Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Olivier Gourmet
The Child (2005)
Dardenne brothers ရိုက်ကူးခဲ့တဲ့ ပြင်သစ်စကားပြော ဘယ်လ်ဂျီယံရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘရူနိုနဲ့ ဆိုနီယာတို့က အလုပ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ဘ၀ကိုကြုံသလိုဖြတ်သန်းနေတဲ့ စုံတွဲလေးတစ်တွဲ။ သူတို့တွေ အတူနေရင်း ကလေးလေးတစ်ယောက်ရလာရော။ကလေးအတွက် စရိတ်စကရော နေရာထိုင်ခင်းပါ အဆင်မပြေတဲ့အဆုံး ဘရူနိုတစ်ယောက် ကြံမိကြံရာကြံရင်း ရက်သားကလေးလေးကို မွေးစားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောင်းစားလိုက်မိတယ်။ ဒီမှာပဲ သူတို့စုံတွဲ စကားတွေများကြပြီး ပြဿနာတွေကြီးထွားလာခဲ့ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
The Child (2005)
6.3
Mayhem! (2023)
Mayhem 2023 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့ ၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ… သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။အညွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p File size….. 1.8GB | 962MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Mayhem! (2023)
2023
7.3
Read My Lips (2001)
ထောင်ထွက်တစ်ယောက်နှင့် နားမကြားတဲ့သာမာန်ရုံးဝန်ထမ်းကောင်မလေးတို့ နဖူးစာရွာလည်ပြီး ဒေါ်လာခုနှစ်သောင်းကို ခိုးယူဖို့ ကြံစည်ကြတဲ့အခါ???ဇာတ်လမ်းအကျဉ်း......ကာလာဟာ နားမကြားတဲ့အမျိုးသမီးဖြစ်ပြီး လူတွေရဲ့ နှုတ်ခမ်းအမူအရာကိုဖတ်ပြီး ဘာပြောနေလဲဆိုတာကို သိနိုင်တဲ့သူပါ။ သူမဟာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေပြီးတော့ သာမာန်အတိုင်း ပျင်းရိစရာကောင်းတဲ့ ရုံးလုပ်ငန်းမှာ စိတ်လှုပ်ရှားစရာမရှိဘဲ ဘဝကို ဖြတ်သန်းနေသူတစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ တစ်ယောက်တည်း အလုပ်မနိုင်တဲ့အတွက် ရုံးကူအလုပ်သင်ရှာရာကနေ ထောင်က ပူပူနွေးနွေးထွက်လာတဲ့ ပေါလ်အန်ဂျလီကို တွေ့ပြီး ထောင်ထွက်မှန်းသိသိနဲ့ သနားမိပြီး အလုပ်ခန့်လိုက်ပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ရင်းနှီးလာကြပြီးနောက်မှာ ပေါလ်ဟာ မားချန့်ဆိုတဲ့ ကလပ်ပိုင်ရှင်ဆီမှာ ဒေါ်လာ ခုနှစ်သောင်းအကြွေးတင်နေပြီး မားချန့်ရဲ့ ကလပ်မှာ အကြွေးဆပ်ဖို့အတွက် အလုပ်သွားလုပ်ရပါတော့တယ်။ ပေါလ်က အလုပ်လုပ်ရင်းနဲ့ မားချန့်ဆီမှာ ဒေါ်လာအများကြီးရှိကြောင်း သိလိုက်ရတဲ့အခါ ကာလာကို အကူအညီတောင်းပြီး ငွေခိုးယူနိုင်ဖို့ အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီတော့ သူတို့နှစ်ယောက်သား မားချန့်ဆီက ငွေခိုးယူနိုင်ပါ့မလား၊ ကာလာလို့ နားမကြားတဲ့သူက ဘယ်လိုအရေးပါလို့ ...
movie
Read My Lips (2001)
5.8
The Tiger Brigades (2006)
The Tiger Brigades (2006) ==================== IMDb Rating - 5.8/10The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ် ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေ မန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကို အစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရ ဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ် အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင် ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျ အမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့ သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလို သွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသား ဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.29 GB) / (968 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 05Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Alias Encoder..........SWM
movie
The Tiger Brigades (2006)
2006
7.4
Mesrine: Public Enemy #1 (2008)
Genre – Action, Biography, Crime IMDB – 7.4/10 ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကိုအရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကိုနားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲတစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာသက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ ...
