Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Odessa A'zion
6.0
Fresh Kills (2023)
Drama အမျိုးအစားဖြစ်တဲ့ Fresh Kills ရုပ်ရှင်ကို ၁၉၈၀ဝန်းကျင်မှာအခြေတည်ထားပြီး နယူးယောက်စီးတီးရဲ့နေရာတချို့ကိုကြီးစိုးမင်းမူခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့နောက်ကွယ်က အမျိုးသမီးတွေရဲ့သစ္စာရှိမှုနဲ့ရုန်းကန်ရတဲ့အခက်အခဲတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။လာရူဆိုးမိသားစုမှာ ဂျိုးက မိသားစုဝင်တွေကိုလျှို့ဝှက်ထားတဲ့မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဖြစ်လဲ မိသားစုကိုအရမ်းချစ်တဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ချောမောလှပတဲ့ဇနီးသည် ဖရန်ဆင်းနဲ့အတူ သမီးနှစ်ယောက်ရှိပြီးသမီးကြီးကွန်နီက ဂျိုးအရမ်းလိုချင်ခဲ့တဲ့သားယောက်ျားတစ်ယောက်လိုဖြစ်အောင် ကြိုးစားနေထိုင်ပေးခဲ့သူပါ။သမီးငယ်ရို့စ်ကတော့ မိသားစုဝင်တွေကြားမှာ အမြဲရေငုံနှုတ်ပိတ်နေတတ်ပြီး အရေးမပါသလိုနေလေ့ရှိသူပါ။ဂျိုးတို့မိသားစုဟာ ပိုကောင်းတဲ့ဘဝတစ်ခုအတွက်စတက်တန်ကျွန်းကိုပြောင်းလာခဲ့ပြီးတဲ့နောက် ပတ်ဝန်းကျင်ကသူတို့မိသားစုကိုကြောက်ရွံ့ကြပုံတွေကိုကြည့်ပြီး ရို့စ်ဟာသူ့ဖခင်ရဲ့သရုပ်မှန်ကိုရိပ်စားမိလာခဲ့ပါတယ်။ရို့စ်ဟာ ဒီမိသားစုကနေခွဲထွက်ပြီး ဘဝသစ်တစ်ခုထူထောင်ချင်ပေမယ့် မိခင်နဲ့အစ်မဖြစ်သူရဲ့ဟန့်တားမှုကြောင့် တွန့်ဆုတ်နေခဲ့ပါတယ်။ဒါပေမဲ့ ဖခင်ဖြစ်သူဂျိုးအဖမ်းခံရပြီးတဲ့နောက် မိသားစုဝင်တွေကြားမှာ ပရမ်းပတာဖြစ်ပြီး ဘယ်သူမှထင်မထားတဲ့အငယ်ဆုံးမိသားစုဝင်ရို့စ်က မိသားစုကိုစောင့်ရှောက်ရဖို့ဖြစ်လာခဲ့ပါတယ်။Fresh Kills ဟာ တခြားလူဆိုးဂိုဏ်းရုပ်ရှင်တွေနဲ့မတူဘဲလူဆိုးဂိုဏ်းဝင်တွေရဲ့မိသားစုဝင်တွေဖြစ်တဲ့အမျိုးသမီးတွေမှာကြုံတွေ့ရလေ့ရှိတဲ့ကြောက်ရွံ့မှုနဲ့ဒေါသတွေကို မီးမောင်းထိုးရိုက်ကူးပြထားတာဖြစ်ပါတယ်။ File size…1.60GB / 713MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Fresh Kills (2023)
6.5
Am I OK? (2024)
Am I OK? ရုပ်ရှပ်ပိုစတာကမင်းသမီးငိုနေတဲ့ပုံဖြစ်နေပေမယ့် တကယ်ကတော့Comedy ၊ Drama နဲ့ Romance အမျိုးအစားပဲဖြစ်ပါတယ်။Fifty Shades of Grey နဲ့လူသိများမင်းသမီးဖြစ်တဲ့Dakota Johnson က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆုံးသူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုပြန်လည်တူးဆွကြည့်ချင်နေတဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ကကွက်တိပါပဲ။အလှအပစပါးတစ်ခုရဲ့ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တဲ့ အသက် ၃၂ နှစ်အရွယ်လူစီမှာ ဂျိန်းဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ လူစီနဲ့ဂျိန်းဟာ အချင်းချင်းအရမ်းချစ်ကြပြီးအသေးအမွှားလေးတွေကအစ တစ်ယောက်ကိုတစ်ယောက်ပြောပြလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဂျိန်းကကောင်မလေးတစ်ယောက်ကို နမ်းဖူးတယ်လို့ပြောပြလာတဲ့အချိန်မှ လူစီက