Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Omero Antonutti
7.8
El Sur (1983)
'ဒက္ခိဏတမ်းချင်း'ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က ...
movie
El Sur (1983)
8.6
Life Is Beautiful (1997)
Life is Beautifulဒီရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးပေါင်း ၁ သန်းကျော် အသတ်ခံခဲ့ရတဲ့ ဂျာမန်တွေရဲ့ ငရဲခန်းလို့ တင်စားကြတဲ့ Auschwitz အကျဉ်းစခန်းထဲက လွတ်မြောက်လာခဲ့သူ အီတလီ ဂျူးလူမျိုး Rubino Romeo Salmoni ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းအပေါ် အခြေခံထားပါတယ်။ သူဟာ အသက် ၉၁ နှစ် ( ၂၀၁၁ ) မှာ ကွယ်လွန်သွားခဲ့ပါတယ်။Romeo Salmoni ဟာ ၁၉၄၄ ခုနှစ်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး အသက် ၂၄ နှစ်အရွယ်မှာ Auschwitz အကျဉ်းစခန်းကို ရောက်ခဲ့တယ်။ သူလွတ်မြောက်လာချိန်မှာ သူ့ညီ နှစ်ယောက်စလုံးက အသတ်ခံခဲ့ရတယ်ဆိုတာ သိခဲ့ရတယ်။ ဒါပေမယ့် သူ့မိဘတွေနဲ့တော့ ပြန်ဆုံခဲ့တယ်။ ဒီဇာတ်ကားကို ရိုက်တဲ့ဒါရိုက်တာ Roberto Benigni ရဲ့ အဖေဟာ မဟာမိတ်အီတလီစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတုန်း နာဇီတွေရဲ့ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရပြီး ...
movie
Life Is Beautiful (1997)
1997
1080p HEVC