movie
Mesrine: Public Enemy #1 (2008)
7.5
Mesrine: Killer Instinct(2008)
Mesrine: Killer Instinct(2008)****************************Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီးမိဘအိမ် ပြန်လာတဲ့ သူပါ...သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူး ဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူGuido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့်တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,, အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့...File Size :(3.2GB)(1.1GB)(and (392MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Action ,Biography , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
Mesrine: Killer Instinct(2008)
The Colors of Fire (2022)
ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ?ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ...။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(2.3 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su ...
movie
The Colors of Fire (2022)
6.7
Grand Central(2013)
Grand Central(2013)*******************Blue Is the Warmest Colour နဲ့လူသိများခဲ့တဲ့မင်းသမီး Léa Seydoux အချစ်ရိုမန့်ကားလေးဖြစ်ပါတယ်.အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂါအီဟာ ပြင်သစ်နိုင်ငံရဲ့ နူကလိယလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာအလုပ်လျှောက်ပါတယ်။ စက်ရုံမှာ training ပေးပြီးတော့မှအလုပ်ကိုဝင်လုပ်ခွင့်ရမှာဖြစ်တဲ့အတွက် လူငယ်တစ်ချို့ကို စီနီယာတစ်ချို့နဲ့တွဲပြီးလေ့ကျင့်ခိုင်းတယ်။ တိုနီနဲ့အခြားစီနီယာတွေက သူတို့ကိုကြီးကြပ်စေပြီးတော့လေ့ကျင့်မှုစမ်းသပ်မှုအောင်မြင်အောင်ကြိုးစားပေးကြတယ်။ နူကလိယစက်ရုံဆိုတာသိတဲ့အတိုင်းပဲ ဓာတ်ရောင်ခြည်သင့်မှုတွေရှိတဲ့အတွက် ဂါအီအစ်မ မာမီကတော့ သူ့ကိုမလုပ်စေချင်ဘူး။ ဒါပေမယ့်လည်း ပိုက်ဆံရတဲ့အတွက် ဂါအီဟာဒီအလုပ်ကိုပဲလုပ်ဖို့ဆုံးဖြတ်ထားတယ်။ စက်ရုံမှာနေနေရင်းနဲ့ တိုနီနဲ့ဇနီးလောင်း ကာရိုးနဲ့ ချစ်မိသွားတယ်။ အဲ့ဒီနောက်မှာတော့..File Size :(1GB) and (398MB) Quality : BLU-RAY720P Format…mp4 Duration…01:34:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Grand Central(2013)
7.3
Two Days, One Night 2014
ဆန်ဒရာဆိုတဲ့ အမျိုးသမီးဟာ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဟာလဲ စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမားခေါင်းဆောင်ရဲ့ လုပ်ကြံမှုကြောင့်တစ်စိတ်တစ်ပိုင်းပါနေပါတယ်။ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲမပေးရင် သူတို့အလုပ်ထွက်ရမယ်ဆိုပြီး ကျန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အားလုံးဟာ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲပေးခဲ့ခြင်းပါ။ ကံကောင်းစွာနဲ့ ဆန်ဒရာဟာ သူတို့ရဲ့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ လျှို့ဝှက်မဲပေးစနစ်ကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ သူ့အလုပ်မထွက်ရစေဖို့ သူ့ဘက်ကမဲမေးဖို့ ကျန်တဲ့သူ တွေကို သူလိုက်ပြီး အကူအညီတောင်းရပါတော့တယ်။ အလုပ်သမားအများစုက သူ့အတွက် မဲပေးခဲ့ရင် ဆန်ဒရာဟာ အလုပ်ထွက်စရာမလိုတော့ပါဘူး။ သို့ပေမယ့် ဒီအတွက် အကူညီလိုက်တောင်းဖို့ရာ ဆန်ဒရာမှာ နှစ်ရက်နဲ့တစ်ညသာ အချိန်ရှိပါတော့တယ် ...... နှစ်ရက်နဲ့တစ်ညအတွင်းမှာ လုံလောက်တဲ့မဲအရေအတွက်ရဖို့ သူစည်းရုံးနိုင်ပါ့မလား .....Quality – 720p blurayrip Duration - 1 hr 35 min Subtitle – Myanmar ...
movie
Two Days, One Night 2014