Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pandi
5.3
Poojai (2014)
Poojai (2014)"ဆုတောင်းပွဲ" ======================တမီလ်နာမည်ကျော်မင်းသား ဗစ်ရှယ်နဲ့ မင်းသားကြီး ကာမယ်လ်ဟာဆန်ရဲ့သမီး ရှရူတီဟာဆန်တို့ရဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။ သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့် နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့ လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင် တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…5.3GB / 2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Poojai (2014)
2014
6.1
Velayudham (2011)
Velayudham 2011 ( IMDb 6.1/10)ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီး ဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကို ဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်…လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီး ကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်… အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့ လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ်နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲ သိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ….ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီး ဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ...
movie
Velayudham (2011)
2011
8.2
Ghilli (2004)
CM ပရိသတ်ကြီးတို့အတွက် မင်းသားဗီဂျေး ပါဝင်သရုပ်ဆောင်ထားတဲ့ Ghilli ဆိုတဲ့ 2004 ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်ဗယ်လူဆိုတာ ကာဘာဒီအားကစားကို လွန်စွာမှ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အဖေက မကြိုက်တော့ သူ့မှာ အဲဒါကို ခိုးပြီးဆော့ရတယ် ခိုးပြီး ပြိုင်ပွဲတွေ ဝင်ရတယ်ပေါ့အဲဒီလိုပဲ တစ်နေ့ကျတော့ မာဒူရိုင်မြို့ကို ကာဘာဒီပြိုင်ပွဲ ပြိုင်ဖို့ အိမ်ကနေ လိမ်ပြီးထွက်လာရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်က အတင်းအဓမ္မဆွဲခေါ်နေတာ မြင်လိုက်ရတော့ ကောင်မလေးကို သူတို့လက်ထဲက ကယ်ပြီး သူ့အိမ်ထဲမှာ ဖွက်ထားလိုက်တော့တယ်တကယ်တော့ အဲဒီလူက ပိုက်ဆံအင်အားနဲ့ ဆိုးသွမ်းချင်တိုင်း ဆိုးသွမ်းနေတဲ့သူဖြစ်ပြီး လူဆိုရင်လည်း လမ်းပေါ်မှာ ပေါ်ပေါ်ထင်ထင်ပဲ သတ်နေတဲ့သူပေါ့သူက အဲဒီကောင်မလေးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူ အဲဒီကောင်မလေးကို ဗယ်လူက သူ့လက်ထဲက ကယ်ပြီး နည်းအဖုံဖုံကြိုးစားကာ သူ့အိမ်မှာ ဖွက်ထားတယ် ဒါကို သူ့အိမ်က မိသားစုဝင်တွေတစ်ယောက်ကမှလည်း မသိဘူးပေါ့အဲဒီလိုနဲ့ သူ ဘယ်လောက်ထိ ကောင်မလေးကို ဖွက်ထားနိုင်မလဲ ကောင်မလေးကို လူဆိုးတွေလက်ထဲက ဘယ်လိုကယ်တင်မလဲဆိုတာ အချစ် အလွမ်း အက်ရှင်နဲ့ ရသပေါင်းစုံ ပေါင်းစပ်ကာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…4GB / 2GB Quality…1080p AMZ ...
movie
Ghilli (2004)
2004