သူဟာလိင်တူချင်းချစ်သူတစ်ယောက်ပါလို့ဝန်ခံလာခဲ့ပါတယ်။ လူစီက လိင်တူချစ်ခင်သူဆိုတာကိုတခြားသူတွေသိသွားမှာစိုးရိမ်နေပြီး အချစ်ရေးမှာမဝံ့မရဲတွေဖြစ်နေတာကြောင့် ဂျိန်းကပဲ အစစအရာရာလိုက်ကူညီခဲ့ရပါတယ်။ ဒါပေမဲ့ ဂျိန်းက အလုပ်ရာထူးတိုးနဲ့လန်ဒန်ကိုပြောင်းရတော့မယ့်အချိန်မှာ လူစီနဲ့ဂျိန်းတို့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြပါတယ်။တစ်ယောက်နဲ့တစ်ယောက်မခေါ်ဘဲနေတဲ့ အချိန်ကြာလာတာနဲ့အမျှ အချင်းချင်းထောက်ပြခဲ့ကြတဲ့ ကိုယ့်အားနည်းချက်တွေကိုယ်ပြန်လည်ဆန်းစစ်ပြုပြင်ခဲ့ကြပါတယ်။တစ်ယောက်တစ်နေရာစီဝေးကွာသွားကြတော့မယ့် အချစ်ဆုံးသူငယ်ချင်းတွေဟာ အချင်းချင်းမာနတွေတင်းခံပြီးတစ်သက်လုံးမခေါ်ဘဲနေကြတော့မှာလား။ဂျိန်းလန်ဒန်ကိုမသွားခင် လူစီနဲ့ဂျိန်းတို့ ပြန်လည်သင့်မြတ်သွားမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.55GB / 542MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Drama , ...
movie
Am I OK? (2024)
6.5
Sitting in Bars with Cake (2023)
"အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားမှာရှိနေပေးတဲ့သူကမှ စစ်မှန်တဲ့သူငယ်ချင်း" ဆိုတဲ့အတိုင်းပဲ ကိုယ်ကောင်းစားနေတုန်းကတော့အနားမှာရှိနေပေမဲ့ အခက်အခဲကြုံလာတဲ့အခါ တကယ့်သူငယ်ချင်းစစ်စစ်ပဲကျန်ခဲ့ပြီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ fake friend တွေနဲ့ကြုံဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားကစစ်မှန်တဲ့ သံယောဇဉ်ကိုအသားပေးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ် IMDb 6.5 ရရှိထားပြီး ဒီနှစ်အတွင်း ကြည့်ရှုသူဆက်တိုက်မြင့်တက်လာနေတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့.... Jane နဲ့ Corrinne တို့ဟာငယ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိအတူတူကြီးပြင်းလာခဲ့ကြတာပါ Corrinne ကတော့အပြင်ထွက်ရတာကြိုက်ပြီးအပေါင်းအသင်းများပေမဲ့ Jane ကတော့အရှက်ကြီးတဲ့စာဂျပိုးတစ်ယောက်ဖြစ်ပါတယ်တစ်နေ့တော့ Corrinne ရဲ့မွေးနေ့အတွက်ဘားတစ်ခုမှာ သွားကဲကြရင်း ဘားမှာကိတ်မုန့်တွေကျွေးတာက Jane ကိုလူတွေစိတ်ဝင်စားလာစေတယ်ဆိုတာကို သတိထားမိသွားပါတော့တယ် ဒီလိုနဲ့သူတို့သူငယ်ချင်းတွေစုပြီး "Cakebarring" ဆိုတဲ့ဘားတွေကိုကိတ်မုန့်ယူသွားပြီး Jane အတွက်ကောင်လေးရှာပေးဖို့ ပရောဂျက်ကြီးကိုစတင်လိုက်ပါတော့တယ် အားလုံးအဆင်ပြေချောမွေ့နေခဲ့ပေမဲ့ ရုတ်တရက် Corrinne တစ်ယောက်ဦးနှောက်အကျိတ်ကြောင့်ဆေးရုံတင်လိုက်ရပြီး ကင်ဆာရောဂါဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့..... ကင်ဆာရောဂါကလူကိုတစ်စတစ်စတိုက်စားနေပေမဲ့ Corrinne ကတော့ဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်းကြောင့် လုံးဝ အားမငယ်ခဲ့ရပါဘူး Corinne တစ်ယောက်ကင်ဆာရောဂါကိုတိုက်ထုတ်ရင်း သူတို့ကတိပေးထားတဲ့ "Cakebarring" ပရောဂျက်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား ...
