Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Olga Kurylenko
Paradox Effect (2024)
ဒီကားလေးကတော့ ၂၀၂၃ ထွက်action/thriller ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အရင်ကဆေးသမားလည်းဖြစ် သမီးလေးအတွက်အလုပ်ကိုပြန်ကြိုးစားလုပ်နေတဲ့အမေတစ်ယောက်နဲ့ ကံဆိုးချင်တော့ မှုခင်းရဲနဲ့မှူးရစ်ရာဇာတို့ရဲ့လက်စားချေရန်ပွဲကြားမှာကြားညပ်မိတဲ့သားအမိနှစ်ယောက်......ဒီအရှုပ်အရှင်းတွေ ဆေးအရောင်းအဝယ်တွေ လက်စားချေကျတဲ့ရန်ပွဲထဲမှာ ဒီသားအမိနှစ်ယောက်အသက်ရှင်လျက်လွတ်နိုင်ပါ့မလားဆိုတာကြည့်ရှူရမှာပါ Drama တွေမကြိုက်ဘူး အက်ရှင်ခန်းတွေပဲကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေမယ့်ဇာတ်ကားလေးပါ အားပေးကြပါဦး File size…(1 GB)/(504 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre... Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar
movie
Paradox Effect (2024)
5.5
Chief of Station (2024)
Cheif Of Station (2024) ဇာတ်ကားဟာဟောလီဝုဒ် မင်းသားကြီး Aaron Eckhart အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးထွက်အက်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက သာမန်ကားတွေနဲ့ မတူတာကတော့ဥရောပတခွင်မှာ လှုပ်ရှားနေကြတဲ့ ထောက်လှမ်းရေးအေဂျင်စီတွေမျိုးစုံရဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းတွေကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင်တော့ကျွန်တော်တို့ရဲ့ မင်းသားကြီးဟာ တစ်နေ့သူ့မိန်းမနဲ့နှစ်ပတ်လည် ညစာစာဖို့ သွားတော့မဲ့အချိန်မှာသူ့မိန်းမဟာ ဗုံးပေါက်ကွဲမှုတစ်ခုမှာ သေဆုံးသွားခဲ့ရပါတယ်။သူ့မိန်းမရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုးဖြစ်ရဲ့လားသူ့မိန်းမရဲ့ သေဆုံးမှုကို ထောက်လှမ်းရေးအေဂျင်စီတွေကဘယ်လိုတုံ့ပြန်ကြမှာလဲ သူကရော တုံ့ပြန်မှုအပေါ်ဘယ်လိုသဘောထား ရှိမလဲ။ ဒီဇာတ်ကားထဲမှာပြောသွားတဲ့စကားဖြစ်တဲ့ "ဒီထောက်လှမ်းရေးလောကမှာဘယ်သူ့ကိုမှ သေချာသိတယ်ဆိုတာ မရှိဘူး" ဆိုတဲ့စကားအတိုင်း ဒီဇာတ်ကားကို သေချာသိဖို့ဆိုရင်ကြည့်မှသာ ကောင်းမှန်း သိနိုင်မယ်လို့ ပြောရင်း ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ File size…1.28GB / 577MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Chief of Station (2024)
Hitman (2008)
နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie
Hitman (2008)
6.3
The Emperor of Paris (2018)
IMDB - 6.3Rotten Tomatoes - 70%ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်စုံထောက်ကြီး ဗီဒေါ့အကြောင်းပါ။ဗီဒေါ့ဟာ နပိုလီယံခေတ်မှာကျော်ကြားလာသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီကို တည်ထောင်သူလည်းဖြစ်သလိုခေတ်မှီပြစ်မှုဗေဒရဲ့ ဖခင်ကြီးလို့လည်းတင်စားကြပါတယ်။ ငယ်စဉ်ကဆိုးပေမိုက်ခဲ့ပြီးနောက်မှာတော့ အသိတရားဝင်ကာ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ပူပေါင်းပြီးအမှုတွေလိုက်လံဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် ပုဂ္ဂိလိကစုံထောက်အဖြစ်လည်းလုပ်ခဲ့ပါတယ်။ဒီဇာတ်လမ်းကတော့ သူရဲ့အတ္ထုပတ္တိဇာတ်လမ်း၊ စွမ်းဆောင်ရည်တွေကိုအဓိကရိုက်ကူးထားတာမဟုတ်ဘဲ အကြမ်းဖျင်းသဘောနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။Rating လည်းမြင့်တဲ့အတွက် ကြည့်ရှုသူတွေစိတ်ကျေနပ်စေဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်.. File size…1.85 GB / 789MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Adventure , Crime , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
The Emperor of Paris (2018)
Boudica (2023)
ရှေးဟောင်းဗြိတိန်မြေကို ရောမအင်ပါယာသိမ်းပိုက်ထားခဲ့စဥ်က ဗြိတိန် Iceni လူမျိုးစုရဲ့ဘုရင်မ Boudica ဟာ ဗြိတိန်ကို ရောမအင်ပါယာလက်အောက်ကလွတ်မြောက်စေဖို့ကြိုးပမ်းခဲ့ပုံသမိုင်းကြောင်းကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဗြိတိန်ဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ရောမရဲ့ကျူးကျော်သိမ်းပိုက်မှုခံရပြီးနောက်မှာ Iceni လူမျိုးစုတစ်ခုအဖြစ်ပဲ အင်အားကျန်ရစ်ပါတယ်။Iceni ရဲ့ဘုရင် Prasutagus ဟာ ရောမနဲ့သဘောတူညီမှုယူပြီး ကိုယ့်နယ်မြေနဲ့လူမျိုးစုကိုပဲအုပ်ချုပ်ရင်း ဇနီး Boudica နဲ့ သမီးနှစ်ယောက်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေပါတယ်။ဒါပေမယ့်ရောမရဲ့ဘုရင် Nero ဟာ ဗြိတိန်လူမျိုးထဲက ဘုရင်မတစ်ယောက် တော်လှန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကြားတဲ့အခါ အမျိုးသမီးတွေခေါင်းဆောင်နေရာရှိတာ သြဇာလွှမ်းမိုးမှုရှိတာကို တားမြစ်တဲ့အမိန့်ထုတ်လိုက်ပါတယ်။Iceni ဘုရင် Prasutagus ဟာလည်း ကံကြမ္မာဆိုးနဲ့တွေ့သွားပြီး ဇနီး Boudica က ဘုရင်မအနေနဲ့တစ်ဦးတည်းအုပ်ချုပ်ဖို့ဖြစ်လာတဲ့အခါ ရောမဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့အကြောင်းဖန်လာပြီး ရောမနဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်လာရမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T ...
movie
Boudica (2023)
6.0
Erased (2012)
မစ္စတာ လိုဂန်ဟာ သူ့သမီးနဲ့ အတူ ဘဝတစ်ခုကို ပြန်လည် စတင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ဘယ်ဂျီယံကို ပြောင်းရွှေ့ပြီး အလုပ်လုပ်နေရာကနေ တစ်မနက် သူ့ရုံးကို သွားတဲ့အခါမှာတော့ တစ်ရုံးလုံးမှာ ဘာမှမရှိတော့ဘဲ ရှင်းလင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ ဘာလို့များလဲ။ မစ္စတာ လိုဂန်တို့ သားအဖ နှစ်ယောက် ဒီကိစ္စကို လိုက်အဖြေရှာရင်း ဘယ်လို အရှုပ်တွေကြားထဲ ပါမိလျက်သား ဖြစ်သွားမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာတင် စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး IMDB rating 6အထိ ရရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။File size…(1.9 GB)/(920 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy ...
