Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Oh Kwang-rok
A Moment to Remember (2004)
A Moment to Remember (2004)*********************************အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလိုဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီးအမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက်ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေကဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလိုသင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းကပေါ့။တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ဒီလိုနဲ့ပဲ.......... တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာအချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလိုကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ...
movie
A Moment to Remember (2004)
5.6
Fasten Your Seatbelt (2013)
Fasten Your Seat Belt (2013)Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
movie
Fasten Your Seatbelt (2013)
2013
The Case of Itaewon Homicide (2009)
The Case of Itaewon Homicide (2019)ဆိုးလ်မြို့ရဲ့ နိုင်ငံခြားသားများနဲ့ အစည်ကားဆုံး အီထယ်ဝန်မှာ ၁၉၉၇ ခုနှစ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားလေး ဂျိုဂျွန်ဖီဟာ ရည်းစားဖြစ်တဲ့ကောင်မလေးနဲ့ date မယ်ဆိုပြီး အီထယ်ဝန်ကို ရောက်လာခဲ့ပါတယ်။ နောက်ကျနေပြီမလို့ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ ကောင်မလေးကို အချိန်ဆွဲဖို့ သန့်စင်ခန်းဝင်မယ်ဆိုပြီး ဘာဂါဆိုင်တစ်ဆိုင်ရဲ့ သန့်စင်ခန်းထဲကို အမြန်ပြေးဝင်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီသန့်စင်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။အိမ်အခြေအနေက အဆင်မပြေပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ ကြိုးစားပညာသင်ယူနေတဲ့ ကျောင်းသားလေးရဲ့ သေဆုံးမှုအတွက် ရင်ကျိုးကျန်ခဲ့ရတဲ့ မိသားစုက ကိုရီးယားတရားရုံးမှာ အမှုစစ်ပေးမဲ့ အမှုစစ်ဘတ်ကို အားကိုးရှာတယ်။သံသယရှိသူ ၂ ဦးက နိုင်ငံခြားသားဆိုတော့ အမှုကို စီအိုင်ဒီဘက်က အရင်စစ်တယ်။ ပြီးတော့ မက္ကဆီကန်-ကိုရီးယားစပ် ပီအာဆန်ကို တရားခံလို့ သတ်မှတ်ပြီး ကိုရီးယားဘက်ကို လွှဲပေးတယ်။ အမှုစစ်ဘတ်က ဒီအမှုကို ကိုင်တော့ နောက်တစ်ဦး ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသားကိုပါ အမှုတွဲထဲ ထည့်ပြီး သေချာစစ်ဆေးမေးမြန်းတယ်။သူတို့ ၂ ဦးလုံးက ဂျိုဂျွန်ဖီသေဆုံးနေတဲ့ ...
movie
The Case of Itaewon Homicide (2009)