Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pankaj Tripathi
7.6
Ludo(2020)
Ludo(2020)((အလန်းစားကားမို့ WEB-DL1080P5.1CH,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...))တစ်ချို့ကားတွေရှိတယ်''Cast ကားကောင်းပေမဲ့ဇာတ်လမ်းမကောင်းတော့ မှန်းချက်နဲ့မကိုက်''ဒီကားကတော့ခြွင်းချက်''ပါဝင်ထားတဲ့ Cast တွေက အားရစရာပါ...မြန်မာပရိတ်သတ်တွေနဲ့ရင်းနီှးကြတဲ့ရဲနဲ့သူခိုးဖမ်းတမ်းကစားတဲ့ကားမှာမိမလိုနဲ့အမြဲကပ်ပြီးလွတ်သွားတဲ့ရဲသားကြီး Abhishek Bachchan ''သရဲမလေးကိုမှစွဲလန်းချစ်မိသွားတဲ့ Rajkummar Rao'' ထွက်သမျှကားတိုင်းမသောက်ရမနေနိုင်တဲ့ရှကီဘဲကြီး Aditya Roy Kapoor''အခုနောက်ပိုင်းထွက်တဲ့ဇာတ်ကားတိုင်းသူ့ခြေရာကနေမလွတ်တဲ့ဟာသဗီလိန်ကြီး Pankaj Tripathi''Hollywood ကားတွေပါတောင်ပါတယ်ဗျ''...ချစ်ဖို့ကောင်းတဲ့နပမ်းသမားမလေးနှစ်ယောက်ဖြစ်တဲ့ Fatima Sana Shaikh နဲ့ Sanya Malhotra ''ဂျွတ်ထိုးတတ်တဲ့ဆရာမလေးကားထဲမှာပါတဲ့စာတော်တဲ့ကျောင်းသားဆိုးလေး Rohit Saraf''အဲ့လိုCast တွေကိုအသုပ်စုံလိုသမထားပေမဲ့ဇာတ်ကားက အချိတ်အဆက်မိမိနဲ့ဂေါ်ထွက်နေပါတယ်... ဒါရိုက်တာကလည်း '' Anurag Basu''ဖြစ်ပြီး''Ranbir Kapoor ရဲ့ Barfi''လက်ပွားမင်းသားရဲ့ Kites တို့လိုဇာတ်လမ်းခပ်ဆန်းဆန်းတွေရိုက်ပြီး''ဆုတွေလည်းရထားတာတဲ့သူပါ... ကြည့်ရတန်မယ်ဆိုတာအာမခံပါတယ်''Ludo ဆိုတဲ့ဂိမ်းလိုမျိုးပဲကြည့်သူတွေကိုဘယ်လိုလှည့်ကွက်နဲ့ဖမ်းစားမလဲဆိုတာကိုတော့အညွှန်းက စပွိုင်လာဖြစ်နေမှာစိုးလို့ သီးခြားကြီးမရေးတော့ပါဘူး...မှုခင်းလည်းပါရမယ် ..အက်ရှင်လည်းပါရမယ် ..ဟာသလေတွေလည်းဖောက်ထားရမယ်..Indiaကားလည်းဖြစ်ရမယ်ဆိုတဲ့သူတွေ နင်းကန်ဒေါင်းပြီးအားပေးသင့်ပါကြောင်း....ဇာတ်လမ်းအညွှန်းကို Thu Hlaing မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ Zwe Zan Aungနဲ့ Paingတို့ပဲဖြစ်ပါတယ်...File Size :(2.63GB)(1.16GB) and (429MB) Quality : NF WEB-DL 1080p ...
movie
Ludo(2020)
6.2
Gunjan Saxena: The Kargil Girl (2020)
ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ. File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - Thit San Khant
movie
Gunjan Saxena: The Kargil Girl (2020)
2020
2.4
Drive (2019)
(Unicode)ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်ကဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။တ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီးသူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။အဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့.....Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ ...