movie
Erased (2012)
8.2
Extraction 2 (2023)
Extraction 2 (2023)Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။ မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။Extraction (2020) ဟာ အတော်ကောင်းပါတယ်။ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။ သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။ သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။ ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်....ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Extraction 2 (2023)
2023
4K HEVC
7.0
Oblivion (2013)
Oblivion (2013) IMDb - 7.0/10_____Rotten - 53%၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့....။ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။ File size…(3.8 GB)/(1.3 GB) /(830 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:04:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Oblivion (2013)
2013
4K HEVC
High Heat (2022)
High Heat (2022)အန်နာ ခေါ် အန်ညာက ပြင်သစ်စားသောက်ဆိုင်ကို သူ့ခင်ပွန်းနဲ့အတူပူးတွဲပိုင်ပြီး စားဖိုမှူးတစ်ယောက်လဲဖြစ်ပါတယ်။ မီးဖိုချောင်ရဲ့ အပူတွေကြားမှာ စားဖိုမှူးတွေထုံးစံအတိုင်း တစ်ခါတစ်ရံပေါက်ကွဲသောင်းကျန်းတတ်တဲ့အန်နာ့ကို သူ့ခင်ပွန်းက ယုတ္တိမတန်သူ ဘွဲ့ပေးထားတယ်ဆိုပါတော့။ တကယ်တော့အန်နာက စားဖိုမှူးထက်အများကြီးပိုတဲ့ အပူတွေကိုကြုံဖူးခဲ့တဲ့ရုရှားစပိုင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီဘဝကနေထွက်ပြေးလာပြီး ကိုယ်ရောင်ဖျောက်နေသူတစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲညမှာတော့ မိန်းမအတိတ်အကြောင်းကိုဘာမှမသိတဲ့ အန်ညာ့ခင်ပွန်းကသူ့မိန်းမကိုဂုဏ်ပြုတဲ့အနေနဲ့ သတင်းစာထဲကိုဆိုင်အကြောင်းထည့်ပေးလိုက်ရာမှာ အန်ညာ့အတိတ်က အန်ညာ့နောက်ပြန်လိုက်တာတဲ့အပြင် သူ့ခင်ပွန်းရဲ့အကြွေးဇာတ်ထုပ်တွေကလဲ အဲဒီညမှာပေါ်လာချိန်မှာတော့ အန်ညာတစ်ယောက်ဆိုင်ထဲမှာတပ်စွဲပြီး သူ့စားသောက်ဆိုင်နဲ့သူ့ကိုယ်သူဘယ်လိုကာကွယ်သွားမယ်ဆိုတာကို အက်ရှင်နဲ့ဟာသရောနှောရိုက်ကူးထားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားတစ်ကားပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.4GB | 557MB | 276MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August
movie
High Heat (2022)
2022
6.2
Johnny English Strikes Again (2018)
IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie
Johnny English Strikes Again (2018)
2018
4K HEVC
6.0
The Princess (2022)
The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်းလှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ချောလေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်...အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ်ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt
movie
The Princess (2022)
4.5
White Elephant (2022)
White Elephant(2022) အသစ်ထွက်လာတဲ့ Action, Thriller ကားသစ်လေးပါ။ အညွှန်းဘာညာ ဘာမှ မပြောခင်မှာ တစ်ခုပြောချင်တာက poster မှာ Bruce Willis ပါပေမဲ့ ဒီကားမှာတော့ သူက main role က ပါတာမဟုတ်ပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တာဝန်ကျနေတဲ့ ရဲ နှစ်ယောက်က ဂိုဏ်းတခုကို စောင့်ကြည့်နေရာကနေ လုပ်ကြံမှုတခုကို တွေ့လိုက်ရတယ်။ဒါကို သိတော့ လူရှေ့မှာ မြေသူဌေးအယောင်ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့လက်သား Gabe ကို ဒီမျက်မြင်သက်သေ ရဲ နှစ်ယောက်ကို သတ်ခိုင်းပါတယ်။ ဒီကနေ စလိုက်တဲ့ပြစ်မှုတွေ ပြဿနာအဆက်လိုက်တွေက တဖြည်းဖြည်းပိုကြီးလာပါလေရော။ဒီပြဿနာမှာ ကြားဝင်ပါနေသူကတော့ မရိန်းတပ်သားဟောင်းပါ။ အရှုပ်အရှင်းတွေကြား သူ့ရဲ့ မရိန်းတပ်သားဟောင်းဆိုတဲ့ ဂုဏ်နဲ့ပါ ရင်းလာရတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 1.3GB, 547MB & 283MB Quality : 1080p ...
