Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Norman R Akyuwen
7.0
Hamka & Siti Raham Vol. 2 (2023)
အပိုင်း ၁ တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံကျော်စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ခေါ်ကလောင်နာမည် ဟမ်ကာရဲ့ဘ၀ဇာတ်ကြောင်းအပိုင်း ၂ ဖြစ်တဲ့Hamka & Siti Raham ကိုတင်ဆက်ပေးလိုက်ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းပြီးအရမ်းကျယ်ပြန်လွန်းတဲ့အတွက် အပိုင်း ၂ အနေနဲ့ဆက်လက်ထွက်ရှိလာတာပဲဖြစ်ပါတယ်။အပိုင်း ၁ ကြည့်ပြီးသားသူတွေဆိုရင်တော့ များများစားစားနောက်ကြောင်းပြန်နေစရာမလိုပေမဲ့ အကျဉ်းချုပ်အနေနဲ့ကတော့ ဟမ်ကာဆိုတဲ့လူက ဂျာကာတာမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ သူ့နာမည်ကို ပေးထားရလောက်တဲ့အထိ လူအထင်ကြီးလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်သူ့သူရဲကောင်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပိုင်း ၂ ရဲ့ အစမှာတော့ ဟမ်ကာတစ်ယောက် ဘ၀အချိုးအကွေ့များစွာနဲ့ကြုံတွေ့လာရပြီးနောက် ၁၆၄၇ ခုနှစ်မှာဒတ်ချ်ကအင်ဒိုနီးရှားနိုင်ငံကိုကျူးကျော်လာတဲ့ အချိန်မှာတော့ ကလောင်ကိုင်တဲ့လက်က လက်နက်ကိုင်တဲ့တော်လှန်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံကိုကာကွယ်ဖို့ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာတော့ ငြိမ်းချမ်းရေးရသွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာသူတို့မိသားစုဂျာကာတာကို ပြောင်းရွှေ့ပြီးဘာသာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြောင်းတွေအပြင် အလ္လာကိုချစ်မြတ်နိုးပြီး အမှန်ကိုအမှန်အတိုင်းရေးသားတတ်တဲ့ စာပေသမားတစ်ယောက်ဖြစ်တဲ့အခါမှာ အခန့်မသင့်စွာနဲ့ပဲ ထောင်ကျသွားခဲ့ပြီး နှိပ်စက်မှုတွေခံခဲ့ရပုံတွေနဲ့ အလ္လာရဲ့ခွန်အားကိုတောင်းခံပြီး ရှေ့ဆက်တိုက်ခိုက်ရမဲ့တိုက်ပွဲပေါင်းများစွာကို ရဲရဲရင့်ရင့်တိုက်ခိုက်သွားပုံတွေကိုစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမဲ့ အတ္ထုပတ္တိဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File ...
movie
Hamka & Siti Raham Vol. 2 (2023)
7.9
27 Steps of May (2019)
27 Steps of May (2019)ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ ...
movie
27 Steps of May (2019)
2019
Senzano Savana (2023)
Senzano Savana (2021)ဒီတစ်ခါမှာတော့ Crime, Drama အမျိုးအစား အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကား တင်ဆက်ပေးပါ့မယ်။ Senzano က ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာ မိခင်နဲ့အတူတူ ကမ်းခြေမှာ အခြေချနေထိုင်ပြီး ကြေးစားအလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။သူက ကြေးစားဘဝမှာ ကျင်လည်နေပေမယ့် သူ့ရည်းစားဟောင်း Savana ကို စိတ်ထဲမှာ အမြဲရှိနေပြီးတော့ တစ်နေ့ သူတို့ပြန်တွေ့တဲ့အချိန်မှာ Savana က သားလေးတစ်ယောက်နဲ့ Single Mother ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ Senzano ရဲ့ သူဌေးက နောက်ဆုံးအလုပ်အနေနဲ့ ပိုက်ဆံနှစ်ဆပေးပြီး လူတစ်ယောက်ကို သတ်ပေးဖို့ပြောတဲ့အခါမှာ သတ်ပေးရမယ့်သူက သူ့ရည်းစားဟောင်း Savana ဖြစ်နေတာကို သိလိုက်ရပါတယ်။ သံယောဇဉ်လက်ကျန်တွေရှိနေတဲ့ ရည်းစားဟောင်းနှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality…. 1080p | 720p File size… 748MB | 310MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar ...
movie
Senzano Savana (2023)
6.9
Marlina the Murderer in Four Acts (2017)
၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Marlina the Murderer in Four Acts ဆိုတဲ့လူသတ်သမား မာလီနာအကြောင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.9 အထိရရှိထားပြီး အင်ဒိုရုပ်ရှင်ဇာတ်ကားတွေထဲမှာတော်တော်လေး လက်စွမ်းပြထားနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ လူသတ်သမားမာလီနာအကြောင်းကိုအပိုင်းလေးပိုင်းခွဲပြီး ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်မာလီနာက ဘာလို့လူသတ်သမားဖြစ်နေရလဲဆိုတာကတော့ မာလီနာယောက်ျားဆုံးပါးသွားပြီး သူ့အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာယောက်ျား ၇ ယောက်လောက်က သူ့အိမ်ကိုလာပြီးတော့ နိုင်ထက်စီးနင်းလုပ်ပါတော့တယ်။အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလဲယူတဲ့အပြင်အတင်းအဓမ္မပြုကျင့်ဖို့ပါ ကြိုးစားကြပါတော့တယ်။အဲ့ဒါနဲ့ အဓမ္မပြုကျင့်မခံချင်တဲ့ မာလီနာလည်း အဲ့ဒီယောက်ျားတွေထဲက ငါးယောက်ကိုသတ်ခဲ့ပါတော့တယ်။အဲ့လို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့မာလီနာက ရဲစခန်းမှာတိုင်ချက်ဖွင့်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။မသေပဲကျန်ခဲ့တဲ့လူနှစ်ယောက်ကလည်း မာလီနာ့ကိုလိုက်ရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.18GB / 531MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Thriller , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Marlina the Murderer in Four Acts (2017)
5
Deadly Love Poetry(2022)
IMDb Rating/(5.0)Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွလေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကားလုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ ...
