Channel Myanmar

Paris Hilton

Raising Helen (2004)
Raising Helen (2004) ၂၀၀၀ ခုနှစ်​ကျော်​ကာလတွေမှာ ခေတ်​စားခဲ့တဲ့ အမေရိကန်​ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်​ပေးပါရစေ။ Family/Drama နဲ့ Comedy​ အမျိုး​အစား​ရုပ်ရှင်​ဖြစ်​ပြီး ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Helen Harris က နာမည်ကြီး​ ဖက်​ရှင်အေဂျင်စီတစ်ခုမှာ အလုပ်​လုပ်​တဲ့ ခေတ်​ဆန်​ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့​မှာ သူ့အစ်မအကြီးဆုံး Lindsay တို့​ဇနီး​မောင်နှံ​ ကား​မှောက်​ပြီး ကွယ်​လွန်​သွား​ကြပါတယ်။Lindsay က သေတမ်းစာ​မှာ သူ့ရဲ့​သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်​အဖြစ်​ အတွေ့အကြုံ​ရှိပြီးသား Jenny လက်​ထဲမအပ်ခဲ့ဘဲ ထူးဆန်း​စွာနဲ့ ညီမ​အငယ်ဆုံး Helen လက်​ထဲအပ်ခဲ့ပါတယ်။ ဒီလို​နဲ့ မိခင်​တစ်​ဦး​ဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေး​သုံး​ဦး​တို့​ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ဟာသ​ရုပ်ရှင်​ဆို​ပေမဲ့​ မိသားစု၊ ချစ်​ခြင်း​မေတ္တာ​နဲ့ ကိုယ့်ကိုယ်ကို ပြန်​လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့​ထားတဲ့​ လေးနက်​ကြည်နူးဖွယ် Drama​ အငွေ့အသက်များလည်း ပါဝင်​ပါတယ်။ Lindsay​ ...
movie

Raising Helen (2004)

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

Repo! The Genetic Opera (2008)
Repo! The Genetic Opera (2008) ဒီဇာတ်လမ်းကတော့ Opera type movie ဖြစ်တဲ့အတွက် ဇာတ်ကြောင်းကို သီချင်းတွေနဲ့ပဲရှင်းသွားတဲ့ဇာတ်ကားမျိုးပါ။ တစ်ကားလုံးမှာ Gothဆန်ဆန် ဖက်ရှင်နဲ့ lifestyleတွေကိုပဲတွေ့ရမှာမို့ Gothဖန်တွေအတွက် ကြည့်လို့ကောင်းမယ့်ကားမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုယ်တွင်းအင်္ဂါအချို့ပျက်စီးနေတဲ့သူတွေအတွက် ကယ်တင်ရှင်သဖွယ်လိုဖြစ်လာတဲ့ ဂျီနီကိုကုမ္ပဏီ၊ ဂျီနီကိုကုမ္ပဏီမှာ အရစ်ကျအကြွေးစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေဝယ်ယူလို့ရတယ်။ ဒါပေမဲ့ အကြွေးမရှင်းရသေးဘူးလို့ပြောလိုက်မိပါသလား။ ဒါဆိုရင်တော့ ပြန်သိမ်းသမားက အချိန်မဆိုင်းပဲရောက်လာပါလိမ့်မယ်။ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေကို သိမ်းတာမဟုတ်ပဲ အကောင်းအတိုင်းရှိနေဆဲအခြားကိုယ်တွင်းအင်္ဂါရပ်တွေကိုပါ အကြွေးအဖြစ်ပြန်သိမ်းယူတာပဲဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဂျီနီကိုက ကြီးပွားလာတာပေါ့။ ဂျီနီကိုရဲ့ သူဌေး ရော့တီလာဂိုနဲ့ ပြန်သိမ်းသမားနေသန်ကြားထဲက အချစ်ဟောင်းရန်ငြှိုး၊ ဖခင်ရဲ့ထိန်းချုပ်မှုအောက်မှာ အပြင်လောကကို မထွက်ရပဲမွန်းကြပ်နေတဲ့ နေသန့်ရဲ့သမီးရှယ်လို၊ တချက်တချက် ဇာတ်ကြောင်းရှင်းရင်း ထထပေါ်လာတဲ့ အုတ်ဂူဖောက်ထွင်းသမားနဲ့ ရော့တီရဲ့ အသုံးမကျတဲ့ သားသမီးသုံးယောက်တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ သီချင်းတွေကလည်း တကယ်နားထောင်ကောင်းတဲ့တေးသွားတွေဖြစ်ပြီး ဇာတ်လမ်းကတော့ darkဆန်ပေမဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းပါဝင်နေတဲ့အတွက် သူ့ဟာနဲ့သူတော့ gentleဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်ပုံချစ်နည်းတွေကတော့ မှားယွင်းနေတာပေါ့။ ...
movie