movie
Sitting in Bars with Cake (2023)
5.0
The Inhabitant (2022)
Tara ဟာအားကစားထူးချွန်ပြီး အ၀တ်အထည်ချုပ်ရာမှာပါရမီပါတဲ့ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးပါ။ဆယ်ကျော်သက်မိန်းကလေးထုံးစံအတိုင်း မိသားစုနဲ့ကတောက်ကစဖြစ်တတ်သလို ရည်းစားဖြစ်သူကလည်းအဝေးမှာကျောင်းသွားတက်တော့မှာဖြစ်လို့ အဆင်မပြေဖြစ်နေရလို့ ရင်ဖွင့်စရာသူငယ်ချင်းတစ်ယောက်ပဲရှိပါတယ်။အဲဒီအချိန်မှာ Tara ရဲ့ပတ်၀န်းကျင်ကလူတစ်ယောက်ပြီးတစ်ယောက်ပျောက်ခြင်းမလှ ပျောက်သွားကြပြီး Tara ရဲ့ခေါင်းထဲမှာလည်းထိတ်လန့်စရာအတွေးတွေပေါ်ပေါ်လာပါတယ်။ Tara လည်း သူ့ဘ၀ထဲကျရောက်လာတဲ့ဒုက္ခ တွေကိုရင်ဆိုင်ရင်း သူအရင်ကမသိခဲ့တဲ့မိသားစုကျိန်စာက သူ့အနောက်ကနေအရိပ်လိုလိုက်လာပါတော့တယ်။Jump scare သိပ်မရှိဘဲ Tempo တဖြည်းဖြည်းတက်လာမယ့် Horror ကားလေးပါ။File size…1.14GB/ 635MB/ 428MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:37:00 Genre...Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Inhabitant (2022)
6.4
Hellraiser (2022)
Hellraiser (2022)(အရင်အဟောင်းတွေကိုမကြည့်ဖူးလည်းကြည့်လို့ရပါတယ်။ အိပ်ရာခန်းတွေ၊ သတ်ဖြတ်ခန်းတွေ ကြမ်းတမ်းတာမို့ ၁၈ အပေါင်း ရိတ်တင်း သတ်မှတ်ထားပါတယ်။ ဟော်ရာချစ်သူတွေ အကြိုက်ပါပဲ။)အသစ်ထွက် နာမည်ကြီး ဟော်ရာရုပ်ရှင်တစ်ကားပါ။ Hellraiser ဆိုတာ ရုပ်ရှင်ဇာတ်လမ်း ၁၀ ကားအထိ ထွက်ခဲ့ဖူးပြီး ကျယ်ပြန့်တဲ့ ရုပ်ရှင်စကြဝဠာတစ်ခုလည်းဖြစ်ပါတယ်။ဒီရုပ်ရှင်အသစ်ကိုတော့ မူရင်း Hellraiser ရဲ့ reboot လို့ ပြောလို့မရပါဘူး။ အရင် ၁၀ ကားနဲ့ တိုက်ရိုက်မဆက်စပ်တဲ့ သီးသန့် ထပ်တိုးတစ်ကားလို့ပဲ ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ မူရင်း Hellraiser လိုပဲ ပဟေဠိသေတ္တာလေးတစ်ခုကနေ စတာပါပဲ။ အဲဒီသေတ္တာလေးမှာအဆင့် ၆ ဆင့်ရှိပါတယ်။ အဆင့် ၆ ဆင့်လုံးကို ဖွင့်ပြီးရင် နတ်ဘုရားတစ်ပါးနဲ့တွေ့ပြီး လိုရာဆုကို တောင်းနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဆင့်တစ်ဆင့်ပွင့်တိုင်းမှာ လူတစ်ယောက်ကို ရက်ရက်စက်စက်ယဇ်ပူဇော်ဖို့လိုတာကြောင့် ၆ ဆင့်အောင်မြင်ဖို့ အတော်ရက်စက်တာတွေလုပ်ရတာမို့ လူတိုင်းလုပ်နိုင်ဖို့မလွယ်လှပါဘူး။ဒီရုပ်ရှင်ထဲမှာတော့ ဘယ်သူတွေဘယ်လို ဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie
Hellraiser (2022)
2022
5.2
Supercool (2021)
