Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Norman Reedus
6.7
Blade II (2002) Blade 2
Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။ File size…(9.2 ...
movie
Blade II (2002) Blade 2
4K HEVC
5.6
Sunlight Jr. (2013)
မလီဆာနဲ့ရစ်ချီတို့ဟာ လက်မထပ်ပဲအတူနေချစ်သူတွေဖြစ်ပြီးအညံ့စားမိုတယ်လေးတစ်ခုမှာငှားနေကြပါတယ်။ မလီဆာက စတိုးဆိုင်အရောင်းစာရေးလုပ်ပြီး ရစ်ချီကတော့ မတော်တဆမှုကြောင့် ဘီးတပ်ကုလားထိုင်ကမထနိုင်ပဲ တောက်တိုမယ်ရပစ္စည်းလေးတွေပြင်တာ၊အစိုးရကပေးတဲ့ မသန်စွမ်းထောက်ပံ့ကြေးလေးတွေနဲ့ရပ်တည်နေရတာပါ။မလီဆာကိုယ်ဝန်ရှိလာချိန်မှာတော့ ရောက်လာမယ့်ရင်သွေးလေးအတွက် နှစ်ယောက်သားအပျော်ကြီးပျော်နေခဲ့ပေမယ့် ယိုင်နဲ့နဲ့သူတို့ဘ၀လေးကို ပြိုလဲစေမယ့် ဖြစ်ရပ်တွေကြုံလာရတဲ့အခါ..။ Naomi Watts နဲ့ Matt Dillon တို့လိုထိပ်သီးသရုပ်ဆောင်ကြီးတွေအပြိုင်ကြဲထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.35GB)/(640MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Sunlight Jr. (2013)
7.1
The Bikeriders (2024)
Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင်ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကိုအလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။The Bikeriders မှာတော့ မင်းသားကြီး Tom Hardy,ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီးJodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့The Bikeriders photo book ကို မှီငြမ်းထားတယ်လို့သိရပါတယ်။ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်ကအဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက်ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကိုဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်းတစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။ File ...
movie
The Bikeriders (2024)
The Boondock Saints II: All Saints Day (2009)
ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ်သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ် File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Boondock Saints II: All Saints Day (2009)
The Boondock Saints (1999)
ဒီတစ်ခါမှာတော့ IMDB 7.7/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Spider Man ထဲက လူဆိုးကြီးနော်မန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe နဲ့ Walking Dead ထဲက မင်းသားNorman Reedus ကလည်း ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ် ဒီဇာတ်လမ်းလေးကတော့ ကော်နာနဲ့မာဖီဆိုတဲ့အိုင်းရစ်လူမျိုးကတ်သလစ်ဘာသာကိုးကွယ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ တစ်ရက်မှာ မထင်မှတ်ပဲဂိုဏ်းစတားနှစ်ယောက်ကိုသတ်မိသွားတယ် ဥပဒေကလည်း မကောင်းတာလုပ်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ သူတို့နည်းသူတို့ဟန်နဲ့ ထိုလူမိုက်တွေကိုအပြစ်ပေးပါတော့တယ် သူတို့ကို ဘုရားသခင်က ဒီမြို့ကြီးကို သန့်စင်ပေးဖို့ တာဝန်ပေးထားတယ်လို့မှတ်ယူပြီး လူဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းသုတ်သင်ပါတော့တယ် သူတို့ရဲ့အမှုတွေကို အရမ်းတော်တဲ့ FBIအေးဂျင့် ပေါလ်စမတ်ကာက ဦးဆောင်စုံစမ်းဖို့တာဝန်ကျပါတယ် အရမ်းတော်တဲ့စုံထောက်ကပဲ ဖမ်းနိုင်မလား ဇာတ်လိုက်ညီအစ်ကိုနှစ်ယောက်ကပဲ သုတ်သင်မှုတွေကိုဆက်လုပ်နိုင်မလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(909 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Boondock Saints (1999)
6.5
Stretch (2014)
ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်တွေကလည်း Patrick Wilson,Chris Pineနဲ့ Jessica Albaဆိုတော့ ရှယ်ပါပဲ။ RatingတွေကIMDb 6.5နဲ့ RT 88%ပါ။ LAမှာ သူဌေးတွေပဲစီးနိုင်တဲ့ ဇိမ်ခံကားအကောင်းစားကြီးမှာ ဒရိုက်ဘာလုပ်နေတဲ့ ကယ်ဗင်တစ်ယောက်ရည်းစားကပစ်၊ အလုပ်က အဆင်မပြေ၊ ဖဲကြွေးက တပုံတပင်နဲ့ဒိုင်တွေဓါးကြိမ်းကြိမ်းတာကို ခံနေရတဲ့အချိန် မမျှော်လင့်ထားဘဲဘီလျံနာ သူဌေးတစ်ယောက်အတွက် အငှားယာဉ်မောင်းလိုက်ပြီးတင်နေတဲ့ဖဲကြွေးတွေကို အကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။ဒါပေမဲ့ သူ့ရဲ့clientသူဌေးက နောက်ကြောင်းတွေအပြည့်နဲ့ သူဌေးဖြစ်နေတဲ့အခါ ကယ်ဗင်တစ်ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝရောက်သွားပါတော့တယ်။ File size…1.42GB / 642MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Stretch (2014)
5.9
Pawn Shop Chronicles (2013)
Genre – Action, Comedy, Crime IMDB – 5.9/10Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်မထင်ပါနဲ့Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး(နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ်မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။ကဲ ဇာတ်လမ်းအကြောင်းပြောမယ်…ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီးထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများဟုတ်တယ် ဒီ ...