movie
Drive (2019)
8.2
The Tashkent Files (2019)
(Zawgyi)နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်…ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေထဲက တစ်ဦးလို့ ပြောလို့ရတဲ့ဝန်ကြီးချုပ် လာ ဗဟာဒူး ရှာစရီသေဆုံးခြင်းအကြောင်း စုံစမ်းစစ်ဆေးမှုကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်…လာ ဗဟာဒူး ရှာစရီဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ပြီး အင်ဒီ-ပါကစ္စတန်စစ်ပွဲမှာ သူ့ကြောင့် အိန္ဒိယက အနိုင်ရခဲ့တယ်လို့ဆိုပါတယ်…1966 ခုနှစ် ပါကစ္စတန်နဲ့ သဘောတူစာချုပ်လက်မှတ်ထိုးဖို့ တာရှီကန်မှာ ရှိနေခဲ့တဲ့အချိန်မှာ ရုတ်တရက် သေဆုံးခဲ့ပါတယ်သူ့ရဲ့သေဆုံးမှုဟာ နှလုံးဖောက်မှုကြောင့် သဘာဝအတိုင်းသေတာလား ..အဆိပ်ခတ်မှုကြောင့်လား မရေရာဖြစ်ခဲ့ပြီးတော့ နှစ်ပေါင်း ၅၀ကြာတဲ့အထိ သမိုင်းဖျောက်ခံထားခဲ့ရပါတယ်…အရမ်းကို စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာကောင်းပြီး နိုင်ငံရေးအချက်အလက်တွေသမိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေအများကြီးပါတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်…နိုင်ငံရေးစိတ်ပါဝင်စားသူတွေ ကမ္ဘာ့သမိုင်းစိတ်ဝင်စားသူတွေသဘောကျကြမယ့်ဇာတ်ကားဖြစ်ပြီးဇာတ်ကားထဲမှာပြောကြတဲ့ ဒိုင်ယာလော့တွေကလည်း မှတ်သားစရာသိပ်ကောင်းတာမို့ ကိုယ်တိုင်ပဲကြည့ှ်ရှုခံစားကြပါ…IMDb ကတော့ 8.1/10 တောင်ရထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) (Unicode)နိုင်ငံတိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့သမိုင်းဆိုတာ ရှိတတ်ကြမယ်ထင်ပါတယ်…ဒီဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ...
movie
The Tashkent Files (2019)
2019
6.4
Luka Chuppi(2019)
Luka Chuppi(2019)IMDb...6.4ယခုနှစ် မတ်လကမှ ထွက်ရှိထားတဲ့ဒီဟင်ဒီစကားပြော Romance Comedy ကားလေးဟာ ရုံစတင်တင်ချင်း ရက်မှာပဲ ရူပီး ရှစ်ကုဋေကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုံ ဖွင့်ဖွင့်ချင်း ၀င်ငွေအများဆုံး နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်ကြော်ငြာခအပါအ၀င် စုစုပေါင်း ၂၅ ကုဋေခန့်သာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကား လေးဟာဝင်ငွေ စုစုပေါင်း ၁၂၆ ကုဋေကျော် ပြန်လည်ရရှိထားတာမို့လို့ ၀င်ငွေအ ရတော့ အောင်မြင်မှုရတဲ့ကားတကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်အိန္ဒိယဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ယဉ်ကျေးမှုတွေ နဲ့ ဘာသာတရားမျိုးစုံရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာမြင့်မားတဲ့နိုင်ငံတခုပါဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်အလုပ်လုပ် လုပ် နေကြတဲ့ ခေတ်ပညာတတ် လူငယ် ချစ်သူနှစ်ဦး ရှိကြတယ်.... ခေတ်လူငယ်တွေပီပီ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ခပ်ဆန်းဆန်း ပုံစံတစ်ခုလုပ်ရင်း ရှေ့ဆက်ကြဖို့ စီစဉ်ကြတယ်... သူတို့အစီအစဉ်က ဘယ်လိုမျိုးလဲ.... ဒီလိုလုပ်လို့ရော အဆင်ပြေကြမှာလား..... ဘယ်လို အလွဲတွေနဲ့ ကြုံကြမလဲ... ပတ်ဝန်းကျင်ကရော သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး..ဒီရုပ်ရှင်ကားလေးကိုတော့Dear Zindagi ရဲ့ Cinematographer ဖြစ်တဲ့Laxman Utekar က ပုံေ ဖ်ာရိုက်ကူးထားပြီးKartik ...
