Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Onalee Ames
Shall We Dance? (2004)
၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်....ဇကာတင်ဆု ၇ ဆုရရှိထားပါတယ်...မင်းသားမင်းသမီးတွေကတော့ ရွှေရောင်ကမ္ဘာလုံးဆုရရှိထားတဲ့ မင်းသားကြီး Richard Gere နဲ့ မင်းသမီးတွေကတော့ Susan Sarandom နဲ့ Jennifer Lopez တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကြောင်းလေးပြောရရင်တော့ အမွေကိစ္စစီမံခန့်ခွဲပေးတဲ့ ရှေ့နေဖြစ်သူ ဂျွန်ကလက်ခ်ဟာ အိမ်ထောင်ကျခဲ့တာ နှစ် ၂၀ နီးပါကြာခဲ့ပါပြီ...သူဟာမိသားစုကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း သူကိုယ်တိုင်ကလည်းအလုပ်ရှုပ် မိန်းမဖြစ်သူကလည်းအလုပ်ရှူပ်သူတစ်ယောက်ဖြစ်လေတော့ နေ့စဉ်အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီလိုပုံမှန်ကိစ္စတွေကြား သူဟာပျင်းရိလာခဲ့ပါတယ်...ဆန္ဒမပြည့်ဝဖြစ်လာခဲ့ပါတယ် ဂျွန်ကလက်ခ် နေ့စဉ်အလုပ်ကအပြန် လမ်းမှာ မြင်တွေ့ရသူကတော့ ပေါ်လီနာဆိုတဲ့ကချေသည်မိန်းကလေးဖြစ်ပါတယ်...သူမဟာနေ့စဉ် မစ်စ်မစ်ဇီရဲ့အကသင်တန်းမှ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးကြည့်လေ့ရှိပါတယ်....ဂျွန်ကလက်ခ်ဟာပေါ်လီနာကိုတွေ့ပါများလာတဲ့အခါ မစ်စ်မစ်ဇီရဲ့အကသင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ဂျွန်ကလက်ခ် အကသင်တန်းတက်တော့ အိမ်ပြန်နောက်ကျလာတယ်....အပြုအမူတွေပြောင်းလာတယ်...ဒါကိုသတိထားမိတဲ့ မိန်းမဖြစ်သူဘယ်ဗာလီက စုံထောက်တစ်ယောက်ကိုငှားပြီး သူ့ယောက်ျားနောက်ကိုလိုက်ခိုင်းပါတော့တယ်....ဒီတော့ ဂျွန်ကလက်ခ်နဲ့ပေါ်လီနာတို့ကြားဘယ်လိုဖြစ်သွားမလဲ....မိန်းမဖြစ်သူဘယ်ဗာလီက ဂျွန်ကလက်ခ်အကသင်တန်းတက်နေမှန်းသိသွားတဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ....File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Shall We Dance? (2004)
Horsemen (2009)
ဒီဇာတ်ကားကတော့ 2009 ခုနှစ်ထွက် သည်းထိတ်ရင်ဖို ၊ကိုယ်တိုင်လည်းစုံထောက်ဝင်လုပ်လို့ရမယ့်ကားပဲဖြစ်ပါတယ် ဒီကားမှာ စုံထောက်ဘရယ်စလင်းကိုင်ရမယ့်အမှုက လူတစ်စုရဲ့ဗျာဒိတ်ကျမ်းအပေါ်အခြေခံပြီးစတင်ခဲ့ကြတဲ့ နှိပ်စက်သတ်ဖြတ်မှုတွေပါ။ပထမဆုံးနစ်နာသူတစ်ယောက်ဖြစ်တဲ့ မစ္စစပစ်ဟာသူ့နေအိမ်အခန်းထဲမှာတင် ကိုယ်အနှံ့ချိတ်ကောက်တွေနဲ့ စင်တစ်ခုမှာ ချိတ်ထားခံရလျက် သေဆုံးနေတာဖြစ်ပါတယ်။ အခန်းထဲမှာလည်းသဲလွန်စတစ်ချို့တမင်ထားခဲ့ပါသေးတယ်၊ ဒုတိယမြောက်နစ်နာသူလည်းဒီလိုနည်းတူ သေဆုံးနေတာကိုတွေ့လိုက်ရတော့….သဲလွန်စတွေအတိုင်း အမှုကိုရုပ်လုံးဖော်ကြည့်ရမှာတရားခံက ဗျာဒိတ်ကျမ်းကိုပုံဖော်ဖို့ကြိုးစားနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဗျာဒိတ်ကျမ်း ထဲမှာ ကမ္ဘာပျက်ကိန်းကို ကိုယ်စားပြုထားတဲ့ မြင်းစီးသူရဲ လေးဦးရှိပြီး စစ်ပွဲ၊ ငတ်မွတ်ခြင်း၊ အောင်နိုင်ခြင်း နဲ့ သေဆုံးခြင်းတို့ဖြစ်ပါတယ်။ ဒီထဲကနှစ်ခုတော့သူတွေ့သွားပြီဆိုတော့ နောက်ကျန်တဲ့နှစ်ခုကရောဘယ်မှာဖြစ်နေမလဲ…..တရားခံကရော ဘယ်သူလဲ၊တစ်ယောက်တည်းလား၊ အဖွဲ့နဲ့လား။ တရားခံကဘာရည်ရွယ်ချက်နဲ့လုပ်ရတာလဲ။ နစ်နာသူကဒီလေးယောက်နဲ့တင်ပြီးပါ့မလား စတဲ့ပဟေဠိတွေနဲ့ စုံထောက်လုပ်ရင်းရှုစားကြည့်ကြည့်ပါ… File size…(1.7 GB)/(811 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Horsemen (2009)
