Channel Myanmar

Nurtyas Yunianto

Leave a Letter to God /  Titip Surat Untuk Tuhan (2024) 7.1
Leave a Letter to God / Titip Surat Untuk Tuhan (2024) Titip Surat Untuk Tuhan 2023 အညွှန်း"ဘုရားရှင်ကို ဘယ်မှာတွေ့လို့ရမလဲ" "မင်း နှလုံးသားထဲမှာ"တူလု့စ် အသက်က ၇ နှစ်။ အဖေရယ် အမေရယ် အစ်မတစ်ယောက်ရယ် မိသားစုလေးမှာ မချမ်းသာပေမဲ့ ညတိုင်းတီဗီလုရတာက လွဲရင် သူတို့မိသားစုလေးက အတော်ပျော်ဖို့ ကောင်းပါသည်။ မနက်တိုင်း မိသားစုလိုက် ဘုရားဝတ်ပြုချိန်မှာတော့ တူလု့စ်က အိပ်ပျော်နေတာ များသည်။အေးချမ်းနေတဲ့ တူလု့စ်တို့မိသားစုရဲ့ စိတ်မအေးချမ်းစရာ နေ့ရက်တွေက အစ်မဒင်ဒါ နေမကောင်းဖြစ်ရာက စသည်။ ဒင်ဒါ့အခြေအနေက ဆိုးသထက်ဆိုးလာတာမို့ ဆေးရုံတက်ဖို့၊ ခွဲစိတ်ဖို့က မလုပ်လို့ မဖြစ်ပါ။ သာမန်ဝန်ထမ်းအဖေရဲ့ လစာက မလောက်မင၊ အပိုအလျှံဆိုတာ မရှိပြန်တာမို့ မိဘတွေက ဆေးရုံစရိတ်အတွက် ပူပန်ရုန်းကန်လာရသည်။တူလု့စ်မှာလည်း နေမကောင်းဖြစ်နေတဲ့ အစ်မနဲ့ တကျက်ကျက် ရန်ဖြစ်လာတတ်တဲ့ မိဘတွေကို ကြည့်ရင်း အရင်လို မပျော်ရွှင်နိုင်တော့။ ဒီလိုနဲ့ နေ့တိုင်း၊ ဘုရားဝတ်ပြုတိုင်း ဆုတောင်းပြုခဲ့သည့် ဘုရားရှင်ထံလိပ်မူပြီး စာတစ်စောင် ပို့ခဲ့သည်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su ...
movie

Leave a Letter to God / Titip Surat Untuk Tuhan (2024)

2024
Dunia Tanpa Suara (2023)
Dunia Tanpa Suara (2023) Dunia Tanpa Suara 2023အခုတစ်ခါမှာတော့ Amazon Prime ကနေအသစ်ထွက်ရှိထားတဲ့ အင်ဒိုရိုမန့် အချစ်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်အနေနဲ့က မကြာသေးခင်ကမှ ဟောလီးဝုဒ်နာမည်ကြီး‌တွေဖြစ်တဲ့ ဂျူလီယာရောဘတ်၊ ဂျောဂ်ျကလူးနီတို့နဲ့အတူ "Ticket to Paradise " ဇာတ်ကားမှာဟောလိဝုဒ် debut လုပ်ထားတဲ့ အင်ဒိုမင်းသားချော Maxime Bouttier ကအဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အာရီဆာဟာ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်ပါ။ အီဇရာကတော့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး အာရီဆာကို မြင်မြင်ချင်းမှာပဲ ချစ်မိသွားတဲ့သူပေါ့။ သူ့ခင်ဗျာ အာရီဆာနဲ့ စကားပြောနိုင်ဖို့ လက်ဟန်ဘာသာစကားတွေပါ ကြိုးစားသင်ယူနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ အာရီဆာရဲ့ မိခင်မှာ စင်ကယ်မားသားတစ်ယောက်အနေနဲ့ တစ်ဦးတည်းသောသမီးကို ပြုစုပျိုးထောင်ခဲ့ရတဲ့သူပါ။ သမီးဖြစ်သူကို သူ့လိုအဖြစ်မျိုး မကြုံမိစေချင်တာကြောင့် သူ့သမီးနဲ့ပတ်သက်လာရင် အမြဲတမ်းတင်းကြပ်တတ်တဲ့သူတစ်‌ယောက်ပေါ့။ဒီလိုနဲ့ အီဇရာဟာ အာရီဆာအပေါ် ခဏတာခံစားချက်သက်သက်ပဲလား သူ့အမေကန့်ကွက်တဲ့ကြားထဲက တကယ်ပဲအာရီဆာကို မေတ္တာသက်ဝင်နေလားဆိုတာကိုတော့ မပြည့်စုံတဲ့လူနှစ်ယောက်ကြား ပြည့်စုံလှပတဲ့ချစ်ခြင်းတစ်ခုကို ဘယ်လိုဖော်ကြူးမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်။) File size…1.24GB / 556MB Quality…1080p AMZ WEB DL ...
movie

Dunia Tanpa Suara (2023)

2023