movie
Luka Chuppi(2019)
2019
8.3
Stree (2018)
"ဇာတ်လမ်းအကျဉ်း" "အိုဆတ္ထရီ(မိန်းကလေး) မနက်ဖြန်မှ လာခဲ့ပါ " တဲ့။ မြို့ထဲက အိမ်တိုင်း အိမ်အပြင်မှာ ရေးထားတဲ့ စာ။ ပွဲတော်ရက်ဆိုရင် သရဲမလေး ယောက်ျားရှာထွက်တယ်။ တမြို့လုံးမှာ ရှိရှိသမျှ ယောက်ျားလေးတွေ အားလုံး သတိ! ဒီလို အယူသည်းတာတွေကို မယုံတဲ့သူ တစ်ယောက်ရှိတယ်။ ဗစ်ကီတဲ့။ ဗစ်ကီဟာ အပ်ချုပ်သမား တစ်ယောက်ပါ။ တနေ့မှာတော့ သူ ပွဲတော်ရက်အတွင်း မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ မြင်မြင်ချင်း ချစ်မိသွားသလို မိန်းကလေးကလည်း လက်ရဲဇက်ရဲနိုင်လှပါတယ်။ သရဲ မယုံတဲ့ ဗစ်ကီဟာ.... နာမည်လည်း သိခွင့်မရှိတဲ့ မိန်းကလေးကို... တမ်းတမ်းစွဲ ဖြစ်သွားခဲ့ပါတယ်။ ပွဲတော် ဒုတိယညမှာ မိန်းမလှလေးဟာ ဗစ်ကီကို တောထဲ ခေါ်ပြီး တနေရာရာမှာ ထိုင်စကားပြောစဉ်မှာတော့.... မိန်းမလှလေးဟာ မျက်စိရှေ့တင် ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန် ဗစ်ကီကို လိုက်ရှာနေတဲ့ သူငယ်ချင်း နှစ်ယောက်လည်း ကံဆိုးခဲ့ရပါတယ်။ သရဲမလေးနဲ့... ဗစ်ကီတို့ .... ဘယ်လို ဆက်နွယ်နေကြမလဲ? ဗစ်ကီ ချစ်မိနေတဲ့ မိန်းမလှလေးက သရဲမလေးလား? ဘာဖြစ်လို့ အောက်လမ်းပစ္စည်းတွေ ရှာခိုင်းတာလဲ? ဆတ္ထရီ သရဲမကို ဘယ်လို ဖြေရှင်ကြမလဲ? စသဖြင့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ ------------------------------------------------ Comedy, Horror ကားဖြစ်နေတာမို့ ရယ်စရာတွေ ကြောက်စရာတွေနဲ့ ပြည့်နှက်နေမှာပါ။ IMDb Rating - 8.2 ...