movie
White Elephant (2022)
2022
6.5
Max Payne(2008)
Max Payne(2008) အညွှန်း*********************Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်....မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့…တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကိုဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်…တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့်မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်…ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါသူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Max Payne(2008)
7.0
Vanishing(2022)
Vanishing(2022) အညွှန်း**********************မင်းသားYoo Yeon-Seok အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကတော့ ပြင်သစ်ဒါရိုက်တာ Denis Dercourt ရိုက်ကူးပြီး ကိုရီးယား-ပြင်သစ်ပူးပေါင်းတင်ဆက်ရိုက်ကူးထားတဲ့ Crime / Drama ကားကြီးဖြစ်ပါတယ်.. ပြင်သစ်ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ပြီး ကိုရီးယားမှာလည်း ရုံတင်တဲ့ကားကြီးဖြစ်ပါတယ်...ပြင်သစ်ဆရာဝန် ပရော်ဖက်ဆာ Alice က ပျက်စီးနေတဲ့ အလောင်းတွေကနေ ပြန်လည်အချက်အလက်ရှာဖွေတဲ့နည်းပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ မှုခင်းဆေးပညာပညာရှင်တစ်ယောက်ဖြစ်ပြီး တောင်ကိုရီးယားကို ဆေးပညာဟောပြောပွဲတစ်ခုရှိတာကြောင့်လာရောက်ခဲ့ခြင်းဖြစ်ပါတယ်.... ဒါပေမယ့် အဲ့အချိန်မှာပဲ သူ့ကို ကိုရီးယားရဲတပ်ဖွဲ့က မြစ်ထဲမှာတွေ့တဲ့အလောင်းတစ်ခုကိုစစ်ဆေးပေးဖို့ခေါ်ဆို အကူအညီတောင်းခဲ့ပါတယ်... အဲ့လို ကူညီစုံစမ်းပေးလိုက်တဲ့အချိန်မှာတော့ နောက်ကွယ်က ကြောက်စရာကောင်းလွန်းတဲ့မှုခင်းကြီ:ကိုသိလိုက်ရချိန်မှာတော့... File Size :(1.1GB)(532MB) and (115 MB) Quality : FHDRip 1080p, 720P Format…mp4 Duration…01:30:00 Genre : Action , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae
movie
Vanishing(2022)
7.5
Black Widow(2021)
Black Widow(2021)အညွှန်း************************IMDb...7.5(HEVC.1080P.5.1CHရပါပြီနော်...)ဘလက်ဝစ်ဒိုးအဖြစ် စကားလက် ဂျိုဟန်ဆန်နောက်ဆုံးသရုပ်ဆောင်တဲ့ ရုပ်ရှင်ကြီး ရပါပြီ။ဒီဇာတ်လမ်းကိုတော့ Civil War အပြီး ကာလမှာ တည်ဆောက်ထားတာပါ။ဆိုကိုဗီယားသဘောတူညီချက်ကို ချိုးဖောက်လို့ အဗန်ဂျာတွေ ပြိုကွဲပီးလိုက်ဖမ်းခံနေရပါတယ်။ကပ် နဲ့ နာတာရှာကတာ့ ဝရမ်းပြေးတွေပေါ့။ အဲဒီအချိန်မတိုင်ခင် Age of Ultron ရုပ်ရှင်မှာတုန်းက နာတာရှာရဲ့အတိတ်ကို ဖြတ်ခနဲ မြင်လိုက်ရသေးတယ်မဟုတ်လား။ လူသတ်သမား သူလျှိုတွေကို လေ့ကျင့်ပေးတဲ့ခန်းဆောင်နီဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ အခုရုပ်ရှင်မှာတော့ အဲဒီခန်းဆောင်နီနဲ့ ပတ်သက်တဲ့အတိတ်တွေကနောက်က လိုက်လာပြီး သူ့လိုပဲ ဝစ်ဒိုးတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာပါ။နောက်ပြီးတော့ ဘလက်ဝစ်ဒိုး အသစ်ဖြစ်လာမယ့်သူလည်း ပါသလို နောင်လာမယ့်ရုပ်ရှင်တွေနဲ့ ဆက်စပ်လို့ရမှာတွေကို ပြသွားပါတယ်။ ထုံးစံအတိုင်း စာတန်းထိုးပြီးရင် အပိုပါတဲ့တစ်ခန်းကိုကြည့်ဖို့တော့ မမေ့နဲ့ပေါ့ဗျာ.... File Size : (2.1 GB) ...
