Channel Myanmar

Nour Al-Ghandour

Honeymoonish (2024) 5.5
Honeymoonish (2024)  ၂၀၂၄ ဧပြီလ ၃၀ ရက်ကမှထွက်ရှိထားတဲ့Honeymoonish ဆိုတဲ့ရုပ်ရှင်ကတော့ကူဝိတ်အချစ်ဟာသဇာတ်လမ်းချိုချိုလေးဖြစ်ပါတယ်။ကူဝိတ်ရုပ်ရှင်ဆိုပေမယ့် Netflix က ထုတ်လုပ်ပေးထားပြီး လက်ဘနွန်နိုင်ငံရဲ့လှပတဲ့ရှု့မျှော်ခင်းပေါင်းများစွာကိုထည့်သွင်းရိုက်ကူးထားပါတယ်။ကူဝိတ်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့Nour Al Ghandour နဲ့ Mahmoud Boushahri တို့ကအဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း*************** ဇာတ်လမ်းနာမည်အတိုင်း ပျားရည်ဆမ်းခရီးဆိုတာဟာပုံမှန်အားဖြင့် ချစ်သူနှစ်ဦးအတွက် ပျားရည်လိုချိုမြိန်မှုတွေပြည့်နှက်နေတဲ့ခရီးတစ်ခုလိုမှတ်ယူထားကြပေမယ့် နောနဲ့ဟာမတ်အတွက်တော့မဟုတ်ခဲ့ပါဘူး။ ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ်တဲ့ဟာမတ်ဟာ ကုမ္ပဏီပိုင်ရှင်ဖခင်က မြေးရအောင်မလုပ်ပေးနိုင်ရင် အမွေမပေးဘူးလို့ဆိုတာကြောင့်အချိန်တိုအတွင်း သတို့သမီးတစ်ယောက်ကိုအမြန်ရှာနေသူဖြစ်ပါတယ်။ နောကတော့ ချစ်သူက သစ္စာဖောက်ပြီးမိန်းမယူသွားတာကြောင့် ချစ်သူကိုလက်စားချေဖို့ အမြန်ဆုံးလက်ထပ်ချင်နေသူတစ်ယောက်ပါ။ ရည်ရွယ်ချက်တူတဲ့ဟာမတ်နဲ့နောဟာသူငယ်ချင်းလင်မယားနဲ့ချိတ်ဆက်ပေးမှုကတစ်ဆင့်အမြန်ဆုံးမင်္ဂလာဆောင်ပြီး လက်ဘနွန်ကို ပျားရည်ဆမ်းခရီးထွက်လာခဲ့ကြပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက်ဘာမှမသိကြတဲ့ဟာမတ်နဲ့နောရဲ့ပျားရည်ဆမ်းခရီးဟာ ချိုမြိန်ရမယ့်အစား ခါးသက်တဲ့အရာတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြရပါတော့တယ်။ File size…1.77GB / 869MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Honeymoonish (2024)