movie
Deadly Love Poetry(2022)
6.5
Foxtrot Six(2020)
Foxtrot Six(2019)(unicode)IMDB – 6.5 အင်ဒိုနီရှား ဇာတ်ကားတွေကို မကြည့်ဖြစ်တာများပေးမယ့် ဒီဇာတ်ကားကိုတော့ အထင်ကြီးမိပါတယ် ရုပ်ရှင်အတွင်းအသုံးပြုခဲ့တဲ့ နည်းပညာတွေ စစ်ဝတ်စုံဒီဇိုင်းတွေက ပုံမှန်စစ်ကားတွေမှာသုံးတဲ့ ဝတ်စုံဒီဇိုင်းနဲ့နည်းနည်းကွာခြားနေပါတယ် Sci-fi ပိုင်းတွေပါပေမယ့်effect တွေကိုလွန်ရောကျွံရော သုံးထားတာမဟုတ်တဲ့အချက်ကလည်းဒီဇာတ်ကားရဲ့ဆွဲဆောင်မှုထဲကတစ်ခုလို့ထင်မြင်မိပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက တော့ The Raid ဇာက်ကားမှာ Eka အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား OKA ANTARA ကအဓိကဇာတ်ရုပ်အဖြစ်ပါဝင်ထားပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီးမင်သမီးချောလေး AURELIE MOEREMANS ကလည်းပါဝင်အားဖြည့်ပေးထားပါတယ် ဇာတ်လမ်းအကျဉ်းက တော့ ၂၀၃၁ ကိုအခြေခံထားပြီး တစ်ကမ္ဘာလုံး အစာငတ်မှုဘေးနဲ့ ကြုံတွေ့နေရပါတယ် အင်ဒိုနီရှား လူငယ်သမ္မတလေးဟာ သူ့လက်ထက်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အစားအသောက်ခြင်းကြီး တစ်နည်း ထုတ်လုပ်တဲ့နေရာဖြစ်ရမယ်ကြွေးကြော်ခဲ့ပေမယ့် အာဏာရှိလူထုတစ်သိုက်ကြောင့် နေရာဖယ်ပေးခဲ့ပါတယ် အစာငတ်မွတ်မှု အစိုးရရဲ့နှိပ်စက်မှုတွေကြောင့် ပြည်သူလူထုရဲ့ အယုံအကြည်ယုတ်လျော့လာချိန်မှာတော့ THE REFORM ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ပြည်သူတွေကို အစားအစာလုံလောက်ပေးမယ်လို့စည်းရုံးမှုကြောင့်အားကောင်းလာခဲ့ပါတယ် အဲ့အချိန်မှာ စစ်အရာရှိဝန်ထမ်းဟောင်း ...
movie
Foxtrot Six(2020)
6.1
Suzzanna: Buried Alive (2019)
Suzzanna Buried Alive ဆိုတဲ့ ၂၀၁၈ ထွက် Indo ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။Drama, Thriller အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 6.5 ရရှိထားပါတယ်။အင်ဒိုနီးရှား တစ္ဆေပုံပြင်တွေထဲမှာပါပါနေတဲ့ Sundel bolong ဆိုတဲ့ ကိုယ်ဝန်ဆောင် သရဲအကြောင်း ဇာတ်လမ်းတစ်ပုဒ်ပါ။ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိစ္စနဲ့ ခင်ပွန်းဖြစ်သူ အဝေးရောက်နေချိန်မှာ Suzzanna တစ်ယောက် သူ့အိမ်ကို ဝင်ခိုးတဲ့သူတွေနဲ့ တွေ့မိပြီးဝင်ခိုးတဲ့သူတွေက မတော်တဆ သတ်မိရာက Sundel bolong တစ်ကောင်ဖြစ်လာပြီး သူ့နဲ့ သူ့ရဲ့ကလေးကို အသက်ဆုံးရှုံးစေခဲ့တဲ့သူတွေကို ပြန်ပြီးလက်စားချေတာပါ။သူ့ကိုသတ်မိတဲ့သူတွေကလည်း ပယောဂဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကိုတားဆီးဖို့ ကြိုးစားကြပါတယ်။Suzzanna ရဲ့ခင်ပွန်းဖြစ်သူလည်း ခရီးကပြန်လာပြီး ဇနီးသည်နဲ့တွေ့တဲ့အခါမှာ အရင်လိုမဟုတ်တော့တဲ့ ဇနီးသည်နဲ့ ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့ ကြည့်လိုက်ပါတော့ဗျာ။ (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (950 MB) and (450 MB) Quality : NF ...
movie
2019