Supercool (2021)==============အပျင်းပြေစရာ အခွီဇာတ်ကားလေးတွေကို မျှော်လင့်နေတဲ့ CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Supercool ဆိုတဲ့ Teen Comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက် ရပါတယ်။ Neil နဲ့ Gilbert တို့ဟာ အထက်တန်းကျောင်းတော်ကြီးမှာ အခင်ဆုံး သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ် ဒါ့အပြင် အပေါင်းမသင်းမ၀င်ဆံ့တဲ့ အရှုံးသမားတွေလည်း ဖြစ်ကြလေရဲ့ ။ ကိုယ်တက်တဲ့ကျောင်းမှာ ပေါ်ပြူလာဖြစ်ချင်စိတ် ခပ်ဟော့ဟော့ နဲ့ စကီလေးတွေ ဝိုင်းနေတဲ့သူ ဖြစ်ချင်စိတ်မျိုးကတော့ လူတိုင်းမှာ ရှိခဲ့ကြမယ် ထင်ပါတယ် Neil နဲ့ Gilbert တို့ကလည်း သူတို့ရဲ့ အရှုံးသမားဘ၀ကြီးကို စိတ်ပျက်လွန်းကြပြီး ပေါ်ပြူလာ ဖြစ်ချင်ကြပါတယ်။ ဒါ့အပြင် Neil မှာ Summer ဆိုတဲ့ crush လေးကလည်း ရှိနေပြန်ပါတယ်။ သို့ပေမယ့် Summer နဲ့ နီးစပ်ဖို့ဝေးစွ ငနဲသားဟာ တစ်ခါမှတောင် စကားသွားမပြောဖူးပါဘူး ရှေ့တစ်ပတ်ထဲမှာ Summer လုပ်မယ့် မွေးနေ့ပါတီပွဲလေးကိုလည်း Neil တစ်ယောက် အရမ်းသွားချင်နေခဲ့တယ်။ ဒီလိုအဖြစ်မျိုးတွေကနေ Neil အတွက်တော့ ...
movie
Supercool (2021)
2021
5.5
Let’s Scare Julie (2019)
Let's Scare Julie--------------------------------အမ်မာဟာ မိဘတွေဆုံးပါးသွားတဲ့အခါ၊အစ်မဝမ်းကွဲဖြစ်သူ တေလာရဲ့အိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။တစ်ညမှာ သူတို့အိမ်ကို၊အစ်မဝမ်းကွဲတေလာရဲ့ အစအနောက်သန်တဲ့သူငယ်ချင်းတွေရောက်လာပြီး၊ အမ်မာနဲ့မိတ်ဆက်စကားပြောရင်း အိမ်ရဲ့မျက်နှာချင်းဆိုင်ကထူးဆန်းတဲ့အိမ်အကြောင်း စကားဆက်မိသွားကြပါတယ်။ အဲ့အိမ်မှာအဖွားကြီးတစ်ယောက်နေထိုင်ခဲ့ပြီး၊သူနေခဲ့တဲ့တစ်လျှောက်လုံးမှာသူ့ကိုဘယ်သူမှမမြင်ဖူးကြောင်း၊ အဲ့အဖွားကြီးကိုမြင်ဖူးခဲ့သူတစ်ယောက်လည်းထူးဆန်းတဲ့ဖြစ်ရပ်ဖြစ်သွားခဲ့ကြောင်း၊အခုအဲ့အဖွားကြီးသေဆုံးသွားပြီမို့အဲ့အိမ်ကို သားအဖနှစ်ယောက် ပြောင်းလာကြောင်း တေလာကပြောခဲ့ပါတယ်။ ညီမဝမ်းကွဲဖြစ်သူအမ်မာကလည်း သူ့အစ်မဝမ်းကွဲ တေလာရဲ့အဖေမှာ အဲ့အိမ်ရဲ့သော့ရှိကြောင်းပြောပြလိုက်ပြီး၊တေလာနဲ့သူ့သူငယ်ချင်းတွေဟာ အဲ့အိမ်ကိုပြောင်းလာတဲ့ ကလေးမလေး ဂျူလီတစ်ယောက်တည်းရှိနေချိန် ခိုးဝင်ပြီး၊ခြောက်လှန့်နောက်ပြောင်ဖို့ အကြံရလိုက်တဲ့အခါ... Translated by : Pyi T NyeinEncoded by ; YKFile Size : 1.5GB and 689MBQuality : 1080p BluRay and 720pSubtitles : Myanmar Hardsub
movie
Let’s Scare Julie (2019)
2019