Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Orlando Jones
6.0
Chain of Fools (2000)
Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲအတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ်ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန်ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီးAvent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲဆိုတာကိုတော့ကြည့်လိုက်ကြပါ။Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah WoodKresk ...
movie
Chain of Fools (2000)
6.0
The Time Machine (2002)
The Time Machine (2002) IMDb Rating (6.0)အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့... ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သုတေသနတွေ နဲ့ ပျော်မွေ့နေတတ်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို လက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ...
movie
The Time Machine (2002)
2002
6.0
Til Death Do Us Part (2023)
Til Death Do Us Part (2023) ==================== IMDb Rating - 6.0/10သတို့သမီးတစ်ယောက်နဲ့ လူသတ်သမားသတို့သားတစ်ဖွဲ့လုံး ချရတဲ့ ကားပါ။ ဇာတ်ကားနာမည်က မင်္ဂလာဆောင်တွေမှာ သစ္စာဆိုတဲ့စကား ပါပဲ။ သေမှပဲ တို့တွေခွဲမယ်တို့ သက်ဆုံးတိုင်မခွဲဘူး ဘာညာပေါ့။ ဒီကား ကိုကြည့်ရင် Kill Bill ကို ပြေးမြင်မိမယ်ထင်ပါတယ်။ သတို့သမီးက လုပ် ကြံရေးအဖွဲ့ကြီးတစ်ခုရဲ့ အဖွဲ့ဝင်ပါ။ အဲဒီအဖွဲ့ကနေ အရှင်ထွက်ခွင့်မရှိပါ ဘူး။ဒါပေမဲ့ သတို့သမီးက သူနဲ့အတူ တွဲလုပ်ခဲ့တဲ့ တွဲဘက်လူသတ်သမားနဲ့ ကြိုက်သွားပြီး မင်္ဂလာမဆောင်ခင်ရက်ပိုင်းမှာပဲ ဒီအဖွဲ့ထဲကနေ ထွက်ချင် လို့ ထွက်ပြေးပါတော့တယ်။ ဒါကို သတို့သားနဲ့ သတို့သားအရံ၊ သူငယ်ချင်း လူသတ်သမားတွေက အုပ်လိုက်ကြီးပြန်လိုက်ဖမ်းတာပါ။ အဲဒီတော့ တစ် ကားလုံး အပြန်အလှန်သတ်ဖို့ကြိုးစားကြတာပေါ့။ ဟာသ၊ အက်ရှင်၊ ဟော် ရာဖြစ်လို့ ခပ်ပြောင်ပြောင်အခန်းတွေလည်း မြင်ရမှာပါ။ အတော်လေး ဖျော် ဖြေမှုပေးတဲ့ ရုပ်ရှင်ပါပဲ ကြည့်ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(2.0 GB) / (490 MB) Quality............WEB-DL ...
movie
Til Death Do Us Part (2023)
2023
88 (2022)
88 (2022)အသားအရောင်ခွဲခြားတာတွေ ကာလကြာရှည် လူမည်းတွေကို ဖိနှိပ်ခဲ့တာတွေ နာဇီလက်သစ်တွေရဲ့ ဝါဒဖြန့်ချိရေးနည်းလမ်းတွေ နိုင်ငံရေးအမြင်တွေ အစုံအလင် ပါ၀င်တဲ့ Mystery ရုပ်ရှင်ဖြစ်ပါတယ်။အာဖရိကန်လူမည်း ဖမီဂျက်ဆင်က နိုင်ငံရေးလှုပ်ရှားမှုကော်မတီက ဘဏ္ဍာရေးဒါရိုက်တာဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ လူမည်းကိုယ်စားလှယ်လောင်း ဟာရိုအနိုင်ရဖို့ ထောက်ပံ့ပေးတဲ့ Super PAC အဖွဲ့မှာအလုပ်လုပ်ပါတယ်။ မထင်မှတ်ဘဲ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်းမှာ အလှူရှင်တွေ လှူထားတဲ့ ဂဏန်းပမာဏတွေကို စစ်ကြည့်မိရာကနေ တစ်ခုခု ထူးခြားတာကို တွေ့လိုက်ရပါတယ်။ ဂဏန်းတွေကို ထပ်ပေါင်းလိုက်ရင် အားလုံးက 88 ရနေတဲ့ Pattern ကို တွေ့တာပါ။ဒီအကြောင်းကို ဘလော့ဂါ သူငယ်ချင်းကို စုံစမ်းခိုင်းရာကနေ သူတို့ Super PAC လာတဲ့ ငွေတွေက ရိုးရိုးအလှူရှင်တွေဆီက မဟုတ်ဘဲ နာဇီလက်သစ်တွေဆီက လာတာ ဖြစ်နေတဲ့အခါ... ဖမီနဲ့ သူ့သူငယ်ချင်းက အသေးစိတ် ဆက်စုံစမ်းရင်း နာဇီတွေရဲ့ Coded Message ...
