Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Onadio Leonardo
Ali Topan (2023)
အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာအဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားကအကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေးအဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေမိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီကသူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေးတစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်းကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီးအန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုကသူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲမွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွားကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေအကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်းအိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေကပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH ...
movie
Ali Topan (2023)
5.8
Why Do You Love Me (2023)
Why Do You Love Me (2023) "ဘာလို့ချစ်တာလဲ"IMDb - 5.8/10လူ့အခွင့်အရေးဆိုတာ လူတိုင်းရဖို့ထိုက်တန်တယ်ဆိုရင် မသန်စွမ်းတဲ့သူတွေမှာလည်း အိမ်ထောင်ရေးသုခဆိုတဲ့အရာကိုရဖို့ ထိုက်တန်တယ်မဟုတ်ဘူးလားတဲ့။ ဒီအတွေးကို ပထမဆုံးချပြရင်း အကောင်အထည်ဖော်ခဲ့တဲ့သူကတော့ Asta Anthony Philpotဆိုတဲ့ အမေရိကန်နိုင်ငံသားproducerပေါ့။ ကိုယ်တိုင် physical disabilityရှိသူတစ်ယောက်အနေနဲ့ မသန်စွမ်းတွေအတွက်လည်း အခကြေးငွေပေးပြီး ပျော်ပါးတဲ့ဝန်ဆောင်မှုမျိုးရသင့်တယ်လို့ ချပြခဲ့သူပေါ့။ Asta Philpotကို အကြောင်းပြုလို့ Come as you areတို့ Hasta La Vista တို့လို ရုပ်ရှင်တွေရိုက်ဖြစ်သွားပြီး အခုတစ်ခါတင်ဆက်ပေးမှာကတော့ Hasta La Vista ရဲ့ အင်ဒိုremakeလေးပါ။နိစ္စဓူဝ ကိစ္စအဝဝကို မိဘကိုအားကိုးရင်းနေရတဲ့ မသန်စွမ်း ၃ ယောက်ဖြစ်တဲ့ ဒန်တွန် ဘာစ်ကာရာနဲ့ မီကိုတို့အတွက်တော့ ချစ်သူဆိုတဲ့အရာက မူးလို့တောင်ရှူစရာမရှိပါဘူး။ ဒီပုံစံအတိုင်း အမေအဖေတွေနဲ့ ဆက်နေနေရင်တော့ နှစ်တစ်ထောင်အက်ဖ်အေဘဝက ကျွတ်ဖို့လွတ်ဖို့ကလည်းမရှိတဲ့ လူပျိုစစ်စစ် ရေမရောဘဝနဲ့ ...
movie
Why Do You Love Me (2023)
2023
6.5
Hello Ghost (2023)
Hello Ghos (2023)လူတွေက ဘယ်လိုအချိန်မျိုးတွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။ အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။ သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။ ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့် ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။ လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။ ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။ နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ... မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။ ကရက်စနာက သရဲတွေကို မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီး အဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။ အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲ သူတို့ကရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie
Hello Ghost (2023)
2023