Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Panos Koronis
7.9
Before Midnight (2013)
B E F O R E ရဲ ့နိဒါန်း .Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … .အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ...
movie
Before Midnight (2013)
2013
6.1
Two Tickets to Greece (2022)
ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ဘလန်ဒင်းနဲ့ မက်ဂလီတို့ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တွေပြတ်ပြီးမတွေ့ခဲ့ကြတာနှစ်ချီသွားတာပေါ့၊ တနေ့တော့ ဘလန်ဒင်ရဲ့ သားဖြစ်သူ စီစဉ်ပေးမှုနဲ့ သူတို့ နှစ်ဦး ခရီးအတူထွက်ဖို့အကြောင်းဖန်လာသောအခါ၊ကောင်းချင်ဇောနဲ့ စေတနာအမှားတွေလုပ်မိတဲ့ မက်ဂလီ ၊ တခုလေးမှ အမှားမခံနိုင်တဲ့ ဘလန်ဒင်တို့ နှစ်ယောက်ဆုံတော့ ကတောက်ကဆလေးတွေကို ပေါ့ပေါ့ပါးပါးရယ်စရာအဖြစ်ခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်အကြောင်းသိချင်ရင် သူနဲ့အတူအခရီးထွက်ကြည့်ဆိုသလို နှစ်ယောက်ခရီးထွက်ရင်း အရင်နားလည်မှုလွဲခဲ့တာတွေ သူ့ဖက်ကိုယ့်ဖက်မပြောဖြစ်ခဲ့တဲ့ အမှန်တရားတို့ပေါက်ထွက်လာပြီး နှစ်ယောက်သားတို့ ရင်းနှီးမှုဆက်လက်ရှိနိုင်ပါမလား၊ ရပ်တန့်သွားမလား ဆိုတာ ဂရိရဲ့လှပတဲ့ရှုခင်းလေးတွေခံစားပြီးအဆုံးထိစောင့်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ File size…(1.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
Two Tickets to Greece (2022)
7.2
Rise (2022)
Rise (2022)==========IMDb Rating 7.2/10Disney +ကနေ အသစ်ထွက်ရှိထားတဲ့ Sport Drama ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ IMDb ratingမှာ 7.2 ရရှိထားပါတယ်။နိုင်ဂျီရီးယားနိုင်ငံကနေ "တစ်ရွာမပြောင်း သူကောင်းမဖြစ်"ဆိုတဲ့ စကားနဲ့အညီ ဂရိနိုင်ငံကို ရွေပြောင်းလာကြတဲ့ ချားစ်နဲ့ ဗာရိုနီကာ အဒီတိုကွန်ဘို လင်မယား၂ယောက်ဟာ သား၄ယောက်နဲ့ အတူတူ တရားမဝင်နိုင်ငံသားဖြစ်ရတဲ့ ဒုက္ခတွေကို ခါးစည်းခံနေကြတာပါ။ ဒီထဲကမှ အကြီးဆုံးသား၂ယောက်ဖြစ်တဲ့ သန်နာဆစ်နှင့် ဂီယန်နစ် ၂ယောက်က ဘတ်စကတ်ဘောကို အတော်ဝါသနာကြီးပြီး အဆင့် တစ်ခုရောက်အောင် ကြိုးစားနေသူတွေပါ။ အစ်ကို သန်နာဆစ်က ပါရမီရှိပေမယ့် ဒဏ်ရာကြောင့် တက်လမ်းနှောင့်နှေးသွားပါတယ်။ညီဖြစ်တဲ့ ဂီယန်နစ်ကတော့ ဘတ်စကတ်ဘောမှာ လုံးဝထူးချွန်သူ မဟုတ်ပေမယ့် ကြိုးစားမှုနဲ့အတူ အေးဂျင့်တွေ စိတ်ဝင်စားတာကို ရထားသူပါ။ ဒါပေမဲ့ တရားဝင်နိုင်ငံသားမဟုတ်တဲ့ ပြဿနာတွေ ၊ အဆက်အသွယ်မရှိတဲ့ ပြဿနာအပြင် နိုင်ငံရပ်ခြားမှာ မိသားစုနှင့် ခွဲခွာကစားရမယ့်အဖြစ်ကနေ ကမ္ဘာကျော် NBA ပြိုင်ပွဲလူရွေးပွဲကို ကံကြမ္မာရဲ့ ဖေးမမှုနဲ့အတူ ဝင်ရောက်ခွင့်ရသွားပါတယ်။ ရလာတဲ့ အခွင့်အရေးကို ဂီယန်နစ်အသုံးချနိုင်မှာလား၊ သူခါးစည်းခံထားတဲ့ မိသားစုပြဿနာတွေကို ဘတ်စကတ်ဘောသမားဘဝက ဖြေရှင်း နိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ဒီကားထဲက အန်တီတိုကွမ်ပိုညီအစ်ကိုတွေဟာ ...
