Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Olga Merediz
6.3
The Light of the Moon (2017)
IMDb 6.3/10The light of the Moon (2017) ဟာ ဘွန်နီဆိုတဲ့အမျိုးသမီးတစ််ယောက် လိင်ပိုင်းဆိုင်ရာစော်ကားမှုအပြီးမှာ စိတ်ဒဏ်ရာများနှင့် တစ်ခြားသော ရှုပ်ထွေးမှုများကို သိမ်မွေ့စွာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒါရိုက်တာ Jessica M. Thompson ရိုက်ကူးထားပြီး ဆိုးရွားသောအတွေ့အကြုံရဲ့ နောက်ကွယ်ကအဖြစ်တွေကို Stephanie Beatriz က သဘာဝကျကျသရုပ်ဆောင်ထားပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မတ်ထ်နဲ့ ဘွန်နီဆိုတဲ့ ချစ်သူလေး ၂ယောက်ရှိပါတယ်။ မတ်ထ်ကတော့ အလုပ်ထဲနှစ်နေလေ့ရှိပြီး အိမ်ပြန်နောက်ကျတာတွေ ချစ်သူကိုအမြဲလိုလို အချိန်မပေးနိုင် ဖြစ်နေလေ့ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ချစ်သူ၂ယောက် အမြဲပြောနေကြရတာပေါ့။ဘွန်နီတစ်ယောက်ကတော့ အလုပ်နဲ့အိမ်က သိပ်မဝေးတာကြောင့် ညတိုင်းလိုလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး လမ်းလျှောက်ပြန်လေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ညမှာ ဘွန်နီတစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး သူတို့ချစ်သူ၂ယောက်အကြားအလှည့်အပြောင်းတစ်ခု ဖြစ်လာပါတော့တယ်။အဲ့ကိစ္စဖြစ်အပြီးမှာ သူတို့ချစ်သူ၂ကြားက ကတောက်ကဆတွေ ချစ်ခြင်းမေတ္တာနားလည်ပေးနိုင်မှုတွေ သည်းခံခွင့်လွှတ်ပေးနိုင်မှုတွေနဲ့အတူ မတော်မတရားပြုကျင့်ခံရတဲ့ မိန်းမသားတို့အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာ ဒုက္ခပင်လယ်ဝေပုံကို ကရုဏာသက်ရင်းကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။File size… 1.2 GB / 549 MB Quality… ...
movie
The Light of the Moon (2017)
6.9
A Guide to Recognizing Your Saints (2006)
ဒီတစ်ခါ ဇာတ်ကားဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့အမေရိကန်ဒရာမာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ဒါရိုက်တာ ဒီတိုမွန်တီရယ် ကိုယ်တိုင်ရဲ့ဘဝအတွေ့အကြုံ မှတ်တမ်းက သူ့ရဲ့ငယ်စဉ်ဘဝကို ဇောင်းပေးမှီငြမ်း ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၂၀၀၆ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာဇာတ်ကားဆု၊ ဇာတ်ပို့ဆုတွေ ၈ခုထိရခဲ့ပြီး nomination ၉ခုရတဲ့အထိအောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့Robert Downey Jr.၊ Channing Tatum နဲ့ Shia Labeouf တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းက ဒီတိုက လက်ရှိအချိန်မှာ အယ်လ်အေမှာအောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နဲ့ အစပျိုးထားပါတယ်။ သူ့ရဲ မိခင် ဖလော်ရီနဲ့ ငယ်သူငယ်ချင်းနာ့ဖ်တို့ဆီက ဖုန်းဆက်တိုက်တွန်းမှုတွေကြောင့် သူစွန့်ခွာခဲ့တဲ့ငယ်စဉ်နေရပ် နယူးယောက် အော်စတိုရီယား ကို နေမကောင်းဖြစ်နေတဲ့ ဖခင်ကို ဆေးရုံတက်ရန် ဖျောင်းဖျဖို့ ပြန်လာခဲ့ပါတယ်ဇာတ်အိမ်တလျှောက် ၁၉၈၀ ဝန်းကျင် ဒီတို ငယ်စဉ်ဘဝကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိအချိန် ...
movie
A Guide to Recognizing Your Saints (2006)
7.0
Marvin’s Room(1996)
Marvin's Room(1996)*******************အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကိုပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကိုတစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးကဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ...
