Channel Myanmar

Pai Ying

Dragon Inn (1967) 7.4
Dragon Inn (1967) Dragon Inn (1967)ကင်းဟူရဲ့လက်ရာတွေထဲ ဒရာဂွန်အင်းက အအောင်မြင်ဆုံးလို့ ပြောရင်လည်းရတယ်။ဒီကားကို မကြည့်ဖူးရင်တောင်၁၉၉၂ထုတ် ဘရစ်ဂျစ်လင်း , မက်ဂီချောင် , တိုနီလောင်ခါဖိုင်, ဒွန်းနီးယန်တို့ပါဝင်ထားတဲ့ New Dragon Gate Innနဲ့ ၂၀၁၁ထုတ် ဂျက်လီရဲ့ Flying Swords of Dragon Gateကို ကြည့်ဖူးကြမယ့်လူများပါလိမ့်မယ်။အဲဒီ၂ကားလုံးကို Tsui Harkကရိုက်ထားတယ်။ဒါပေမဲ့ ကင်းဟူရဲ့ အော်ရီဂျင်နယ်ဗားရှင်းနဲ့ ယှဉ်လိုက်ရင် အဲဒီ၂ကားဟာ တော်တော်လေး ညံ့သလို ခံစားရမှာတော့အသေအချာပဲ။အဲဒီကားတွေကိုတောင် ကြိုက်ခဲ့တယ်ဆိုရင် ဒီကားကတော့ ရွှေပါပဲ။ ဒရာဂွန်အင်းဟာ ကင်းဟူ ရှောဘရားသားကနေ ထွက်ပြီး ပထမဆုံးရိုက်ခဲ့တဲ့ကားလည်းဟုတ်သလို ဒရာဂွန်အင်းဟာ ထိုင်ဝမ်စီနီမာမှာ အရေးပါတဲ့နေရာကရှိနေတယ်။ 2003မှာ Goodbye, Dragon Inn ဆိုပြီး Tsai Ming Liangက ဒရာဂွန်အင်းရုပ်ရှင်ကို ရုံမှာကြည့်တာနဲ့တင် တစ်ကားလုံးပြီးသွားတဲ့ ရုပ်ရှင်တစ်ကားလည်း ရိုက်ခဲ့ဖူးတယ်။ဇာတ်လမ်းကျောရိုးကတော့ ပြန်ရိုက်တဲ့ကားတွေနဲ့ သိပ်တော့မကွာပါဘူး။ ကွာတာက ကာရိုက်တာ တည်ဆောက်ပုံနဲ့ ဇာတ်လမ်းကျောရိုးမှာဖြည့်သွားတဲ့ ...
movie

Dragon Inn (1967)

A Touch of Zen (1971) 7.5
A Touch of Zen (1971) Directed by King Hu Genre - Action,Adventure,Drama IMDb - 7.5/10ကင်းဟူဟာ ဟောင်ကောင်ရဲ့ အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ရှောဘရားသားကုမ္ပဏီမှာ မင်းသားအဖြစ်ရော ရိုက်ကွင်းပြင်ဆင်သူအဖြစ်ရော စာရေးဆရာအဖြစ်ရော လုပ်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာပါ လုပ်ခဲ့တယ်။ အကူအဖြစ်နဲ့ပဲရိုက်ခဲ့ရတာများပြီး နောက်ပိုင်းမှာ ရှောဘရားသားရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Come Drink with Me (1966)ကို ရိုက်ခဲ့ပြီးတဲ့နောက် ၁၉၆၇မှာ ရှောဘရားသားကနေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မှာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့တယ်။၁၉၆၇မှာပဲ ထိုင်ဝမ်ကနေ သူ့ရဲ့နာမည်အကျော်ဆုံး ရုပ်ရှင်ဖြစ်သလို Wuxia ရုပ်ရှင်တွေရဲ့ သမိုင်းမှာ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Dragon Innကို ရိုက်ခဲ့တယ်။ ဒရာဂွန်အင်းဟာ အန်းလီရဲ့ နာမည်ကျော် Crouching Tiger, Hidden Dragon (2000) နဲ့ ကျန်းရိမူရဲ့ House of Flying Daggers တို့လို ကားတွေအပါအဝင် Wuxiaကား တော်တော်များများရဲ့ အတုယူစရာ ဖြစ်ခဲ့တယ်။(2004)နောက် A Touch of Zenကို ...
movie

A Touch of Zen (1971)

Royal Warriors (1986) In the Line of Duty-1 6.9
Royal Warriors (1986) In the Line of Duty-1 မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ…ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။အခုဒုတိယကားအနေနဲ့တင်ဆက်လိုက်တဲ့ Royal Warriors (1986) ဇာတ်ကားကတော့ In The Line of Duty-1 လို့လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုအဓိကပါဝင်ထားပြီး IMDb Rating(6.9) ထိ ရရှိထားမလို့Action ပရိတ်သတ်တွေ ...
movie

Royal Warriors (1986) In the Line of Duty-1