Channel Myanmar

Øyvind Trøite

Narvik: Hitler’s First Defeat (2022) 6.7
Narvik: Hitler’s First Defeat (2022) Narvik: Hitler's First Defeat (2022)နော်ဝေနိုင်ငံမှာရှိတဲ့ နားဗတ်မြို့ကလေးဟာ ကားလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်တွေ ရှိပြီး သံရိုင်း တင်ပို့ရောင်းချရာမှာ အရေးပါတဲ့မြို့ ဖြစ်တဲ့အတွက် အချက်အချာမြို့လေးတစ်မြို့ပါ။ ဒုတိယကမ္ဘာစစ် စတင် ဖြစ်ပွားချိန်မှာ စစ်ထဲကိုဝင်မပါချင်တဲ့ အတွက် ကြားနေမူဝါဒကျင့်သုံးကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဂရိတ်ဗြိတိန်နဲ့ နာဇီဂျာမန်တို့ရဲ့ အားပြိုင်မှု ကြားမှာ စစ်ထဲဝင်ပါရဖို့ဖြစ်လာပါတော့တယ်။ နားဗတ်တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ဒီဇာတ်ကားလေးက အဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နော်ဝေစစ်တပ်က တပ်ကြပ်ဂန်နာဟာ မိသားစုရှိရာ နားဗတ်မြို့မှာ တာဝန် ထမ်းဆောင်ဖို့ပြန်ရောက်လာပါတယ်။ အဲ့ဒိညမှာပဲ ဂျာမန်တပ်တွေက နားဗတ်မြို့ကို သိမ်းပိုက်ပြီး နော်ဝေတပ် တွေကို လက်နက်ချခိုင်းပါတယ်။ တပ်ခွဲမှူး ဗိုလ်မှူးက တပ်ကြပ်ဂန်နာအပါအဝင် လက်နက်မချချင်တဲ့ ရဲဘော် တွေကို စုစည်းပြီး မြို့အထွက်က တံတားကိုဖေါက်ခွဲဖျက်စီးပြီး ပိတ်ဆို့ရေးလုပ်ဖို့ပြင်ဆင်ပါတယ်။ ဒါပေမယ့် ...
movie

Narvik: Hitler’s First Defeat (2022)

2022