movie
Marvin’s Room(1996)
6.7
Somebody I Used to Know(2023)
Somebody I Used to Know(2023)*******************************ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီး အယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီး ကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။ သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတော့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှသူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့File Size :(1.5GB) and (644MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:46:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Somebody I Used to Know(2023)
7.3
The Place Beyond the Pines(2012)
ဒီတစ်ခါတော့ ပရိသတ်ကြီးကို ၂၀၁၂ခုနှစ်က ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါတော့မယ် တကယ့်ကို သရုပ်ဆောင်ထားတာ ရသမြောက်ပြီးတော့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေထဲမှာ စီးမျောသွားရလောက်အောင်ကို ကောင်းတဲ့ကားကောင်းလေး တစ်ကားပါပဲ IMDP 7.3 အထိရရှိထားပြီး ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း Ryan Goslingရယ် Eva Mendesရယ် Bradley Cooperရယ်ဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ ဇာတ်လမ်းအကျဉ်း လုခ်ဆိုတဲ့ ဆိုင်ကယ်စတန့်မောင်းသမားက သူ့မှာကလေးရှိတာကိုသိသွားတဲ့အခါမှာတော့ ဘာကိုမှဂရုမစိုက်ဘဲ လေလွင့်နေတာကနေ သူ့သားလေးကို စောင့်ရှောက်ဖို့အတွက် သူ့သားလေးရှိတဲ့မြို့မှာပဲ နေမယ်ဆိုပြီး ဆိုင်ကယ်စတန့်မောင်းတဲ့ အလုပ်ကနေထွက်ခဲ့တာပါ အဲဒီမှာပဲ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အဖော်ကောင်းတာနဲ့ ဘဏ်ဓားပြတိုက်ပါလေရော သူ့သားလေးရဲ့ အမေ သူ့ရည်းစားကလည်း သူက လေလွင့်နေတာဆိုတော့ တခြားတစ်ယောက်နဲ့ယူပြီး ဘဝအသစ်တစ်ခုဖြစ်နေခဲ့တာပေါ့ အဲဒီလိုနဲ့ ဓားပြတိုက်ရင်ရလာတဲ့ ငွေလေးနဲ့ သူ့သားအတွက် ပစ္စည်းလေးတွေသွားပို့ရင်း သူ့မိန်းမရဲ့ လက်ရှိယောကျာ်းနဲ့ ရန်ဖြစ်ရာကနေ အဖမ်းခံရပါလေရော အဲဒီလိုနဲ့ သူရဲ့ ဓားပြတိုက်ဖော်တိုက်ဖက် က သူ့ကို ဒေါ်လာ ...
movie
The Place Beyond the Pines(2012)
6.5
Changing Lanes (2002)
Changing Lanes (2002) ================= IMDb Rating - 6.5/10Motherfker ကြီးလို့လူသိများသူ (သို့) နောင်တစ်ချိန်မှာ Marvel ရဲ့ Nick Fury ရယ်လို့ ဖြစ်လာမယ့် အာဖရိကန်အမေရိကန်မင်းသားကြီး Samuel Jackson နဲ့ နောင်အခါမှာ DC ရဲ့ Batman ဇာတ်ကောင် သရုပ်ဆောင်ရတော့မယ့် မင်းသားချောကြီး Ben Affleck တို့ရဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ ဒီဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်အိမ်ကို တစ်ရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ဇာတ်အိမ်အဖြစ်တည် ထားတာမျိုးပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့လူဘဝဆိုတာ ကောင်းတာ တွေကိုမျှော်လင့်နေကာမှ ဆိုးတာတွေချည်းဇာတ်တိုက်လှိမ့်ဝင်နေတတ်တာမျိုးပါ။ ဒီရုပ်ရှင်ကားမှာလည်း သားနှစ်ယောက်ရဲ့ဖခင် Samuel Jackson ကို မိခင်ဖြစ်သူ အမျိုးသမီးက ခွဲခွာပြီးနောက် ကလေးတွေရဲ့အုပ်ထိန်းခွင့်ကိုယူဆောင်ကာ ဝေးရာကို သွားဖို့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ခွင့်တောင်းရာကနေစတင်ထားပါတယ်။ မင်းသားကြီး Ben Affleck ကလည်း ယောက္ခထီးအလိုကျ ပရဟိတသမားကြီး တစ်ယောက်ရဲ့အလှူငွေတွေကို ရုံးတော်မှာ ဘုံးတော်မူဖို့အတွက် အမှုရင်ဆိုင်ရမယ့် ဇာတ်အိမ်မျိုးနဲ့စတည်ထားပါတယ်။ဒီတော့ မတူညီသောအကြောင်းပြချက်နှစ်မျိုးကြောင့် တရားရုံးတက်ရမယ့်အမျိုးသား ၂ ဦးမည်သို့ဆုံမလဲ၊ ဆုံပြီးတဲ့နောက် ဘယ်လိုဇာတ်အိမ်အရှုပ်အထွေးတွေနွယ်လာမလဲ၊ ထိုဇာတ်အိမ်အရှုပ်အထွေတွေကြားမှာ သူတို့နှစ်ယောက် ဘယ်လိုမျိုးဇာတ်ကောင်ချင်း အားပြိုင်ကြမလဲဆိုတာကို Changing Lanes ...
