Channel Myanmar

Pandian

Star (2024) 7.2
Star (2024) Star 2024 (မင်းသားရူးကာလိုင်)ယခုတစ်ခါမှာတော့ IMDb 7.2/10 ရရှိထားတဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ကောင်လေးတစ်ယောက်ရဲ့ ဒရာမာကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကာလိုင်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ဘက်မှာ ဝါသနာပါပြီးတော့ တမီးလ်ရုပ်ရှင်လောကမှာ နာမည်ကြီးစတားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ သူ ဘယ်လောက်တောင် ဝါသနာပါလဲဆိုရင် သူ့ကို လူတွေက ဟီးရိုးဆိုပြီးတော့ခေါ်ကြတဲ့အထိပါပဲ။ဒီလို ဝါသနာထုံတဲ့ကာလိုင်ကို အဖေဖြစ်သူကလည်း အနောက်ကနေ အမြဲတမ်း ပံ့ပိုးပေးခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ ကာလိုင်ကို အင်ဂျင်နီယာတစ်ယောက်ဖြစ်စေချင်နေခဲ့ပါတယ်။ သို့ပေမဲ့လည်း ကာလိုင်လေးဟာ သရုပ်ဆောင်ပိုင်းကိုပဲ ဝါသနာထုံနေတော့ သရုပ်ဆောင်လိုင်းဘက်ကိုပဲ မရောက်ရောက်အောင် ကြိုးစားရင်းနဲ့ပဲ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တဲ့အချိန်မှာတော့ ...... မင်းသားဖြစ်ဖို့ ကြိုးစားနေရင်း အချစ်နဲ့တွေ့လာတဲ့အခါမှာတော့ ..... ဘာတွေ ရှေ့ဆက်ဖြစ်လာမလဲ ....မင်းသားဖြစ်ဖို့ကြိုးစားတဲ့လမ်းမှာရော ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.34GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Star (2024)

2024
Run Baby Run (2023) 6.4
Run Baby Run (2023) Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာ‌သူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာ‌ကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie

Run Baby Run (2023)

2023
Naanum Rowdydhaan (2015) 7.2
Naanum Rowdydhaan (2015) Naanum Rowdy Dhaan (2015) IMDb 7.2 နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်‌ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့‌သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni
movie

Naanum Rowdydhaan (2015)

2015
Maari 2 (2018) 5.6
Maari 2 (2018) Maari 2 (2018) မြန်မာစာတန်းထိုးဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.....လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး....နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ဖိုက်တင်ဆိုရင် လေပေါ်ကို ...
movie

Maari 2 (2018)

2018
Hridayam (2022) 8.8
Hridayam (2022) Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie

Hridayam (2022)

4K HEVC Web-DL
Hero (2019) 6.7
Hero (2019) (Unicode)မကြာသေးခင်က မြန်မာပြည်မှာ ရုံတင်သွားခဲ့တဲ့ တမီးလ်(Tamil)ကား အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။မင်းသားကတော့ ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ချစ်သူတွေ စိမ်းနေနိုင်ပေမဲ့ မင်းသမီးကတော့... Hello 2017 ဇာတ်လမ်းထဲက မင်းသမီးလေးပါ။ဇာတ်လမ်းအကြောင်း အနည်းငယ် ချပြချင်ပါတယ်။ကလေးတစ်ယောက်ကို "မင်းကြီးလာရင် ဘာလုပ်မလဲ"လို့ မေးကြည့်တဲ့အခါ တစ်ချို့က ဆရာဝန် ၊ တစ်ချို့က ရဲသား ၊ တစ်ချို့က ၊ စစ်သား စသဖြင့် သူရဲကောင်းဆန်ဆန် ဖြေကြလိမ့်မယ်။တကယ်တမ်းအဲ့ဒီကလေးတွေ ကျောင်းပြီးသွားတဲ့အခါ ဘာလုပ်မလဲလို့ မေးကြည့်ရင် "အိမ်ကောင်းကောင်း တစ်လုံး လိုချင်တယ်" ၊ "ကားကောင်းကောင်း စီးချင်တယ်" ဆိုတဲ့ အဖြေတွေ ပေးကြလိမ့်မယ်။ငယ်ဘဝတုန်းက သူရဲကောင်းဆန်ဆန် ပြောခဲ့ကြတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတော့မှ ဘာကြောင့် ရည်ရွယ်ချက်တွေ ပြောင်းလဲသွားရတာလဲ....?ဒါဟာ ဒီဇာတ်ကားအဖွင့်မှာ ပါတဲ့ ဒိုင်ယာလော့ဂ်တွေထဲက တစ်ချို့ကို ...
movie

Hero (2019)

2019