movie
88 (2022)
2022
5.1
Enemies Closer (2013)
မင်းသားကြီး Van Damme ကိုယ်တိုင်ဗီလိန်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Enemies Closerဆိုတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။ဟင်နရီကအမေရိကန်နဲ့ကနေဒါနယ်နမိတ်ကတောအုပ်အတွင်းမှာအလုပ်လုပ်နေတဲ့သူပါ။တစ်နေ့မှာတော့သူ့ရဲ့အတိတ်ကပြဿနာတစ်ခုကြောင့်သူ့ကိုသတ်ဖို့ကြိုးစားတဲ့ ကလေး ဆိုသူရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ကလေးရဲ့ဟင်နရီကိုလုပ်ကြံသတ်ဖြတ်မှုကမအောင်မြင်ခဲ့ပဲမူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့တစ်ခုကသူတို့ရှိနေတဲ့တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။ဟင်နရီတို့နှစ်ယောက်ရန်သူအဖြစ်ကနေပူးပေါင်းသွားကြပြီးမူးယစ်ရာဇာတွေကိုဘယ်လိုအနိုင်ယူတိုက်ခိုက်ကြမလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size… 1.10 GB / 552 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ..... Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citrus
movie
Enemies Closer (2013)
2013
5.9
Cirque du Freak: The Vampire’s Assistant (2009)
Cirque du Freak: The Vampire's Assistant (2009)========================================ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ဗန်ပိုင်းယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင်တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်းလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားကမိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီးကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးစတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစားသွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါနေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာတန်စေရမယ်လို့ အာမခံလိုက်ပါတယ်..) File size…1.19GB / ...
movie
Cirque du Freak: The Vampire’s Assistant (2009)
2009
7.7
Office Space (1999)
ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ထွက်ရှိခဲ့ပြီး ရုံးခန်းတွေ ကုမ္ပဏီတွေမှာ အလုပ်လုပ်ပုံတွေနဲ့ အမြင်တွေကိုပါ ပြောင်းလဲသွားစေခဲ့တဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီတစ်ခေါက်တော့ the old time ကိုပြန်လွမ်းဆွတ်သတိရမိစေမဲ့ 20th century fox productionက ထုတ်လုပ်ထားတဲ့ Office Space 1999က အားလုံးနဲ့ရင်းနှီးပီးသားဇာတ်ကားလေးတစ်ကားဖြစ်မှာပါဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ပီတာ ဆမီလ်နဲ့ မိုက်ကယ်တို့ ရုံးအလာကားလမ်းပိတ်ပီး ကိုယ်စီအခက်အခဲဖြစ်နေတာကိုတွေ့ရမှာပါ ပီတာတို့သူငယ်ချင်း ၃ယောက်က Initech လို့ခေါ်တဲ့ software ကုမ္ပဏီမှာ အလုပ်လုပ်ကြပါတယ် Boss ဖြစ်တဲ့ ဘီလ် လမ်ဘာ့ဂ်က အရမ်း bossy ဖြစ်တာကြောင့် ဝန်ထမ်းတွေလဲ လုပ်ရတဲ့အလုပ်ပေါ်မှာ မပျော်ရွှင်ကြပါဘူး တနေ့တော့ပီတာကအလုပ်လုပ်စရာမလိုပဲသူဌေးဖြစ်နိုင်မဲ့နည်းလမ်းတစ်ခုကိုရှာတွေ့သွားရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြဦးမလဲဆိုတာ ဟာသလေးတွေနဲ့အလွဲတွေကိုကြည့်ရှုခံစားရမဲ့အပြင် ဝန်ထမ်းကိုယ်စီရဲ့ရှုထောင့်ကနေ မတူညီတဲ့ခံစားချက် ဝန်ထမ်းတို့ရဲ့ဘဝကို ရသမြောက်အောင်ဖော်ကျူးပေးနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်File size…(1.08GB) / (630MB) / (282MB) Quality…. Web 1080P ...