movie
Pawn Shop Chronicles (2013)
2013
7.0
8MM(1999)
8MM(1999)***********အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့်မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်...မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစားရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့်ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာမကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာမီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကိုရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ်စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာသိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီးဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာအစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ...
movie
8MM(1999)
6
Mimic (1997)
Mimic (1997)~ IMDb - 6/10, Rotten Tomatoes - 64% ~ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက ...
movie
Mimic (1997)
1997
7.8
American Gangster(2007)
American Gangster(2007) ************************ IMDB...7.8,,,Rotten...87% Denzel Washington နဲ့ Russell Crowe တို့ အပြိုင်ကျဲထားတဲ့ဒီကားကြီးဟာ ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်ကိုထည့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန် နိုင်ငံရဲ့ ကာလကို အခြေတည်ရိုက်ထားတဲ့ဒီဇာတ်ကားက သုံးနာရီနီးနီးလောက်ကြာမြင့်ပေမယ့် ဘယ်လိုမှငြီးငွေ့မသွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါးဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတယ်။ ဖရန့်က ဂန်စတားအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်....အဲ့ဒီခေတ်များဆီက ဖရန့်တို့အဖွဲ့ဟာ အင်အားကြီးလွန်းတယ်....ဖရန့်ဟာ အဓိကသော့ချက်ပေါ့... လူမိုက်ဆိုပေမယ့် အားလုံးကိုဉာဏ်ကိုလွှာသုံးလေ့ရှိတယ်...ရဲတွေကိုလည်း အိပ်ကပ်ထဲထည့်ထားတတ်သလို အတားအဆီးတွေကိုလည်း ဖယ်ရှားတဲ့နေရာမှာ လက်ရွံနေလေ့မရှိဘူး....ပြောရရင် ဖရန့်တို့အဖွဲ့ကိုထိရဲတဲ့သူတောင်မရှိဘူးဆိုရမယ်... ဒီအချိန်မှာပဲ အခြားရဲတွေနဲ့မတူတဲ့အမှတ်တရားကိုမြတ်နိုးတဲ့ Richie Roberts တစ်ယောက်ရှိလာခဲ့တဲ့အချိန်မှာတော့... ဒီကားက အတော်များများလည်းကြည့်ပြီးလောက်ပြီ..ဒါပေမယ့် ပြန်လည်ခံစားလည်း တကယ့်ကိုရသမြောက်လွန်းတယ်... ဒန်ဇယ်ရဲ့ အကောင်းဆုံးဆိုတာထက် ဒီဘက်ခေတ်ရုပ်ရှင်အဆင့်အတန်းတွေနဲ့ တန်းယှဉ်နိုင်ဆဲပဲ.....File Size…(3.5GB)(1.3GB)&(618MB) Quality… Blu-Ray 720p Format…mp4 Duration…02:37:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by..Chan Myae Thu Aung
movie
American Gangster(2007)
2007
6.1
Vacation (2015)
ဒါကတော့ Comedy ဇာတ်ကဟောင်းလေးပဲဖြစ်ပါတယ်။ကြည့်ဖူးတဲ့သူတွေလည်းရှိမှာပါ။မိသားစုတစ်သိုက် ခရီးထွက်ရင်းအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တာကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်မင်းသားကလည်း Hangover ထဲမှာပါဝက်ခဲ့တဲ့ Ed Helms ပဲဖြစ်ပါတယ်။ဒါ့အပြင် Thor မင်းသား Chris Hemsworthပာဝင်ပြောင်ထားပာသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုတွင်းသိပ်မနွေးထွေးတာကိုတွေ့နေရတဲ့ ဖခင်ဖြစ်သူ လေယာဉ်မှူးတစ်ယောက် နွေရာသီအားလပ်ရက်မှာမိသားစုလိုက် Road Trip ထွက်မယ်ဆိုတာကစတာပါပဲ။လမ်းတျောက်လျောက် စထွက်ကတည်းကကိုတက်လိုက်တဲ့ပြသနာတွေဟာ ခရီးဆုံးထဲထိကိုမပြီးပါဘူး။အရင်က Comedy ဇာတ်ကားဟောင်းတွေကိုကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 39min Format : Mp4 Genre : Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie
Vacation (2015)
2015