movie
Stree (2018)
2018
7.7
Kaala (2018)
ဇာတ်ကားကောင်း ကြိုက်သူတွေ အတွက်"Kaala" ဆိုတဲ့ ဇာတ်ကားကောင်း၊ဘော်ဒါတို့အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။Reviewတွေလည်း ဖတ်ဖူးကြမှာပါ။ဇာတ်လမ်းအညွှန်း....Kaala ဆိုတာ "Daravi"ဆိုတဲ့ ဆင်းရဲသား ရပ်ကွက်ရဲ့ခေါင်းဆောင်အဖြစ် တင်စားကြတဲ့ "Karrikaalan "ရဲ့ နာမည်တစ်ခုပေါ့။သူဟာ ဒီရပ်ကွက်မှာ ဩဇာညောင်းသူ၊ ဖခင်ဖန်တီးခဲ့တဲ့ မြေကို ဆက်လက်ထိန်းသိမ်း ထားသူပေါ့။Kaala အဖေ ကို သတ်ခဲ့တဲ့ Harri Dada ဆိုတဲ့ ဝန်ကြီး ကလည်း ဒီမြေကို အစိုးရစီမံကိန်းလို့ လိမ်လည်ပြီး အပိုင်စီးချင်နေတယ်။ဆင်းရဲသားတွေကို တိုက်ခန်းတွေပေးမယ် ဘာညာပေါ့။ဒီအကြောင်းတွေကို မသိတဲ့ Zarrina ဆိုတဲ့ မဒမ်ကလည်းဒီစီမံကိန်းကို လူထုအကျိုးပြုအဖြစ် NGO ခေါင်းဆောင်အနေနဲ့ ဦးဆောင်ဦးရွက်ပြုရမယ်။Zarrenaဆိုတာ အာဖရိက,က လာတာဆိုပေမဲ့သူဟာ ဒါရဗီဇာတိ၊ ဒါရဗီမှာ ရာဇဝင်ကြွေးတွေတောင် ရှိသေး၊ ပြီးတော့မှ နိုင်ငံခြား ထွက်သွားတာ။Harri Dada ရဲ့ အကြံတွေ(နောက်ကွယ်က ကြိုးကိုင်မှု)ကို သိနေတဲ့ Kaala ကတော့ ဒီစီမံကိန်းကို ...
movie
Kaala (2018)
2018
6.1
Anaarkali of Aarah (2017)
Anaarkali of Aarah (2017)_____IMDb - 6.1/10 Bollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့ တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီး ဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာ အကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူးနည်းပညာအကူအညီမလိုဘူးလူအင်အားအများကြီးမလိုဘူး ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ်ဒီလိုကားတွေက သက်သေပါပဲဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲသူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီး လာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲဘောက်ဆူးချသလိုနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ်တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူ ခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်းလား လုပ်ပါတယ်လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ်အဲဒီအချိန်မှာ ပြသနာပေါင်းစုံစ,တတ်တော့တာပါပဲအနာကလီတစ်ယောက် ဘာတွေ ...
movie
Anaarkali of Aarah (2017)
2017
7.9
Kaalakaandi (2018)
ဒီတခါတော့ Bollywood ပရိတ်သတ်ကြီးအတွက် Hangover Trilogy, Superbad အစရှိတဲ့ကားတွေလိုပဲ Black Comedy ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်Saif Ali Khan နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားပါဇာတ်လမ်းလေးကတော့အစာအိမ်ကင်ဆာရောဂါကျွမ်းနေလို့ သုံးလလောက်သာ နေရတော့မယ်လို့သိလိုက်ရတဲ့ ရီလန်ဒါပေမဲ့ တအိမ်လုံးကတော့ ညီဖြစ်သူမင်္ဂလာဆောင်ကြောင့် သူ့ဝမ်းနည်းမှုကိုမသိနိုင်ဘဲ ပျော်ပွဲရွှင်ပွဲတွေလုပ်နေတဲ့အချိန်မှာသူကိုယ်တိုင်လည်း မပြောပြတော့ဘဲ တသက်နဲ့တခါ လုံးဝမသုံးဖူးတဲ့ မူးယစ်ဆေးသုံးပြီး စိတ်ထွက်ပေါက်ရှာပါတော့တယ်မင်္ဂလာဆောင်ခါနီးနီး ရည်စားဟောင်းက ပြန်ဆက်သွယ်လာလို့ ခိုးတွေ့ဖို့ကြံနေတဲ့ အန်ဂတ်အမေရိကန်ကို ပညာတော်သင်သွားဖို့ပြင်ဆင်ပြီးနေမှ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကိုသွားရင်း မူးယစ်ဆေးဝါးဝင်စစ်တဲ့ရဲတွေကြောင့် ကလပ်ထဲပိတ်မိနေတဲ့ တရာ၁၅ နှစ်တာ ရာဇာဘိုင်ဆိုတဲ့ဂိုဏ်းစတားခိုင်းသမျှလုပ်ခဲ့ကြပြီးဒီတကြိမ်မှာတော့ ကွက်ကျော်ရိုက်ဖို့ကြံနေတဲ့ လူဆိုးနှစ်ကောင်ဒီလိုမတူညီတဲ့ အခြေအနေတွေဟာ ဘယ်ကိစ္စကြောင့် ထိပ်တိုက်တွေ့ဖို့ ကံဖန်လာခဲ့ပါသလဲဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ .....( ရုပ်ရှင်ကားက Adults Rated ဖြစ်တဲ့အတွက် စကားလုံးအသုံးနှုန်းတွေ ကြမ်းတမ်းသည်ကို သတိပြုပါခင်ဗျာ ) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူး ဖြစ်ပါတယ်) File Size : (950 ...