movie
Black Widow(2021)
HEVC 1080p 5.1
4.8
Sentinelle (2021)
Sentinelle (2021)ဒီတစ်ခါတော့ အမျိုးသမီး ဂျွန်ဝစ်ခ် အကြောင်းပေါ့ဗျာ။မင်းသမီးကတော့ 007 Quantum of Solace, Hitman, Johnny English 3 စတဲ့အမိုက်စားကားတွေမှာပါခဲ့ဖူးတဲ့ ပြင်သစ်မင်းသမီး Olga Kurylenko က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ကလယ်ရာ ဟာ ကင်းစောင့်စစ်ဆင်ရေးမှာ တာဝန်ကျတဲ့ အထူးတပ်သားတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကစစ်ဆင်ရေးမှာ အဖြစ်ဆိုးကြီးတစ်ခုကြောင့် စိတ်ဒဏ်ရာရခဲ့ပြီး အမေနဲ့ညီမ ရှိတဲ့ မိမိနေထိုင်ရာပြင်သစ်ကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။ညီမဖြစ်သူ တာနီယာနဲ့အတူ ကလပ်တက်ခဲ့ပြီး နောက်တစ်နေ့မှာ တာနီယာဟာအဓမ္မပြုကျင့်ခံခဲ့ရတာကို စိတ်ပျက်ဝမ်းနည်းစွာသိလိုက်ရပါတယ်။ နိုက်ကလပ်ရဲ့လုံခြုံရေးဗီဒီယိုကတစ်ဆင့် သူ့ညီမတာနီယာဟာ ရုရှားအမျိုးသားတစ်ယောက်နဲ့ နောက်ဆုံးထွက်သွားခဲ့တာတွေ့လိုက်ရပြီး ထိုအမျိုးသားရဲ့ဖခင်ဟာ အရှိန်အဝါကြီးတဲ့ နည်းပညာရှင်တစ်ယောက်ဖြစ်နေလို့ ဥပဒေရစုံစမ်းစစ်ဆေးဖို့အခက်တွေ့နေတဲ့အခါ ကလယ်ရာဟာ ဥပဒေဘောင်ကထွက်ပြီး လက်စားချေဖို့ အမျိုးသမီးဂျွန်ဝစ်ခ် လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အရင်ခေတ်တုန်းက ဂျက်မ လို့ ခေါ်တဲ့ အမျိုးသမီး အက်ရှင်ကားကောင်း ကြိုက်နှစ်သက်သူများ အကြိုက်တွေ့ကြဦးမှာပါ။ မင်းသမီးတွေရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ရဲ့အလှတရားကို ခံစားရမယ့် အခန်းတွေလည်း ပါဦးမှာဆိုတော့ကာ .....ဘာများစောင့်နေဦးမလဲ .... ပရိသတ်ကြီးရယ်File size…1.1 GB and 570MB Quality….WEB-rip 1080p ...
movie
Sentinelle (2021)
2021
6.6
[James Bond] Quantum of Solace (2008)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်....https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။ Quantum of Solace ဇာတ်ကားမှာ ၂၁ ကားမြောက် ဂျိမ်းဘွန်းဇာတ်ကား Casino Royal ဇာတ်ကားနဲ့ ဆက်နွယ်မှု ရှိပါတယ်။ Casino Royal ဇာတ်ကားမှာ ဘွန်းနှင့် မစ္စတာဝှိုက်တို့ ကာစီနိုကစားပွဲအပြီး နောက်တစ်နာရီ အကြာ ဖြစ်ပျက်သော ဖြစ်ရပ်တခုနဲ့ Quantum of Solace ဇာတ်ကားကို စဖွင့်ထားတာပါ။ ဒီဇာတ်ကားကတော့ IMDb Rating(6.7/10) နဲ့ Rotten ...