movie
Office Space (1999)
7.1
Runaway Jury(2003)
Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie
Runaway Jury(2003)
7.0
The Replacements(2000)
The Replacements(2000) အညွှန်း****************************John Wick ဇာတ်ကားတွေရဲ့ စတား မင်းသားကြီး Keanu Reevesခေါင်းဆောင်ပါတဲ့ american football ကားပါ.... ဇာတ်လမ်းကတော့ ဝါရှင်တန်ဘောလုံးအသင်းက ကစားသမားတွေကပိုက်ဆံပိုလိုချင်လို့ ပိုင်ရှင်တွေကိုငွေပိုတောင်းပြီး ဆန္ဒပြတာပါ... ပိုင်ရှင်က မကျေနပ်ရင်ထွက်ဆိုပြီး တစ်သင်းလုံးကို အစားထိုးကစားသမားတွေငှားလိုက်ပါတယ် သူတို့နဲ့အတူ Coach အသစ်တစ်ယောက်ရောပဲ....Keanu က ခေါင်းဆောင်ကစားသမားအနေနဲ့အရွေးခံရပါတယ်.....သူတို့အသင်းက ၄ပွဲပဲ ကစားရမယ် ၃ပွဲနိုင်မှ ထိပ်ထဲပါမှာပါ....အသင်းစဖွဲ့ပြီးချိန်တစ်ပတ်တောင်အချိန်မရတဲ့အခါဘယ်လိုဆော့ကြမလဲ ဘယ်လို ရုန်းကန်ကြမလဲဆိုတာကိုတော့..... File Size :(4.89GB) (1.72GB) and (492MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:58:00 Genre : Comedy , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae
movie
The Replacements(2000)
6.0
Bedazzled (2000)
Bedazzled (2000)IMDb - 6.0/10_____Rotten - 50% အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie
Bedazzled (2000)
2000
4.8
From Dusk Till Dawn 3: The Hangman’s Daughter (1999)
ဒီဇာတ်ကားကတော့ ပထမနှစ်ကားရဲ့ မြစ်ဖျားခံရာ အကြောင်းကို ဖော်ထုတ်ပေးတဲ့ ကားပါပဲ။Action,Horror,Crime အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 4.8 ပါ။နာမည်ကြီးဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဘုရားမဲ့ဝါဒီ Ambrose Bierce တစ်ယောက်ဒေသခံပုန်ကန်သူခေါင်းဆောင်ထံကိုသွားရင်းတရားဟောဆရာ Newlie နဲ့ သူ့ရဲ့ဇနီးတို့နဲ့အတူခရီးသွားဖြစ်ကြပါတယ်။ကြိုးဆွဲချအသတ်ခံရလုဆဲဆဲအခြေအနေကဓားပြ Madrid တစ်ယောက်သူ့ကိုကြိုးဆွဲချမယ့် ပါးကွက်သားရဲ့အနှိပ်စက်ခံသမီးလေး နဲ့အတူလွတ်မြောက်လာပြီးသူ့ကိုကယ်ခဲ့တဲ့ကလေးတစ်ယောက် Reesce နဲ့အတူ Ambrose တို့ကိုဓားပြတိုက်ခဲ့ရာက အလွဲအမှားတွေဖြစ်ပြီး မရောက်သင့်တဲ့တစ်နေရာကိုရောက်ရှိသွားပါတယ်။သူတို့တွေ အတူလက်တွဲပြီး သဘာဝလွန်ဖြစ်ရပ်တွေကိုအတူရင်ဆိုင်နိုင်မလားဒါမှမဟုတ်တစ်ယောက်နဲ့တစ်ယောက်ပြန်ရန်ရှာပြီးပဲ သတ်မိကြမလားဆိုတာကတော့... File size…(850MB) Quality…BR-Rip 1080p Format…mp4 Duration….01:33:49 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie
From Dusk Till Dawn 3: The Hangman’s Daughter (1999)
1999