movie
Kaalakaandi (2018)
2018
8.1
Newton (2017)
IMDb 8.1 ရထား တဲ့ Bollywood ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်အေးကား ဆိုပေမယ့် India နိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ ရတက် မအေးရပုံကို ရိုက်ကူးပြသသွားတဲ့ ဇာတ်ကားပါ။ Award 2 ခု ရရှိထားပြီး 2018 အတွက် Oscar စကာတင် ဇာတ်ကားဖြစ်ခဲ့ရတဲ့ Bollywood ကားပါ။ပထမဦးစွာ ပြောချင်တာက ဒီကားက ကျွန်တော်တို့ကြိုက်တဲ့ ပုံစံ မရှိပါဘူး ။ နိုင်ငံရေး နဲ့ နှီးနွယ်တာမို့ ကျွန်တော်တို့ မျှော်လင့်ရတဲ့ ဇာတ်သိမ်းနဲ့ Type မျိုး လုံးဝမရှိပါဘူး။ ဒီကားရဲ့ အဓိက က နိုင်ငံသားကောင်း ပီသခြင်း / ၀န်ထမ်းကောင်း ပီသခြင်းနဲ့ ဒီမိုကရေစီ ကို လှစ်ဟ ပြသရုံသာ ဖြစ်ပါတယ်။ အတွေးသက်သက်နဲ့ တွေးပြီးမှ သဘာဝကျ တဲ့ ဇာတ်ကား ကောင်း ...
movie
Newton (2017)
2017
8.5
Nil Battey Sannata(2015)
IMDb....8.5,,,,,,Rotten....87% အောက်ခြေလူတန်းစားအမျိုးအစားကိုယေဘုယျအနေနဲ့ ဆိုက္ကားသမား အငှားယာဉ်မောင်း တောင်သူလယ်သမား အိမ်ဖော် လက်လုပ်လက်စားနေ့စားသမားများလို့ သတ်မှတ်ရမလား ကျွန်တော်လည်း မကွဲပြားဘူး ဒါပေမဲ့ အိမ်ဖော်တစ်ယောက်ရဲ့သားသမီး လယ်သမားတစ်ယောက်ရဲ့သားသမီးတွေဟာ ဆရာဝန် အင်ဂျင်နီယာ အောင်မြင်တဲ့စီပွားရေးလုပ်ငန်းရှင် စတဲ့ အနေအထားမျိုးတွေကိုကူးပြောင်းဖို့ဆိုတာတော့ ရုပ်ရှင်မဆန်လှဘူး....ဘာလို့ဆို သူတို့နေတဲ့အသိုင်းအ၀န်း မိဘရဲ့ထောက်ပံ့ပေးနိုင်မှု ခံယူချက်စတာတွေဟာ အပေါ်ကကျွန်တော်ပြောခဲ့တဲ့အနေအထားတွေကို အကောင်အထည်ဖော်ဖို့ သီးခြားဆန်နေတယ်....ကြာပန်းဆိုတာ ရွှံနွံတွေပေါ်မှာပေါက်တယ်တို့ ပတ္တမြားမှန်လျှင် နွံမနစ်ဘူးဆိုတဲ့ အဆိုတွေရှိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ ဒီလိုမျိုးဖြစ်ပျက်တာတွေက ၁ ကနေ ၁၀ အထိရေတွက်တတ်တဲ့ကလေးကိုရေခိုင်းရင်တောင် ရနိုင်ပါတယ် ဒီအိန္ဒိယကားလေးထဲမှာ အိမ်အကူအမေတစ်ယောက်နဲ့ ၁၀တန်းကျောင်းတက်နေတဲ့ သူ့သမီးလေးအကြောင်း ရိုက်ပြထားတာပါ......