movie
Changing Lanes (2002)
8.3
Requiem for a Dream (2000)
Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie
Requiem for a Dream (2000)
2000
7.6
Encanto ( 2021 )
Walt Disney ရဲ့ နောက်ထပ်မင်းသမီးတစ်ပါး ထပ်ပေါ်ထွက်လာမယ့် Encanto ဇာတ်ကားလေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animationတွေရဲ့ ထုံးစံအတိုင်း ဇာတ်ကောင်တွေ၊ အရောင်အသွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်တွေ သဘောတွေ့စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်သေခံနေပါတယ် Encantoဆိုတာက တောင်အမေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်နေရာလေးတစ်ခုပါ၊ ဒီနေရာမှာ မှော်အစွမ်းတွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encantoဒေသလေးကိုထိန်းသိမ်းပေးဖို့ ဒေသနေပြည်သူတွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်တွေကို မျိုးဆက်အဆင့်ဆင့် လက်ဆောင်ပေးခဲ့ပါတယ်၊ ဒါကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီးလေး မီရာဘယ်ကလွဲရင်ပေါ့၊ တစ်နေ့မှာတော့ Encantoကို မလိုလားအပ်တဲ့ အမှောင်စွမ်းအင်ထုကြီး ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်လေး အနေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ မှော်အစွမ်းရအောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ File size…700MB/ (1.22GB) Quality…. Webrip-720P / WebRip 1080p Format… mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by...Mr. Anderson & JimX
movie
Encanto ( 2021 )
2021
4K HEVC Web-DL
6.2
Godmothered 2020
မှော်ဆန်ဆန်လေးနဲ့ လူတွေရဲ့ပျော်ရွှင်မှုအနှစ်သာရကိုဖော်ပြသွားတဲ့ GODMOTHEREDဇာတ်လမ်းခေါင်းစဥ္အတိုင်းပဲ လူတွေကိုကူညီပေးတဲ့နတ်သမီးမေမေတိုင်းပြည်ကအသက်ငယ်သေးတဲ့ အယ်လီနာအမည်ရတဲ့နတ်သမီးမေမေသင်တန်းသားလေးကစစ်မှန်တဲ့နတ်သမီးမေမေဖြစ်ဖို့အတွက်လူတွေကိုထာ၀ရပျော်ရွှင်အောင်ကူညီပေးတဲ့တာ၀န်ကိုရအောင်ရှာပီးတာ၀န်ဖြစ်တဲ့ မက ်ကန်ဆီအမည်ရတဲ့ကလေးမလေးဆီသွားခဲ့ပါတယ်မက ်ဆာချူးဆက်ကိုရောက်တဲ့အချိန်မှာတော့မက္ ကန်ဆီက သူထင်ထားသလို၁၀နှစ်သမီးလေးမဟုတ်တော့ပဲSingle momအဖြစ်နဲ့ သမီး၂ယောက်ကိုထိန်းကျောင်းရင်းသတင်းကြေ ငြာသူလုပ်နေတာဖြစ်ပါတယ်အစပိုင်းမှာ အယ်လီနာရဲ့မှော်အစွမ်းကမပြည့်စုံသေးတဲ့အတွက်လွဲချော်မှုတွေရှိပေမဲ့ နောက်ပိုင်းမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့Single momနဲ့ သူ့ကလေးတွေကိုဘ၀ရဲ့အဓိ္ပ္ပါယ်ကိုသိရှိအောင်ဘယ်လိုကြိုးစားဖန်တီးပေးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File Size - 1.4 GB , 700 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Zora Yang Encoder - Littleneo
movie
Godmothered 2020