Channel Myanmar

Paly Duval

It’s for Your Own Good / Es Por Su Bein (2024)
It’s for Your Own Good / Es Por Su Bein (2024)  ပေါ့ပေါ့ပါးပါး မက္ကဆီကန်/စပိန် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်သက်လတ်ပိုင်းအရွယ် ယောင်းမသုံးယောက် Clara, Matis နဲ့ Nena တို့မှာ တူညီတဲ့အချက်ကတော့ တစ်ဦးတည်းသော သားတစ်ယောက်စီ ကိုယ်စီပိုင်ဆိုင်ကြတာပါပဲClara ရဲ့ သားဖြစ်သူဟာ မဟုတ်မခံတဲ့ အမျိုးသမီးဝါဒီ feminist ကောင်မလေးနဲ့ တွဲတာကို အမေဖြစ်သူ Clara က တစ်စက်လေးမှ သဘောမကျပါဘူးMatis ရဲ့ သားဖြစ်သူကလည်း အသက်ပိုကြီးတဲ့ တစ်ခုလပ်မိခင်တစ်ယောက်နဲ့ တွဲနေတာဖြစ်ပြီး Nena ရဲ့ ဆယ်ကျော်သက် သားလေးကတော့ သူ့ရည်းစားကောင်မလေးကို အိမ်ခေါ်ပြီး လူလစ်တိုင်း တဂျိန်းဂျိန်းလုပ်နေတာ ဖြစ်ပါတယ်ဒါကြောင့် အမေသုံးယောက်သား တိုင်ပင်ပြီး သားတွေရဲ့ ကောင်မလေးတွေနဲ့ ဝေးအောင်လို့အစွမ်းကုန်ကြိုးစားကြရာမှာတော့ ... File size…(1.8 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

It’s for Your Own Good / Es Por Su Bein (2024)

Unhappily Ever After (aka) Infelices para Siempre (2023) 5.3
Unhappily Ever After (aka) Infelices para Siempre (2023)  "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" တဲ့။ ဘယ်နှယ့် "ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" ပဲကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ​ဒီရုပ်ရှင်ဟာ စပိန် Rom/Com ရုပ်ရှင်တစ်ခုဖြစ်ပြီး ကြည်နူးဖို့ကောင်းတဲ့ ဟာသအချစ်ဇာတ်လမ်းလေးနဲ့အလှဆင်ထားပါတယ်။အယ်ဖရက်ဒိုနဲ့ မာရီယာဟိုဆေးတို့ဟာအရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းကပေါ့လေ။ အိမ်ထောင်သက်ကြာလာတဲ့အမျှ ကလေးတွေလည်းမွေး အချစ်တွေလည်းပေါ့လာကြပြီး ကတောက်ကဆလေးတွေဖြစ်လာကြပါတယ်။ ဒီလိုဖြစ်နေတာတွေကို သူတို့ရဲ့ကလေးတွေဟာပြန်ပြင်ပေးဖို့ နှစ်ပတ်လည်နေ့မှာ ပျားရည်စမ်းထွက်တုန်းက ကမ်းခြေက ဟိုတယ်မှာအခန်းဖြတ်ပေးခဲ့ပါတယ်။ မသွားခင်လေးမှာ သမိီးလေး နီနာဟာ သူ(မ) ရဲ့မှောတုတ်တံလေးနဲ့ "နှစ်​ယောက်ပြန်မချစ်မချင်းပြန်မလာခဲ့ကြနဲ့"ဆိုပြီးပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်မသိလိုက်တာက ဒီစကားလေးဟာ သူတို့နှစ်ယောက်အတွက် အတော်လေးကိုအကျိုးသက်ရောက်စေမယ့်စကားဆိုတာကိုပါပဲ။ အားလုံးကပုံမှန်ဖြစ်နေပေမယ့် နောက်ရက်နိုးလာတဲ့အခါမှာသူတို့ဟာ ရ​က်တစ်ရက်တည်းမှာပိတ်မိနေတာကိုသိသွားခဲ့ပါတယ်။မာရီယာနဲအယ်ဖရက်ဒိုတို့နှစ်ယောက် ဘယ်လိုများအချိန်လည်နေတာကိုရပ်တန့်မလဲ။ မျက်နှာမကြည့်ချင်အောင် ဖြစ်နေတဲ့နှစ်​ယောက်ကဘယ်လိုမျိုး ဒါကိုပြန်ပြင်မှာလဲ။ တကယ်ပဲရုပ်ရှင်ခေါင်းစဥ်လို "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း"ဆိုပြီးဖြစ်သွားမှာလား။ အတော်လေးကိုကြည်နူးရတဲ့ Rom/Com ရုပ်ရှင်တစ်ခုမလို့ ကြည့်ဖို့အကြံပေးပါရစေ။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

Unhappily Ever After (aka) Infelices para Siempre (2023)