Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pádraic Delaney
6.3
Perrier’s Bounty (2009)
ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက်ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီးသူ့ရဲ့ အဖေဖြစ်သူရယ် ..အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ်လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေးကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲတစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက်ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လိုမသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲသေချာပေါက် ပြောလိုက်ပါရစေ။ File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie
Perrier’s Bounty (2009)
6
Freud’s Last Session (2023)
Freud's Last Session (2023)~ IMDb - 6/10, RT - 45%, Meta - 49% ~စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းကိုရိုက်ပြထားတာပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က ...
movie
Freud’s Last Session (2023)
2023
6.5
Blackthorn (2011)
IMDB rating - 6.5 Rotten Tomatoes- 75%Rating မြင့်တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါတယ်။၁၉၀၈ ခုနှစ် ဝန်းကျင်မှာဇာတ်အိမ်တည်ထားပြီး တစ်ချိန်က နာမည်ကြီးသရုပ်ဆောင် Sam Sherpard က ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့Blackthorn နေရာမှာသရုပ်ဆောင်ထားပြီး Blackthorn ရဲ့ငယ်ဘဝကိုGame of Throne ဇာတ်လမ်းတွဲထဲက ဂျိန်းလန်နစ်စတာကြီး(Nikolaj Coster-Waldau) ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က နာမည်ကြီး တောပုန်းလူဆိုးကြီးဘုချ်ကတ်စစ်ဒီ ဟာ ဂျိန်းစ်ဘလက်သွန်းဆိုတဲ့နာမည်နဲ့ ဘိုလီဗီးယားနိုင်ငံကမထင်မရှားရွာလေးမှာ မြင်းမွေးပြီးအသက်မွေးနေထိုင်တယ်။ တစ်နေ့သူချစ်ရတဲ့အမျိုးသမီးတစ်ယောက်က သေဆုံးသွားပြီးဆိုတဲ့သတင်းကိုကြားတဲ့အတွက်ကျန်ခဲ့တဲ့သားကိုစောင့်ရှောက်ဖို့ဆိုပြီး အမေရိကန်နိုင်ငံကိုပြန်ဖို့ပြင်ဆင်ပါတော့တယ်။ဘဏ်မှာအပ်ထားတဲ့ သူ့ပိုက်ဆံတွေကိုအကုန်ထုတ်ပြီး မြင်းတစ်ကောင်နဲ့ထွက်လာပြီး လမ်းမှာ ထွက်ပြေးလာတဲ့အယ်ဂွာဒိုဆိုတဲ့ စပိန်သားတစ်ယောက်ကသူ့ကိုလူမှားပြီးသေနတ်နဲ့ပစ်လိုက်တာ လူတော့မထိပေမယ့် မြင်းကတော့ထွက်ပြေးသွားပါတယ်။ ရှိသမျှအကုန်ထုတ်ထားတဲ့ပိုက်ဆံတွေ ပါသွားတဲ့အတွက် အယ်ဂွာဒိုကိုသတ်မယ်အလုပ်မှာသူ့မှာ ပိုက်ဆံတွေအများကြီးရှိကြောင်း ၊ သူ့ကိုကယ်ပေးရင်ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေပြန်ပေးနိုင်ကြောင်းပြောတဲ့အခါမှာ ဇာတ်လမ်းကစတင်ပါတော့တယ်။ File size…2.02GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ...
movie
Blackthorn (2011)
7.5
The Wind That Shakes the Barley(2006)
The Wind That Shakes the Barley(2006)**************************************အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုးသူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွားသရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
The Wind That Shakes the Barley(2006)