movie
Rise (2022)
2022
7
The Lost Daughter (2021)
ကြည့်ပြီးရင် မိသားစုတစ်ခုတည်ဆောက်ဖို့အကြောင်း တာဝန်ဝတ္တရားတွေကို လေးလေးနက်နက်တွေးမိစေမှာဖြစ်ပေမဲ့ မိသားစုတွေနဲ့အတူတော့ မကြည့်သင့်တဲ့ရုပ်ရှင်မျိုး..။ လိင်ပိုင်းဆိုင်ရာပြကွက်တွေက အထွဋ်အထိပ်ရောက်စေတဲ့အထိတော့ စိတ်ကျေနပ်စေမှာ မဟုတ်ပေမဲ့လို့ ကိုယ့်ဟာကို တစ်ယောက်တည်းကြည့်နေတုန်းက အကောင်း..၊ ဘေးမှာ တစ်ယောက်ယောက်လာရပ်နေမှ ဖောင်းဒိုင်း ဖောင်းဒိုင်း ထလုပ်ကြတဲ့ ဇာတ်ကွက်တွေ ထွက်လာနိုင်တယ်..။ ဒီတော့ ကြိုတင်ပြီးတော့ သတိပေးလိုက်ရပါတယ်..။ ဇာတ်လမ်းအကြောင်းကို ဆက်ပြီးပြောရရင်တော့ ရသခံစားမှုမျိုးကို တိုက်ရိုက်ချပြထားတဲ့ဇာတ်လမ်းမျိုးမဟုတ်လို့ နည်းနည်း ပျင်းစရာကောင်းပြီး အီနိုင်တယ်..။ နားမလည်ခြင်းသဘောတွေက အနုပညာကို ခံစားတတ်သူတွေအတွက်တော့ အထွေအထူးတော့ မဟုတ်လှဘူးဆိုတော့ခံစားမှု အရသာကသာ အဓိကပဲဆိုရင် တစ်ခါလောက် ကြည့်သင့်တယ်..။ အမျိုးသမီးတစ်ယောက်ရဲ့ ငယ်ရွယ်မှုနဲ့ ငယ်ရွယ်မှုအလွန်ဖြတ်သန်းရပုံ နှစ်ခု ယှဉ်ပြိုင်တင်ဆက် ပြသထားပုံထဲမှာ အဆင်မပြေမှုတွေကိုလည်း မြင်ရမယ်..။ လိင်မှုတွေလည်း မြင်ရမယ်..။ သားသမီးတွေရဲ့ ဗာဟီရ ဝတ္တရားတွေဆီကနေ ရုန်းထွက်သွားချင်စိတ်တွေကိုရော..။ ဒီဇာတ်ကားထဲမှာတော့ က္ကထိယတွေ မကောင်းပါဘူး..။ ဒီဇာတ်ကားထဲမှာကို ပြောတာ..။ ဒါပေမဲ့လည်း က္ကထိယတွေမကောင်းတာ ...
movie
The Lost Daughter (2021)
7.5
Beckett(2021)
Beckett(2021) အညွှန်း**********************IMDb....7.5ဒီကားထဲကမင်းသား John David Washington ဟာ မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့သားဖြစ်ပြီးတော့ ဒါရိုက်တာကြီးနိုလန်ရဲ့TENET မှာပွဲကြမ်းခဲ့တာ တော်တော်များများသိကြမှာပါ...အခု Netflix ကထွက်တဲ့ ဒီကားထဲမှာတော့ တခြားသူတွေကို ကယ်ဖို့နေနေသာသာ သူ့ကိုယ်သူတောင်မနည်းပြန်ကယ်နေရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကြားရောက်နေတဲ့သူတစ်ယောက်ပေါ့....ဘတ်ကတ် နဲ့ ဧပရယ်တို့ဟာ ဂရိနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်စုံတွဲတစ်တွဲဖြစ်ပါတယ်။ တစ်ညနေ သူတို့နှစ်ယောက် ခရီးစဉ်အတွင်းယာဉ်မတော်တဆမှုကြုံရာကနေ ဇနီးဖြစ်သူ ဧပရယ်သေဆုံးသွားခဲ့ပါတယ်။ဘက်ကတ်ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်...ဇနီးသည်သေဆုံးမှုကြောင့် သောကမငြိမ်းနိုင်သေးတဲ့ဘတ်ကတ်တစ်ယောက် ယာဉ်မတော်တဆမှုဖြစ်တဲ့ နေရာကိုသွားပြီး သူ့ဇနီးသည်ဖြစ်သူကို နောက်ဆုံးအနေနဲ့ နူတ်ဆက်ဖို့သွားခဲ့ပါတယ်...အဲ့ဒီနေရာရောက်တဲ့အချိန်မှာပဲ ထူးဆန်းစွာ သူတို့ယာဉ်မတော်တဆမှုကို ကိုယ်တွယ်နေတဲ့ ရဲတွေကဘက်ကတ်ကို ပစ်သတ်ဖို့ကြိုးစားကြတယ်....နယ်မြေစိမ်းမှာ သူအားကိုးရာဖြစ်တဲ့ရဲတွေကိုယ်တိုင်က သူ့ကိုယ်လိုက်သတ်တယ်ဆိုတော့ ဘက်ကတ်တစ်ယောက်အကြီးအကျယ်ဒုက္ခရောက်ပါတော့တယ်...သူ့ကိုရဲတွေက ဘာလို့နှုတ်ပိတ်ဖို့ကြိုးစားတာလဲ... သူလွတ်မြောက်နိုင်ပါ့မလား...ဒီရဲတွေရဲ့နောက်မှာ သီးခြားဘယ်လိုအဖွဲ့အစည်းတွေများရှိနေမလဲ...သူကရော ဘယ်နေရာမှာ ဘာအမှားလုပ်ခဲ့မိလဲ? အခုလိုက်သတ်နေတဲ့သူတွေက ဘယ်သူတွေလဲ ? ဘာကြောင့်လဲ ? အစရှိတဲ့ မေးခွန်းတွေကိုဘတ်ကတ်နဲ့အတူ ရင်တမမနဲ့ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။File Size : (1.9GB), (1GB), (380MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre ...
movie
Beckett(2021)