုခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေးတွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီးရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလိုသဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ်လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Trim Season (2023)

Mythica: The Godslayer (2016) 5.6
Mythica: The Godslayer (2016) Mythica: The Godslayer (2016)========================ဒီဇာတ်ကားအကြောင်းကို မပြောခင် ဒီကားဟာ Mythica ခေါင်းစဉ်အောက်မှာ ငါးကားတွဲထွက်ရှိထားတဲ့အထဲကမှ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Mythica ဆိုတာကတော့ Adventure, fantasy, action ခေါင်းစဉ်အောက်မှာတည်ရှိပြီး adventure fantasy တို့ရဲ့ ထုံးစံအတိုင်း orc, dragon , witch , elf , god အစရှိသဖြင့် အမျိုးစုံအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့  လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင် ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့ အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာ ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့် Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့ Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါ၀င်နေပါတယ်။ ...
movie

Mythica: The Godslayer (2016)

2016