movie
[James Bond] Quantum of Solace (2008)
HEVC 1080p 5.1
4.3
The Bay of Silence (2020)
Will နဲ့ Rosalind ဆိုတဲ့ လင်မယားနဲ့ သူတို့ရဲ့သားလေးAmadeo။ Rosalind မှာ အရင်အိမ်ထောင်က ရခဲ့တဲ့အမွှာသမီးလေးနှစ်ယောက်လည်း ရှိတယ်။တစ်နေ့မှာ Rosalind ဆီကို ဘယ်သူ့ဆီကမှန်းမသိတဲ့ သေတ္တာတစ်လုံး ရောက်လာခဲ့တယ်။အဲ့ဒီနောက်မှာပဲ Rosalind က သားလေး Amadeo အမွှာလေးနှစ်ယောက်နဲ့ကလေးထိန်း Candy တို့ကိုခေါ်ပြီး အိမ်ကနေ ထွက်သွားခဲ့တယ်။Will ဟာ ပျောက်ဆုံးသွားတဲ့ ဇနီးနဲ့ ကလေးတွေကိုလိုက်လံရှာဖွေရာကနေ ဇနီးရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်ကို စတင်သိရှိသွားပါတော့တယ်။ဇာတ်လမ်းတစ်ခုလုံးရဲ့ ပဟေဠိကတော့ Rosalind ဆီရောက်လာတဲ့ သေတ္တာပါပဲ။ဒီဇာတ်လမ်းကို The Bay Of Silence ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုကိုအခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။Thriller/Mystery အမျိုးအစားဖြစ်ပြီး ကြည့်ရတာလည်းပျင်းမနေရဘဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါ။ File ...
movie
The Bay of Silence (2020)
6.3
The Translators (2019)
ဒီဇာတ်ကားက ကျူးဘားနိုင်ငံရဲ့၁၉၉၀ ဝန်းကျင်ကဖြစ်ရပ်မှန်တခုကိုအခြေခံရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်မာလင်ဟာ ရုရှားစာပေကိုသင်ကြားနေတဲ့ ပါမောက္ခတဦးဖြစ်ပီး သူ့မိန်းမ အိုက်ဆိုနာကတော့ပန်းချီပြခန်းဖွင့်ကြိုးစားနေတဲ့သူပါသူတို့မှာ ဟာဗီလို့ခေါ်တဲ့သားတယောက်ရှိပါတယ် ထူးခြားတာက အဲ့ဒီဟာဗီကိုယ်တိုင် ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်၁၉၉၀ ဝန်းကျင်မှာ ဆိုဗီယက်ပြည်ထောင်စုကဒုက္ခသည်တွေကိုဆေးကုပေးဖို့ ကျူးဘားကို ပို့လိုက်ပါတယ် အဲ့ဒီမှာအခြေအနေအရ ကျူးဘားကတက္ကသိုလ်တွေပါပိတ်လိုက်ရပီးမာလင်အပါအဝင်ရုရှားစာပေပါမောက္ခတွေဟာ ဆေးရုံမှာဆိုဗီယက်ဒုက္ခသည်တွေအတွက်စကားပြန်လုပ်ပေးရပါတယ် မာလင်ကတော့ကလေးတွေအတွက် စကားပြန်လုပ်ပေးရပါတယ် မာလင်က အစပိုင်းမှာတော့ မပျော်ဘဲတဖြည်းဖြည်း ရောဂါဖြစ်နေတဲ့ကလေးတွေနဲ့အတူပျော်ရွှင်စရာ တွေလုပ်ပေးကြိုးစားနေရင်းကနေ ပျော်ရွှင်လာပါတယ် တဖက်မှာတော့မိသားစုကို ပြန်မကြည့်တော့ပါဘူးအဲ့ဒီကနေဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်ကားက ဒရမ်မာအမျိုးအစားဖြစ်ပီးတော့IMDb 7/10 နဲ့ Rotten Tomatoes 67% ရထားပါတယ်ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ထားတာမလို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါNomination 13ခု ဝင်ထားပီး5ခု Winnerရထားတဲ့ဇာတ်ကားဖြစ်ပီးဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့ Lampard ဖြစ်ပါတယ်Thit San Khan မှ တင်ဆက်ပေးထားပါတယ်
movie
The Translators (2019)
2019
6.1
The Room(2019)