6.1
My Awkward Sexual Adventure (2012)
ဆော်က ငထန် မင်းသားက ငဒူ ဆော်က အားမရလို့ပစ်သွားတော့မှ ဆော်က ကိုယ့်ကို စိတ်ပြန်လည်လာဖို့ ကူပါကယ်ပါနဲ့ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိတဲ့အဖြစ် အဖော်အချွတ်ကလပ်က ဆော်တစ်ပွေနဲ့တွေ့ပြီးကိုယ်ဖိရင်ဖိသင်ကြားပြီးတော့မှ သိုင်းကွက်အစုံနဲ့ ရေခဲတောင်ကြာပွင့်စားစရာမလိုပဲ အတွင်းအားတွေရသွား တဲ့Canadian Comedy/Romance ဇာတ်ကားလေးတစ်ကားပေါ့မင်းသားကတော့ Canadian ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ ဖြစ်တဲ့ Jonas Chernick နဲ့ မင်းသမီးကတော့ Canadian Series တွေ British Series တွေရိုက်ကူးနေတဲ့ Emily Hampshire တို့ပါပဲ နှစ်ယောက်စလုံးကလည်း Canadian လူမျိုးတွေပဲဆိုတော့ Canadian Sex ဇာတ်ကားကောင်းလေးတစ်ကားကိုအသွင်သစ်အမြင်သစ်လေးတစ်ခုအနေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦး ပရိသတ်ကြီးဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
My Awkward Sexual Adventure (2012)
5.3
Blood (2022)
Blood (2022) ==========ဒီတစ်ခါမှာတော့ "Enchoes" ဇာတ်လမ်းတွဲထဲက အမြွှာ ညီအစ်မအဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Lynn Monaghan ရဲ့ "Blood" ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။"Blood" ဆိုတဲ့ Horror/Thriller ရုပ်ရှင်ထဲမှာ အမည်မသိ အရာတစ်ခုဆီကနေ သားငယ်ကို ကယ်တင်ဖို့ကြိုးစားနေတဲ့ မိခင်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဂျက်စီကာဟာ ကွာ ရှင်းပြီးတဲ့နောက် သားနဲ့သမီးကို အုပ်ထိန်းခွင့်ရဖို့ အရင်ယော က်ျားနဲ့ တရားရင်ဆိုင်ဆဲအနေအထားပါ။ အဲ့အချိန်မှာပဲ သူ့ သားလေးဆီကို အမည်မသိအရာတစ်ခုဝင်ရောက်လာလေ တော့ သားဇောနဲ့ မိခင်တစ်ယောက်ရဲ့ အခက်အခဲတွေ၊ ရွေးချယ် မှုတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (665 MB) / (336 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM
movie
Blood (2022)
2022
7
Run 2020
ဆေးပညာရပ်မှာ Munchausen Syndrome by Proxy (သို့) Munchausen By Proxy လို့ ခေါ်တဲ့ စိတ်ရောဂါ တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကလေးအမေ သို့မဟုတ် သက်ကြီးရွယ်အိုတစ်ယောက်ကို စောင့်ရှောက်နေရတဲ့ သူမျိုးမှာ ဖြစ်တတ်တဲ့ရောဂါပါ။ သူတို့စောင့်ရှောက်ရတဲ့ ကလေး သို့မဟုတ်လူကြီးကို တကယ်မရှိတဲ့ ရောဂါလက္ခဏာတွေ ရှိတယ်လို့ ထင်အောင်လုပ်ပြီး ဆေးရုံတွေတက်၊ ဆရာဝန်တွေ၊ သူနာပြုတွေ နဲ့ ပတ်ဝန်းကျင်ကလူတွေ သနားတာ ဂရုစိုက်တာကို ခံချင်တဲ့ စိတ်ဝေဒနာမျိုးပါ။ ဒီလို ရောဂါရှင်တွေဟာ အများအားဖြင့် ဆေးပညာဗဟုသုတ ရှိတတ်ကြပြီး လက္ခဏာတွေကို ယုံလောက်အောင် လိမ်ပြောတာတွေ၊ ဆေးစစ်ချက်တွေကို ပြောင်းတာတွေ၊ ပိုဆိုးလာရင် တကယ် ရောဂါလက္ခဏာတွေ ပေါ်လာအောင် နှိပ်စက်တာတွေပါ ရှိလာပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီရောဂါကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လှည့်ကွက်တွေရယ် ပိုပြီး ကြောက်စရာ ကောင်းတဲ့အချက်တွေရယ် ပါဝင်တာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ Rating 7 ရထားပါတယ်။ ကြည့်လိုက်ကြပါဦး။ File size… 1 Gb ...
movie
Run 2020