Repo! The Genetic Opera (2008)

The Bling Ring(2013) 7.0
The Bling Ring(2013) The Bling Ring(2013)အညွှန်း**************************မာ့ခ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ဓာတ်ကျမှုတွေနဲ့ကျောင်းအသစ်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်။လူတွေနဲ့ရှောင်ဖယ်နေတတ်လို့ သူငယ်ချင်းမရှိခဲ့ဖူးတဲ့ မာ့ခ်အတွက်ရေဘက်ကာဟာ ပထမဆုံးသူငယ်ချင်းဖြစ်လာခဲ့ရာကနေစလို့ မာ့ခ်ဟာရေဘက်ကာနဲ့ပိုမိုခင်မင်နိုင်ဖို့ ရေဘက်ကာ တောင်းဆိုသမျှကိုလိုက်လျောလာပါတော့တယ်။ အဲဒီလိုက်လျောမှု‌တွေထဲ မာ့ခ်နဲ့ ရေဘက်ကာအပြင် နစ်ကီ၊ခလိုးဝီ၊ ဆမ် စတဲ့သူငယ်ချင်းအုပ်စုတစ်ခုလုံးရဲ့ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့လိုက်လျောမှုတစ်ခုကတော့ နာမည်ကျော်တွေရဲ့အိမ်ကို‌ခိုးဝင်ဖို့ မာ့ခ်ကူညီခဲ့တာပဲဖြစ်ပါတယ်။သာမန်ခေတ်လူငယ်လေးတွေဟာ နာမည်ကျော်မင်းသမီးတွေရဲ့အိမ်ထဲကတန်ဖိုးကြီးပစ္စည်းတွေကို လိုက်လံစပ်စုကြရင်း မသိသာအောင်အနည်းငယ်စီခိုးယူလာခဲ့တဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့File Size : (2 GB) (800 MB) and (268 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:30:00 Genre : Biography, Drama,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Reum Encoded by Phyo Pyae  
movie

The Bling Ring(2013)

House of Wax (2005) 5.3
House of Wax (2005) House of Wax (2005)~ 1080p UPDATED ~မိန်းကလေးတစ်ယောက်ရဲ့ နုနယ်လှပမှုကျက်သရေကို ကျွန်တော်တို့ တင်စားပြောကြရာမှာ "ကြွေရုပ်လေးလိုလှတာ၊ ဖယောင်းရုပ်လေးလိုလှတာ" အစရှိသဖြင့် သုံးနှုန်းတတ်ကြပါတယ်။ လူကြီးမင်းတို့ကို ဖယောင်းရုပ်လေးလိုလှလိုက်တာဟု ချီးကျူးလာရင်ဖြင့် သဘောကျတတ်ကြလိမ့်မယ်ထင်ပါတယ်လေ။ကျွန်တော့်ကို ဖယောင်းရုပ်လေးနဲ့တူတယ် (ဘယ်သူမှလည်း ပြောကြမှာမဟုတ်ပါဘူးလေ) လို့ပြောလာရင်ဖြင့် ကြက်သီးမွေးညင်းထပြီး အရိုးထဲကစိမ့်ပြီး ကြောက်ရမှာတော့ အမှန်ပါပဲ။ လူကြီးမင်းရဲ့ အလှတရားကို ချီးကျူးရာရောက်သလို တဖက်မှာလည်း လူကြီးမင်းဟာ လူ့လောကမှာ မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့တူပါတယ်။ ဟောဒီဇာတ်ကားထဲမှာပေါ့။အနုပညာသမားတစ်ယောက်ဟာ နူးညံ့သိမ်မွေ့စွာနဲ့ အလှတရားကို ဖော်ထုတ်တတ်သူပါ။ အနုပညာသမားလေးဗင်းဆင့် ကတော့ အလှတရားကို ညွှန်းပြဖော်ကျူးတတ်ပေမဲ့ နူးညံ့သိမ်မွေ့သူတော့ မဟုတ်ခဲ့ပါဘူးလေ။ လူသားတွေဟာ သူ့အတွက်တော့ သူ့အခန်းထဲက သစ်သားတုံးတွေလိုပါပဲ။ ဆူးတွေ ဆောက်တွေနဲ့ ခုတ်ထစ် လှီးဖြတ်ပြီး ပုံသွင်းယူရမယ့် အသားတွေလိုမျိုးပေါ့။ဆရာဝန်ကြီးနဲ့ ဖယောင်းရုပ်တုပညာရှင် လင်မယားနှစ်ယောက်ရဲ့ သားနှစ်ယောက်မှာ တစ်ယောက်က ဆိုးသွမ်းလွန်းပါသတဲ့။ ထမင်းကျွေးရင်တောင် ...
movie

House of Wax (2005)