The Room(2019)အညွှန်း***********************(Unicode)ဒီကားလေးကတော့ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ကြိုက်တတ်တဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမယ့်ကားပါ... မတ်တ်နဲ့ကိတ်တို့ဟာကိုယ့်ဝါသနာပါရာကိုလုပ်ပြီးရုန်းကန်ကြိုးစားနေကြတဲ့စုံတွဲနှစ်ယောက်ပါ တစ်နေ့မှာတော့လူမနီးသူမနီးတဲ့မြို့ပြင်နားလေးကအိမ်တစ်လုံးကိုဝယ်လိုက်ကြပါတယ် အဲ့ဒီအိမ်ကပုံမှန်မဟုတ်တဲ့အရာတွေဖြစ်တတ်တဲ့အိမ်ဆိုတာကိုဝယ်ပြီးမှသိလိုက်ကြတယ် အိမ်ကတော်တ်ောလေးပြင်ဆင်ဖို့လိုနေတဲ့အိမ်ဖြစ်နေတော့ ပြင်ဖို့ရှင်းလင်းရင်းနဲ့ထူးထူးဆန်းဆန်းအခန်းတစ်ခုကိုသွားတွေ့ပါတယ်... လိုချင်တဲ့ပစ္စည်းတွေပြောလိုက်တာနဲ့မျက်စိတစ်မှိတ်အတွင်းအခန်းထဲမှာပေါ်လာပါတယ် ပြောလိုက်ရုံနဲ့ သူတို့ဆန္ဒတွေပြည့်မြောက်တယ်လို့ဆိုရပါ့မယ်... မတ်တ်နဲ့ကိတ်တို့နှစ်ယောက်လိုတရအခန်းကြီးရှိနေတဲ့နောက် ဘယ်လိုနှစ်ပါးသွားကြမလဲ လူတွေရဲ့လိုအင်ဆန္ဒလောဘတွေဟာရှိသင့်တာထက်ကျော်လာတဲ့အခါ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြပါ.... ချစ်ခြင်းမေတ္တာအကြောင်းတွေကိုလဲသွယ်ဝိုက်နဲ့နည်းနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ် CMပရိသတ်ကြီးကြည့်မိလို့စိတ်ပျက်သွားမယ့်ကားမဟုတ်ဘူးဆိုတာအာမခံပါကြောင်း.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...(Zawgyi)ဒီကားလေးကတော့ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ကြိုက်တတ်တဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမယ့်ကားပါ... မတ်တ်နဲ့ကိတ်တို့ဟာကိုယ့်ဝါသနာပါရာကိုလုပ်ပြီးရုန်းကန်ကြိုးစားနေကြတဲ့စုံတွဲနှစ်ယောက်ပါ တစ်နေ့မှာတော့လူမနီးသူမနီးတဲ့မြို့ပြင်နားလေးကအိမ်တစ်လုံးကိုဝယ်လိုက်ကြပါတယ် အဲ့ဒီအိမ်ကပုံမှန်မဟုတ်တဲ့အရာတွေဖြစ်တတ်တဲ့အိမ်ဆိုတာကိုဝယ်ပြီးမှသိလိုက်ကြတယ် အိမ်ကတော်တ်ောလေးပြင်ဆင်ဖို့လိုနေတဲ့အိမ်ဖြစ်နေတော့ ပြင်ဖို့ရှင်းလင်းရင်းနဲ့ထူးထူးဆန်းဆန်းအခန်းတစ်ခုကိုသွားတွေ့ပါတယ်... လိုချင်တဲ့ပစ္စည်းတွေပြောလိုက်တာနဲ့မျက်စိတစ်မှိတ်အတွင်းအခန်းထဲမှာပေါ်လာပါတယ် ပြောလိုက်ရုံနဲ့ သူတို့ဆန္ဒတွေပြည့်မြောက်တယ်လို့ဆိုရပါ့မယ်... မတ်တ်နဲ့ကိတ်တို့နှစ်ယောက်လိုတရအခန်းကြီးရှိနေတဲ့နောက် ဘယ်လိုနှစ်ပါးသွားကြမလဲ လူတွေရဲ့လိုအင်ဆန္ဒလောဘတွေဟာရှိသင့်တာထက်ကျော်လာတဲ့အခါ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြပါ.... ချစ်ခြင်းမေတ္တာအကြောင်းတွေကိုလဲသွယ်ဝိုက်နဲ့နည်းနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ် CMပရိသတ်ကြီးကြည့်မိလို့စိတ်ပျက်သွားမယ့်ကားမဟုတ်ဘူးဆိုတာအာမခံပါကြောင်း.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...File Size : (850 MB) and (333 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Drama, Mystery,SCI-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
The Room(2019)
2019
1
2
Next