အမေက အိမ်အကူဖြစ်ပေမဲ့ သူ့သမီးလေးကို ၁၀တန်းအောင်မြင်ပြီး ပညာတတ် အမျိုးသမီး လေးဖြစ်ချင်တယ် ဒါကြောင့် သူအမျိုးမျိုးကြိုးစားတယ် သမီးလေးရဲ့ခံယူချက်ကိုပြောင်းလဲဖို့ရယ် ငွေတွေရသလောက်ရှာဖို့ရယ် သူဘယ်လောက်ကြိုးစား ကြိုးစား သမီးလေးရဲ့စိတ်ထဲမှာ ၁၀တန်းအောင်လည်း ကျောင်းထားဖို့ပိုက်ဆံမတတ်နိုင်တဲ့ အမေရဲ့အဖြစ် ၊ အိမ်အကူ သမီးက အိမ်အကူပဲဖြစ်မယ်ဆိုတဲ့ သမီးရဲ့ခံယူချက် ယုံကြည်ချက်ကို ရိုက်မချိုးနိုင်ခဲ့ဘူး .......ဒါပေမဲ့သူလက်မလျှော့ဘူး. ကျွန်တော်ပြောတာတွေက ဒီကားကိုပေါ့ပျက်စေလို့ ဆက်မပြောတော့ဘူး . ဒီကားက လူတိုင်းကြည့်သင့်တယ်လို့ကျွန်တော်ထင်တယ် ဇတ်လမ်းရဲ့ ...
movie
Nil Battey Sannata(2015)
2015
6.9
Agneepath
IMDb Rating (7/10) ထိရရှိထားတဲ့ Action, Crime, Drama အမျိုးအစား Bollywood ဇာတ်ကားဖြစ်ပါတယ်။ ထူးဆန်းတာက Rotten Tomatoes မှာ (100%) Rating ပေးထားတာတွေ့ရပါတယ်။ Hrithik Roshan (လက်ပွားမင်းသား) နဲ့ မင်းသားကြီး Sanjay Dutt တို့အဓိကအားပြိုင်ထားပါတယ်။ မင်းသမီးတွေကလဲ တကယ့်ဒိတ်ဒိတ်ကြဲ မင်းသမီးတွေဖြစ်တဲ့ Priyanka Chopra နဲ့ Katrina Kaif တို့ တပြိုင်တည်းပါဝင်ထားပါတယ်။ မင်းသား ၊ မင်းသမီး ၊ Rating တွေမြင်တာနဲ့တင် ဒီဇာတ်ကားကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။File size...(1.2GB) Quality...DVD-Rip 720p Format...mp4 Duration....02:54:16 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie
Agneepath
5.4
Raavan (2010)
မင်းသားက Abhishek Bachchan ပါ။ မင်းသမီးကတော့ ၁၉၉၄ ခုနှစ်ရဲ့ မယ်စကြာဝဠာအလှမယ် Aishwarya Rai ဖြစ်ပါတယ်။ Action, Adventure, Crime အမျိုးအစားဖြစ်ပြီး IMDb Rating (5.4/10) ရရှိထားတဲ့ Bollywood ဇာတ်ကားဖြစ်ပါတယ်။ အချစ်မှာ ကျရှုံးမိတဲ့ လူကြမ်းကြီးတစ်ယောက်အကြောင်းကို ခံစားကြည့်ရှုရမှာပါ။File size...(1GB) Quality...HD-Rip 720p Format...mp4 Duration....02:16:11 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aungနမူနာကြည့်ရန်
movie
Raavan (2010)
1
2
Previous